ကဗျာဆရာကြီးတင်မိုး ၏ ကဗျာ ခြေလှမ်းမှားသူ
ကျွန်တော်က ချိုးမယ်လာ
ရွှေကြာက ချိုအေး
လေသာသာ ရေပြာဝိုင်းကာ
လှိုင်းကန့်ကွက်သေး။
ကျွန်တော်ကချိုးခဲ့တယ်
ကြာနွယ်က တစ်ပါတ်နွမ်း
မြကန်သာ သီတာငိုလို့
ကြာညိုကို ကျွန်တော်ထားခဲ့တယ်
မှားတဲ့ ခြေလှမ်း။
(ကဗျာပေါင်းချုပ်စာအုပ်မှ)
ရွှေကြာက ချိုအေး
လေသာသာ ရေပြာဝိုင်းကာ
လှိုင်းကန့်ကွက်သေး။
ကျွန်တော်ကချိုးခဲ့တယ်
ကြာနွယ်က တစ်ပါတ်နွမ်း
မြကန်သာ သီတာငိုလို့
ကြာညိုကို ကျွန်တော်ထားခဲ့တယ်
မှားတဲ့ ခြေလှမ်း။
(ကဗျာပေါင်းချုပ်စာအုပ်မှ)
Comments
Post a Comment