စံထားရသော ပညာရေးစနစ်ဆိုသည်မှာ

စံထားရသော ပညာရေးစနစ်ဆိုသည်မှာ

          ဒီတစ်ပါတ်မှာတော့ Academic Weekly စာဖတ်ပရိတ်သတ်အတွက် အကောင်းဆုံး ပညာရေးစနစ် အဆင့်သတ်မှတ်ချက်များမှာ နှစ်စဉ်နှစ်တိုင်းလိုလို ထိပ်ဆုံးက ပါလေ့ရှိတဲ့ ဖင်လန်(Finland) နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်းကို မိတ်ဆက်သဘောမျိုး ဖော်ပြပေးပါ့မယ်။ ပညာရေးစနစ်ကြီးတစ်ခုလုံးကို လေ့လာဖို့ ဆောင်းပါးတစ်ပုဒ်တည်းနဲ့ မလုံလောက်တဲ့အတွက် သူတို့ ဘာကြောင့် ထိပ်တန်း ရောက်ရလဲ၊ သူတို့ ဘယ်လိုစနစ်တွေ ကျင့်သုံးကြလဲဆိုတာကိုပဲ ပြန်လည်ဖော်ပြပေးပါ့မယ်။ မူရင်း ဆောင်းပါးကို ၂၀၁၁ - ၁၂ ပညာသင်နှစ်တုန်းက ရေးခဲ့တာဖြစ်တဲ့အတွက် ယနေ့အခါမှာတော့ ပိုမို ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားမှာကတော့ မလွဲမသွေပါပဲ။
          (၁) ဖင်လန်နိုင်ငံက ကလေးများဟာ အသက် (၇) နှစ်မပြည့်မချင်း ကျောင်းမနေရပါဘူး။
          (၂) အခြားနိုင်ငံများရဲ့ ပညာရေးစနစ်တွေနဲ့ယှဉ်ရင် ဆယ်ကျော်သက်အရွယ်ရောက်မှ စာမေးပွဲဖြေဆိုရခြင်းနဲ့ အိမ်စာပြုလုပ်ရခြင်းများရှိပါတယ်။
          (၃) အသက်(၆)နှစ်အရွယ်မတိုင်ခင်ထိ ပညာရေး ပေတံနဲ့ တိုင်းတာခြင်းမခံရပါဘူး။ တစ်နည်းအားဖြင့် အဆင့်သတ်မှတ်ချက်များ၊ တော်၏ ညံ့၏ခွဲခြားမှုများ မရှိဘူး လို့ ဆိုလိုပါတယ်။
          (၄) ဖင်လန်အစိုးရက သတ်မှတ်ပြဌာန်းထားတဲ့ စာမေးပွဲကိုတော့ အသက် (၁၆)နှစ် အရွယ်ရောက်မှ ဖြေဆိုကြ ရပါတယ်။
          (၅) ကျောင်းသားများအနေနဲ့ စာတော်သည်ဖြစ်စေ ၊ ညံ့သည်ဖြစ်စေ တူညီသောစာသင်ခန်းများမှာပဲ သင်ကြားကြ ရပါတယ်။
          (၆) တစ်နိုင်ငံလုံးရဲ့ ကျောင်းသား၊ ကျောင်းသူ ၆၆ ရာခိုင်နှုန်းဟာ တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူ ခွင့် ရကြပါတယ်။ ဥရောပမှာ အမြင့်ဆုံးသော စံချိန်ပါပဲ။
          (၇) အတော်ဆုံးကျောင်းသားနဲ့ အားအနည်းဆုံး ကျောင်းသားကွာခြားချက်ကလည်း တစ်ကမ္ဘာလုံးမှာ အနည်းဆုံး ဖြစ်ပါသတဲ့။
          (၈) သိပံ္ပလက်တွေ့သင်ခန်းစာများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသား ၁၆ ယောက် တစ်ဖွဲ့ စီ ဖွဲ့စည်းပေးထားကြပါတယ်။
          (၉) ဖင်လန်ကျောင်းသား ၉၃ ရာခိုင်နှုန်းဟာ အထက်တန်းပညာရေးပြီးဆုံးကြပါတယ်။ အမေရိကန် ပြည်ထောင်စုထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်း ပိုများပါတယ်။
          (၁၀) အထက်တန်းကျောင်းသားအားလုံးရဲ့ ၄၃ ရာခိုင်နှုန်းဟာ အသက်မွေးဝမ်းကျောင်း အတတ်ပညာသင် ကျောင်းများကိုလည်း တက်ရောက်လေ့ရှိကြပါတယ်။
          (၁၁) အမေရိကန်အလယ်တန်းကျောင်းသား များအတွက် တစ်နေ့မှာ ကျောင်းရပ်နားချိန် ၂၇ မိနစ်ခန့်သာ ရှိသော်လည်း ဖင်လန်ကျောင်းသားများအဖို့ ၇၅ မိနစ် ရရှိကြ ပါတယ်။
          (၁၂) ကျောင်းဆရာ၊ ဆရာမများအဖို့ တစ်နေ့မှာ ၄ နာရီသာ သင်ကြားရပြီး တစ်ပါတ်မှာ ၂ နာရီခန့် သက်ဆိုင်ရာ ဘာသာရပ်တိုးတက်ရေးကို လုပ်ဆောင်ကြပါတယ်။
          (၁၃) ဖင်လန်နိုင်ငံရဲ့ ဆရာအင်အားဟာ အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့က ဆရာအင်အားလောက်သာ ရှိပါတယ်။ ကျောင်းသားအင်အားကတော့ နယူးယောက်မှာ ၁ ဒသမ ၁ သန်းရှိပေမယ့် ဖင်လန်နိုင်ငံမှာ ၆ သိန်းခန့်သာရှိ ပါတယ်။
          (၁၄) ပညာရေးရန်ပုံငွေအတွက် ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံကြပါတယ်။
          (၁၅) အနည်းဆုံး မဟာဘွဲ့ယူထားသူများ ကိုသာ ဆရာ အဖြစ်ခန့်အပ်ပါတယ်။
          (၁၆) ကျယ်ပြန့်တဲ့ အမျိုးသားပညာရေး သင်ရိုး ညွှန်းတန်းကို ပြဌာန်းထားကြပါတယ်။
          (၁၇) မဟာဘွဲ့ရယူထားသူတွေထဲက အတော်ဆုံး ၁၀ ရာခိုင်နှုန်းကို ဆရာများအဖြစ် ရွေးချယ်ခန့်အပ်ပါတယ်။
          (၁၈) မူလတန်းပြ အဖြစ်လျှောက်ထားသူ ၂ သန်းကျော်ထဲမှ ၆၆၀ ခန့်ကိုသာ ခန့်အပ်တာဝန်ပေးပါတယ်။
          (၁၉) ဖင်လန်နိုင်ငံက ကျောင်းဆရာတစ်ယောက်အဖို့ အလုပ်စဝင်ဝင်ချင်းလစာဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ ၂ သောင်း ၉ ထောင်ရရှိပါတယ်။ အမေရိကန်ကတော့ ဒေါ်လာ ၃ သောင်း ၆ ထောင် ပေးပါတယ်။
          (၂၀) ဒါပေမယ့်လည်း အထက်တန်းပြလုပ်သက် ၁၅ နှစ်ရှိတဲ့ ဆရာတစ်ယောက်ဟာ တခြားဘွဲ့ရ တစ်ယောက် ထက် ၁၀၂ ရာခိုင်နှုန်း ပိုပါသတဲ့။
          (၂၁) ဆရာ၊ ဆရာမများအတွက် ရာထူးတိုးမြှင့်ပေးခြင်းမရှိပါဘူး။ တစ်နည်းအားဖြင့် ရာထူးတိုး ခေါ်တဲ့စနစ်မရှိဘူးလို့ဆိုလိုပါတယ်။
          (၂၂) ဖင်လန်နိုင်ငံမှာ ကျောင်းဆရာတစ်ယောက်ကို ဆရာဝန်တို့ ဥပဒေပညာရှင်တို့နဲ့ တန်းတူ ထားပါတယ်။
          (၂၃) ဖင်လန်နိုင်ငံရဲ့ ကျောင်းသားများဟာ သိပ္ပံဘာသာရပ်၊ စာဖတ်စွမ်းအားနဲ့ သချာၤဘာသာရပ်တို့မှာ တစ်ကမ္ဘာလုံးရဲ့ ထိပ်ဆုံး ဒါမှမဟုတ် ထိပ်ဆုံး နီးနီးမှာပဲ အမြဲရှိ ပါတယ်။
          (၂၄) အမေရိကန်ပြည်ထောင်စုနဲ့ ယှဉ်ရင် ကွာခြားချက်တွေရှိသော်လည်း ပညာရေးဆိုင်စာ လေ့လာမှု စစ်တမ်းတွေမှာတော့ ရင်ပေါင်တန်းနိုင်ပါတယ်။ အိမ်နီးချင်း နော်ဝေး နိုင်ငံကလည်း အမေရိကန်ရဲ့ ပညာရေးစနစ်ကို ကျင့်သုံး ပေမယ့် ပညာရေးမှာ တန်းတူရည်တူ ရပ်တည်နေပါ တယ်။
                                                                                                မောင်တင်
Ref; http://www.businessinsider.com/finland-education-school-2011-12

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး