အာနာပါနကမ္မဌာန်းရှုမှတ်နည်း
~~~~~~~~~~~~~~
☆ အာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိထူထောင်ပြီဆိုလျှင် ဘာလုပ်ရမလဲ?
☆ မိမိရဲ့ ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားပြီး တင်ပလ္လင်ခွေ ထိုင်ပါ၊ အ
ထက်ပိုင်း ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားပြီးတဲ့ အချိန်အခါမှာ မိမိရဲ့
သတိကလေးကို ကမ္မဋ္ဌာန်းသို့ ရှေးရှုတည်နေပါစေ။ ဒီနေရာမှာ ကမ္မဋ္ဌာန်း
ဆိုတာက ဘာကို ကမ္မဋ္ဌာန်းခေါ်သလဲလို့ မေးလျှင်တော့ အာရုံကိုပဲ
ကမ္မဋ္ဌာန်းလို့ခေါ်ပါတယ်။ အာရုံက ဒီနေရာမှာ အာနာပါနဆိုတော့ ဝင်လေ
ထွက်လေ ဖြစ်ပါတယ်။ ဒီဝင်လေထွက်လေကို ဘယ်နေရာကနေ စောင့်
ကြည့်ရမလဲလို့ မေးလျှင်တော့
☆ ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားတဲ့အတွက် ဝင်လေထွက်လေ
ထိထိသွားတဲ့နေရာက စောင့်ပြီး သတိကို ကပ်ပြီး ရှုပွားသုံးသပ်မှ ဒီအာနာ
ပါနဿ တိသမာဓိဘာဝနာသည် ပြည့်စုံနိုင်တယ်လို့ ဒီလို သတ်မှတ်ချက် ပေး
ထားတဲ့အတွက် ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ်
အထက်နှုတ်ခမ်းဖျားဆိုတဲ့ ဒီနှစ်နေရာမှာ တစ်နေရာကနေ စောင့်ကြည့်ရပါ
တယ်။ ဒီလို ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီးတော့ ဝင်လေ ထွက်
လေဆိုတဲ့ အာရုံမှာ သတိကလေးက ရှေးရှုတည်နေပါစေ။ သတိကလေး
ကပ်ထားပါ။ ကပ်ပြီးတော့ ဘာလုပ်မလဲ?
☆ ဝင်လေထွက်လေမှာ သတိမြဲအောင် ကြိုးစားရမယ်။ ဘယ်လောက်အထိ
မြဲရမလဲလို့ မေးလျှင်တော့ အရဟတ္တဖိုလ် ရောက်သည့်တိုင်အောင် မြဲရမယ့်
သဘော ရှိပါတယ်။ မြတ်စွာဘုရားက စတုက္က (၄)ခုနဲ့ ဝင်လေမှာ (၁၆)မျိုး၊
ထွက်လေမှာ (၁၆)မျိုး၊ အားလုံးပေါင်းလိုက်မယ်ဆိုလျှင်တော့ ဝင်လေထွက်
လေမှာ (၃၂)မျိုးသော အခြင်းအရာအားဖြင့် ဟောကြားထား တော်မူပါတယ်။
(ပဋိသံ၊၁၇၄။ ဝိသုဒ္ဓိ၊၁၊၂၆၃။) ဒီ (၃၂)မျိုးသော အခြင်းအရာတွေထဲမှာ ယခု
သတိမြဲရမယ့် နံပါတ် (၁) စတုက္ကကို မြတ်စွာဘုရားက ဘယ်လို ဟောကြား
ထားတော်မူသလဲ?
☆ အသက်ရှူရာမှာ ဝင်သက်လေ ထွက်သက်လေက ရှည်လျှင် ရှည်တဲ့အတိုင်း
သိနေပါ။ ဒါက နံပါတ် (၁)အချက် ဖြစ်ပါတယ်။ နောက် နံပါတ်(၂) အချက်က
တော့
☆ အသက်ရှူရာမှာ ဝင်လေထွက်လေက တိုလျှင်လည်း တိုတဲ့အတိုင်းသိပါ။
ဒီနေရာမှာ ရှည်တယ်ဆိုတာက အချိန်ကြာကြာ ဖြစ်တာ၊ တိုတယ်ဆိုတာက
အချိန်တိုတို ဖြစ်တာကို ဆိုလိုပါတယ်။
☆ ဒီအရှည်, အတိုအဆင့်ကို ဘယ်လို ကူးရမလဲလို့ မေးလျှင်တော့ ရှေးဦးစွာ
များသောအားဖြင့် ဝင်လေထွက်လေအာရုံမှာ သတိကလေး မြဲအောင်တော့
ပထမ ကြိုးစားရပါတယ်။
➙ ➙ ➙
☆ရေတွက်ပေးပါ☆
~~~~~~~~~~~~
☆ ဒီလို ကြိုးစားတဲ့အပိုင်းမှာ အောင်မြင်မှုက မရဘူး။ စိတ်က သိပ်ပြီး
ထွက်နေတယ်ဆိုလျှင်တော့ အဋ္ဌကထာများက ရေတွက်တဲ့နည်းကလေး
တစ်ခုကို အသုံးပြုဖို့ရန် ညွှန်ကြားထားပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)
ဝင်လေထွက်လေ နှစ်ခုပေါင်းကို ‘တစ်’
ဝင်လေထွက်လေ ‘နှစ်’
ဝင်လေထွက်လေ ‘သုံး’
ဝင်လေထွက်လေ ‘လေး’
ဝင်လေထွက်လေ ‘ငါး’
ဝင်လေထွက်လေ ‘ခြောက်’
ဝင်လေထွက်လေ ‘ခုနစ်’
ဝင်လေထွက်လေ ‘ရှစ်’
☆ ဒီလောက်ဆို တော်လောက်ပြီ ဆိုကြစို့၊ တစ်ကနေ ငါးအထိလည်း ရေတွက်
နိုင်ပါတယ်။ တစ်ကနေ တစ်ဆယ်အထိလည်း ရေတွက်နိုင်ပါတယ်။ ငါးထက်
လည်း မနည်းစေနဲ့၊ တစ်ဆယ်ထက်လည်း မပိုစေနဲ့ဆိုပြီး ဒီလို သတ်မှတ်ချက်
တော့ ရှိနေပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)
☆ တစ်ကနေ ရှစ်အထိ ရေတွက်ပြီ ဆိုကြစို့၊ ဒီလို ရေတွက်လိုက်တဲ့ အချိန်အ
ခါမှာ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်ကိုမှ မထွက်စေရဘူးလို့၊ ဒီလိုစိတ်ကို ခပ်တင်းတင်းကလေးထားပြီးတော့ ရေတွက်ပါ၊ မထွက်အောင်လည်း ကြိုး
စားပါ။ နောက်တစ်ခါ တစ်ကနေ ရှစ်အထိ မထွက်စေရဘူး။ နောက်တစ်ခါ
လည်း တစ်ကနေ ရှစ်အထိ မထွက်စေရဘူးလို့ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ
ရေတွက်နေမယ်ဆိုလျှင်တော့ ရေတွက်တဲ့ ဂဏနာနည်းရဲ့ စွမ်းအားကြောင့်
ဝင်လေထွက်လေအာရုံမှာ သတိကလည်း ကပ်ပြီး တည်နေတတ်ပါတယ်။
စိတ်ကလည်း ငြိမ်သွားတတ်ပါတယ်။
➙ ➙ ➙
☆အရှည် - အတိုကို သိအောင် ကြိုးစားပါ☆
~~~~~~~~~~~~~~~~~~~~~~~~~~~~
☆ ဒီလို ရေတွက်ခြင်း ဂဏနာနည်းရဲ့ အကူအညီဖြင့် ဝင်လေထွက်လေ အာရုံ
မှာ ဘာဝနာစိတ်ကလေး ငြိမ်သွားတဲ့ အချိန်အခါမှာ ဝင်လေထွက်လေ ရှည်
လျှင်လည်း ရှည်တဲ့အတိုင်း သိနေပါ၊ တိုလျှင်လည်း တိုတဲ့အတိုင်း သိနေပါ၊
ရေလည်း ရေတွက်နေပါ။ ရှည်တယ်ဆိုတာက အသက်ရှူ နှေးတာကို, တို
တယ်ဆိုတာက အသက်ရှူ မြန်တာကို ပြောလိုရင်း ဖြစ်ပါတယ်။ အသက်ရှူ
နှေးအောင်, အသက်ရှူ မြန်အောင်, ရှည်အောင်, တိုအောင် သက်သက်တော့
မကြိုးစားပါနဲ့။ ကြိုးစားလျှင်တော့ မောသွားတတ်ပါတယ်။ သမာဓိလည်း ပျက်
တတ်ပါတယ်။
☆ ဒီဝင်လေထွက်လေရဲ့ အရှည်, အတိုအာရုံမှာ သတိကလေးက တော်တော်
ကလေးမြဲလာတဲ့ အချိန်အခါမှာ အရှည်, အတိုအာရုံမှာ သတိက ဘယ်
လောက်ကြာကြာ မြဲနေရမလဲလို့ မေးလျှင်တော့ အနည်းဆုံး တစ်နာရီ
လောက် မြဲအောင်တော့ ကြိုစားပါ။ တစ်နာရီလောက် မြဲနေပြီဆိုလျှင် မရေ
တွက်ဘဲ အရှည်, အတိုကို ကူးလျှင်တော့ ပိုကောင်းပါတယ်။ သတိက နည်း
နည်းကလေးပဲ မြဲနေတဲ့အချိန်မှာ မရေတွက်တော့ဘဲ အရှည်, အတိုကို ကူး
လိုက်လျှင် အရှည်, အတိုမှာလည်း စိတ်က မငြိမ်ပြန် ဖြစ်တတ်ပါတယ်။
☆ ဒီ အရှည်, အတိုကို ရှုတဲ့အပိုင်းမှာ ရှည်လျှင် ရှည်တဲ့အတိုင်း သိနေပါ၊ တို
လျှင်လည်း တိုတဲ့အတိုင်း သိနေပါ၊ ရှည်အောင်, တိုအောင်တော့ မကြိုးစား
ပါနဲ့။ ဘယ်လောက်ရှည်သလဲ, ဘယ်လောက်တိုသလဲလို့လည်း လိုက်ပြီးတော့
မတိုင်းပါနဲ့။ အသက်ရှူ နှေးလျှင် နှေးတဲ့အတိုင်း သိနေပါ၊ အသက်ရှူ မြန်လျှင်
လည်း မြန်တဲ့အတိုင်း သိနေပါ။
☆ ဒီဝင်လေထွက်လေ အရှည်, အတိုမှာ စိတ်က တစ်နာရီ နှစ်နာရီ စသည်
ဖြင့် ငြိမ်ပြီး ကပ်သွားပြီဆိုလျှင်တော့ ဘာလုပ်ရမလဲ? ဒီအပိုင်းမှာလည်း
နိမိတ်ပေါ်တတ်ပါတယ်။ သို့သော် ပေါ်စမှာ နိမိတ်သည် များသောအားဖြင့်
မခိုင်ခံ့တဲ့သဘော ရှိတတ်ပါတယ်။ ခဏခဏ ပျောက်ပျောက် သွားတတ်ပါ
တယ်။ ဒီလို ပျောက်သွားတဲ့ အချိန်အခါမှာ နိမိတ်ကို မကြည့်ဘဲနဲ့ လေကိုသာ
တစ်ဖက်သတ် ကြည့်နေပါ။
☆ ဒီလို လေကိုသာကြည့်နေလိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် စိတ်က
ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ၊ နိမိတ်ကလည်း မခိုင့်တခိုင် ဖြစ်နေပြီဆိုလျှင်
တော့ နောက်တစ်ဆင့် ကူးရပါတယ်။ နောက်တစ်ဆင့်က ဘယ်လိုလဲ?
➙ ➙ ➙
☆အရှည် - အတို၏ အစ - အလယ် - အဆုံး အကုန်လုံးကို
ထင်ထင်ရှားရှား သိအောင် ကြိုးစားပါ☆
~~~~~~~~~~~~
☆ ဝင်သက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို, ထွက်သက်လေရဲ့
အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားပါ။
☆ ဒီနေရာမှာ အစ, အလယ်, အဆုံးဆိုတာနဲ့ ပတ်သက်ပြီးတော့ နည်းနည်း
ကလေး အယူအဆ မလွဲမိဖို့တော့ သတိထားရပါမယ်။ ထွက်သက်လေရဲ့
အစက ချက်, အလယ်က ရင်ချိုင့်, အဆုံးက နှာသီးဖျား၊ ဝင်သက်လေရဲ့ အစ
က နှာသီးဖျား, အလယ်က ရင်ချိုင့်, အဆုံးက ချက်။ ဒီလို လိုက်ပြီးတော့ မရှုရ
ပါဘူး။ (ပဋိသံ၊၁၆၅။ ဝိသုဒ္ဓိ၊၁၊၂၇၂။)
☆ လေကလေး ထိထိသွားတဲ့ နေရာမှာသာ စိတ်ကလေးကို ကပ်ထားပါ၊ ဝင်
လေထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား
တစ်နေရာက လွဲပြီး အတွင်းဘက်ကိုလည်း လျှောက်မလိုက်ပါနဲ့၊ အပြင်ဘက်
ကိုလည်း လျှောက်မလိုက်ပါနဲ့။ ဝင်သက်လေကလေး စ,ထိရာကနေ ဆုံးတဲ့
အထိ၊ ထွက်သက်လေကလေး စ,ထိရာကနေ ဆုံးတဲ့အထိ၊ ထိမှုထင်ရှားတဲ့
နေရာကနေ စောင့်ပြီး ကြည့်ဖို့သာ လိုရင်းဖြစ်ပါတယ်။ အထဲဘက်ကို
လျှောက်ပြီး ကြည့်နေမယ်ဆိုလျှင် အတွင်းဘက်သို့ စိတ်က ပျံ့သွားတတ်ပါ
တယ်။ အပြင်ဘက်ကို လျှောက်ပြီး ကြည့်နေမယ်ဆိုလျှင်လည်း အပြင်ဘက်
ကို စိတ်က ပျံ့သွားတတ်ပါတယ်။ အတွင်းဘက် အပြင်ဘက်တွေမှာ စိတ်တွေ
က ပျံ့လွင့်နေလျှင်တော့ ငြိမ်သက်တဲ့သမာဓိက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
(ပဋိသံ၊၁၆၅။)
☆ ဒါကြောင့် ထိမှုထင်ရှားတဲ့နေရာကို လွှတ်ပြီးတော့ အတွင်းဘက်, အပြင်
ဘက်တွေကို မလိုက်ပါနဲ့၊ ဒီစည်းကမ်းကတော့ရိုရိုသေသေ လိုက်နာရမယ့်
သဘော ရှိပါတယ်။ ယခုလို ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အ
ကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတဲ့အပိုင်းမှာအသက်ရှူတာနှေးလို့
ရှည်နေလျှင်လည်း ရှည်တဲ့အတိုင်း, အသက်ရှူမြန်လို့တိုနေလျှင်လည်း တိုတဲ့
အတိုင်း ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်
ရှားရှား သိအောင်သာ ရှုနေပါ။
(၁) ရှည်မှု,
(၂) တိုမှု,
(၃) အစ-အလယ်-အဆုံး၊
☆ ဒီသုံးဆင့်လုံးကို စုပေါင်းပြီး တစ်ပေါင်းတည်းသိအောင် ကျင့်ရမည့် အပိုင်း
ဖြစ်ပါတယ်။ အသက်ရှူနှေးလို့ ရှည်နေလျှင်လည်း အစ, အလယ်, အဆုံး အ
ကုန်လုံးကို သိရမယ်။ အသက်ရှူမြန်လို့တိုနေလျှင်လည်း အစ, အလယ်, အ
ဆုံး အကုန်လုံးကို သိနေရမှာ ဖြစ်ပါတယ်။ အဲဒီ အစ, အလယ်, အဆုံးကို ထင်
ထင်ရှားရှား သိပြီ၊ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်လာပြီဆိုလျှင်တော့
နောက်တစ်ဆင့် ကူးနိုင်ပါတယ်။ ဒီအဆင့်မှာလည်း နိမိတ်ပေါ်တတ်ပါတယ်။
နိမိတ် ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ နောက်တစ်ဆင့်ကို ကူးရပါမယ်။
နောက်တစ်ဆင့်က ဘယ်လိုလဲ?
➙ ➙ ➙
☆ငြိမ်အောင် - ငြိမ်းအောင် ကျင့်ပါ☆
~~~~~~~~~~~~~~~~~~~~
☆ ဝင်လေထွက်လေကလေး သိမ်မွေ့နူးညံ့အောင် လေ့ကျင့်ပါ။ ဝင်သက်
လေမှာပဲဖြစ်ဖြစ်, ထွက်သက်လေမှာပဲဖြစ်ဖြစ် ဒီဝင်လေထွက်လေကလေး
သိမ်မွေ့အောင် နူးညံ့အောင် လေ့ကျင့်ပါလို့ ဆိုလိုပါတယ်။ ဘယ်လို သိမ်မွေ့
အောင် နူးညံ့အောင် ကျင့်ရမလဲလို့ မေးလျှင်တော့ သက်သက် ဖြည်းဖြည်းက
လေး အသက်ရှူရမယ် ဒီလို မဆိုလိုပါဘူး၊ ပုံမှန် ရှူမြဲတိုင်းပဲ ရှူနေပါ။ ဒါပေမယ့်
ဒီဝင်သက်လေ, ထွက်သက်လေကို သိမ်မွေ့စေရမယ်ဆိုတဲ့ အာဘောဂ
( = နှလုံးသွင်း)ကလေး ယောဂီရဲ့ သန္တာန်မှာ ထိုအချိန်အခါမှာ ထင်ရှားရှိနေ
ရပါမယ်။
☆ ဒီလို နှလုံးသွင်းဓာတ်ခံဖြင့် ဝင်လေထွက်လေကို ရှူနေမယ်ဆိုလျှင် သမာဓိ
က တိုးတက် ဖွံ့ဖြိုးလာတဲ့အခါမှာ တဖြည်းဖြည်း လေကလည်း ငြိမ်သက်သွား
ပါလိမ့်မယ်။ အလွန့်အလွန် သိမ်မွေ့သွားပါလိမ့်မယ်။ ဝင်သက်လေ, ထွက်
သက်လေက အလွန့်အလွန် သိမ်မွေ့သွားပြီဆိုလျှင်တော့ အလွန်သိမ်မွေ့နေ
တဲ့ အပ်ကလေးတစ်ချောင်းကို အလိုရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ထိုအပ်ရဲ့နဖား
ကို ထွင်းမယ့်စူးသည် အလွန်သိမ်မွေ့ဖို့ လိုအပ်သလိုပဲ အလွန်သိမ်မွေ့နေတဲ့
ဝင်လေထွက်လေအာရုံမှာ အလွန်အားကောင်းတဲ့ သတိပညာတွေက လိုအပ်
နေပါတယ်။
☆ ဒါကြောင့် ဘုရားရှင်က “ဝင်လေထွက်လေအာရုံမှာ သတိလက်လွတ် နေ
တဲ့ ဝင်လေထွက်လေကို ကွဲကွဲပြားပြား သိတတ်တဲ့ သမ္ပဇဉ်ဉာဏ် ကင်းမဲ့နေ
တဲ့ ပုဂ္ဂိုလ်မျိုးတွေကို အာနာပါနဿ တိသမာဓိဘာဝနာလုပ်ငန်းကို ငါဘုရား
မဟောပါဘူး”ဆိုပြီး ဒီလို ဟောကြားထားတော်မူပါတယ်။ ဒီလို ဟောကြား
တော်မူချက်ဟာလည်း ယခုလို ဝင်လေထွက်လေက အလွန့်အလွန် သိမ်မွေ့
သွားတဲ့အပိုင်းကို ရည်ညွှန်းပြီးတော့ ဟောကြားထားတော်မူခြင်း ဖြစ်ကြောင်း
ကို အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၂၇၅။)က ရှင်းပြထားပါတယ်။
☆ အဲဒီလို သတိ, ပညာ အားကောင်းကောင်းဖြင့် ဒီဝင်လေထွက်လေ အာရုံ
အပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါ
တယ်။ ငါ့ ဝင်လေထွက်လေက မထင်ရှားဘူးဆိုပြီးတော့ ထင်ရှားအောင်
သက်သက် ပြင်းပြင်းထန်ထန်တော့ မရှူရပါဘူး။ ဒါက ဘုရားရှင် ပေးထား
တော်မူတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်း လေးဆင့်ကို အစဉ်အတိုင်း
ကြိုးစားလိုက်တဲ့ အချိန်အခါမှာ သိမ်မွေ့နူးညံ့နေတဲ့ ဝင်လေထွက်လေအာရုံ
မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်
လာပါလိမ့်မယ်။ ဆယ်ကြိမ် ဆယ့်ငါးကြိမ်လောက် ထိုင်တိုင်း ထိုင်တိုင်း
ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာ
ပြီ ဆိုလျှင်တော့ ထိုအချိန်အခါမှာ နိမိတ် စ,ပေါ်တတ်ပါတယ်။
☆ဖားအောက်တောရဆရာတော်☆

Comments
Post a Comment