Posts

Showing posts with the label ကဗျာများ

တောင်နှင့်လူသား

တောင်နှင့်လူသား တောင်မြင့်မားက လူသားကိုဆီးကြည့်သတည်း။ တောင်မြင့်မားကို လူသားပြန်မော့ကြည့်သတည်း။ တောင်မြင့်မားက လူသားငယ်ငယ်၊ ခန့်မထယ်မို့ ရယ်သွမ်းသွေးလို၊ လှောင်သလိုပင် အိုဘယ့်လူသား၊ သင်ကများ ငါ့အားယှဉ်ပြိုင်၊ ရင်ဆိုင်အန်တု ဘယ်သို့ပြု ဟု ခုပင်မေးတော့မယောင်ယောင်။ ဟုတ်ပါလေရဲ့ ပေပေါင်းသောင်းကျော်၊ မိုးသို့မျှော်သည် မော်နိုင်ပါပေ့ တောင်မြင့်မား။ မှန်ပါလေရဲ့ ခြောက်ပေအရွယ်၊ ဂုဏ်မထယ်သည် သိမ်ငယ်ပါပေ့ အိုလူသား။ သို့သော်လူသား၊ စိတ်အင်အားသည် မြင့်မားတောင်ထက်၊ သာလွန်လျက်တည့်။ သို့သော်လူသား၊ ဆန္ဒများသည် မြင့်မားတောင်ထက်၊ သာလွန်လျက်တည့်။ လူသားစွမ်းထက်၊ မျှော်လင့်ချက်သည် တောင်ထက်မြင့်မားနေသတည်း။ လူသားအားတက်၊ ယုံကြည်ချက်သည် တောင်ထက်မြင့်မားနေသတည်း။ သည်နောက်တွင်ကား၊ ထိုလူသားသည် စွမ်းအားကိုဆင်၊ ခြေလှမ်းပြင်၍ လျင်လျင်သွက်သွက်၊ မှန်မှန်တက်ခဲ့ ခက်ခဲအန္တရယ်၊ အသွယ်သွယ်ကို ကာကွယ်အသင့်၊ ဉာဏ်ဖြင့်ချင့်ခဲ့ မိုးနှင့်မုန်တိုင်း၊ ပိတ်ဆို့ရိုင်းပင်း တိုက်ခိုက်ခြင်းကို၊ အလျှင်းမဖြုန် သူမတုန်သော်၊ မာန်ဟုန်တောင်ထွတ် ဦးလည်ညွတ်ခ၊ ဝပ်တွားရပြီ လောကအောင်ပွဲပေတကား။ (မောင်မြင့်မြတ်)

မင်းသုဝဏ် ၏ ကဗျာ (ငါ့မျက်ရည်)

ငါ့မျက်ရည် ဆဲသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် ဆိုသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် နင်းသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် နှိမ်သည်ကိုလည်း သူမှုခဲ။ ခုတစ်ခါမူ ငဲ့ညှာထောက်ရှု ကြင်နာမှုကြောင့် ဥကာ လည်ကာ ဝိုင်းကာ လာသည် ငါ့မှာ အံကြိတ်ထားရ၏။ မင်းသုဝဏ်
 ထိုတစ်နေ့ ရွှေထီးလေးလက် ၊ ဖြန့်ဝန်းကျက်၍ ငြိမ်သက်အိပ်ပျော် ၊ နေဘိသော်လျှင် ခေါ်၍မကြား ၊ အော်မကြားချေ တရားရှုမှတ် ၊ နေဘိလတ်သို့ ပါးစပ်စေ့ကာ ၊ ချ မျက်လွှာနှင့် ခုခါရုပ်ဆင်း ၊ မပျက်ယွင်းဘဲ ဝင်းစက်သားရေ ၊ နဂိုနေနှင့် အမေသေပန်း ၊ ပွင့်လေပြီ။ မကြားချင်ဆုံး မကြည့်ချင်ဆုံး မမြင်ချင်ဆုံး အဆုံးတစ်ကွေ့  ထိုတစ်နေ့ကို မတွေ့ ရအောင် ဘယ်သို့ရှောင်လည်း ရှောင်လွှဲမရ ၊ အနိစ္စကို စိတ်ကသိလည်း ၊ ဖြေနိုင်ခဲစွ ပွဲတွေ့အပူ ၊ သဲမြေ့ဆူသည် ဘယ်သူသိနိုင်ပါ့မလဲ အမေ.....။ မေးချင်တာလေး ၊ မေး၍မရ ကျွေးချင်တာလေး ၊ ကျွေး၍မရ ပေးချင်တာလေး ၊ ပေး၍မရ မရလေလေ ၊ ရချင်လေပါ အမေမရှိ ၊ အဖေမရှိ မိဘမဲ့သား ၊ မျက်ကွယ်ထားလျက် သွားရက်ခဲ့ပြီနော် အမေ....။ အမေ့ထံပါး ၊ သမီးသားတို့ ဝပ်တွားတုပ်ကွ ၊ ကန်တော့ကြပြီ ထကာငိုကြွေး ၊ ယခင်ရှေးလို ဆုမပေးနိုင်တော့ဘူးနော် အမေ.....။ သြော်..... မေးချင်တာလေး ၊ မေး၍မရ ကျွေးချင်တာလေး ၊ ကျွေး၍မရ ပေးချင်တာလေး ၊ ပေး၍မရ ရနိုင်သူများ ၊ သတိထားဖို့ ရှိထားအမေ ၊ တာဝန်ကျေဖို့ ဆုခြွေဆင့်ပွား ၊ မေတ္တာအားဖြင့် အမေ့သား ကဗျာရေးမိပါသည် သာဓုခေါ်နိုင်ပါစေ  အမေ....။         ...
ဗေဒါလမ်းကဗျာ နေလုံးရယ်နီ တိမ်ပန်းချီနေသွေးနဲ့ နတ်ရေးသည်သို့ ဒီအကျပေမို့ အလှလတာပြင်က ကျူရိုးရှင်လှေကလေးနဲ့ မျှော်ငေးလိုလို့ သူကိုယ်သူလျှင် ဘာထင်လေမသိ ဘယ်ပြောင်းညာပြန်နဲ့ ဟိုငပျံလတာစွန်းမှာ သူ့အလွမ်းသံချည့် အိုအချင်း ကျူရိုးရှင် သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ် မင်းကိုယ်လဲ မင်းပင်လျှင် ဘာထင်လို့လေလဲ မဗေဒါ စုံဆန်လမ်းမှာ၊ ပန်းပန်ခဲ့သည်ပဲ                                               ဇော်ဂျီ်
တပြည်သူမရွှေထား - ( တက္ကသိုလ်ဘုန်းနိုင်) သည်ဘဝတွင် ကိုယ်ပင်လက်လျှော့ နေရစ်ပေါ့ဟု ပတ်ကျော့ခိုင်တုံး အချစ်ထုံးလျှင် လုံးလုံးမပြေ ရှိပါစေလည်း ဖြေရဖျောက်ရ လွမ်းနောင်တနှင့် ဘဝခြားသူ တပြည်သူကို မြွတ်ကြူမြခွန်း နှောင်းချစ်ပန်းနှင့် ပျံ့မွှန်းဆိုလျက် ကိုယ်နှုတ်ဆက်မည် မှားချက်သည်တွင် ဆုံးပါတော့.. . . သြော်. . .ထားရယ်. . .။ သည်တွင် ဆုံးပါစေတော့ . . . ဆုံးပါစေတော့ (ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထား စာအုပ်မှ)
''ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) " ခါထုတ်လို့သာ ရစတမ်းဆိုလျှင်... ရင်မှ ဝေဒနာကို ခါထုတ်ပစ်လိုက်ချျင်၏ ဖြူ တစ်ကောင် ခါထုတ်လိုက်သည့် ဆူးများပမာ ကိုယ့်ဝေဒနာက တစ်ပါးသူကို အန္တရာယ်ဖြစ်မှာတော့ မလိုလားမိပြန် အန်ထုတ်လိုက်မှ ပေါ့ပါးသွားမည် ဆိုပါက ရင်ထဲမှ ခံစားမှုတို့ကိုအန်ထုတ်လို့ရချင်ပြန်သည် ဇီဝဇိုး ငှက်တစ်ကောင်အန်ထုတ်လိုက်သည့် ပစ္စည်းနှယ်သာ တန်ဖိုးရှိနေစေချင်တာလည်း အမှန်ပင်။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သီင်္ဂါရမြနဒီ စာအုပ်မှ။
"မျက်ဖြေလင်္ကာ" သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ၊ မက်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်၊ စိမ်းစည်မကွာ မင်းချမ်းသာကား သမုဒ္နရာ၊ ရေမျက်နှာထက် ခဏတက်သည့်၊ ရေပွက်ပမာ တစ်သက်လျာတည်း။ ကြင်နာသနား၊ ငါ့မအားသတ် ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ လူတကာတို့၊ ခန္ဓာခိုင်ကျည် အတည်မမြဲဖောက်လွှဲတတ်သည် မချွတ်စသာ သတ္တဝါတည်း။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက် သံသာစက်၌်၊ ကြိုက်လတ်တွန်မူ တုံ့မယူလို၊ ကြည်ညိုစိတ်သန် သခင်မွန်ကို၊ ချန်ဘိစင်စစ် အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။ (အနန ္တသူရိယအမတ်)
ဆရာဇော်ဂျီ၏ ညီသစ်ဆင်းကဗျာအမှတ်စဉ် ၆ ဂုဏ်အလှ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း မင်း၏သားငယ် သက်နှစ်ဆယ်သည် ဘယ်ဂုဏ်မျိုးကိုကြိုက်သနည်း. . .။ ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည် လူ့ဘုံလာက အကာမျှတည့် သူကငြူစူ မကြည်ဖြူ၍ ခွာယူလိုက ခွာ၍မရ။ ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည် လူဘုံလောက နှစ်သာရတည့် သူကငြူစူ မကြည်ဖြူလည်း ခွာယာမရ ကွာမကျ။ ။ #ဇော်ဂျီ
သောကခြရာ (၁) သခင်. . . . မြင်စမ်းတော့လေ နေဆယ်စင်းကို၊ ရင်တွင်းလှောင်ပိတ် သော့ချိတ်ဆွဲခတ်၊ လှပ်မပြသာ။ ကြင်နှာနှောင်ရစ်၊ ချစ်သတဲ့လား စကားသည်လို ဆိုတတ်သည့်ငှက် ပြေးထွက်လေမှ သည်ဘဝတော့ နှုတ်အ ပြီပဲ၊ အသည်းသာရှိ အလွမ်းချည်းကျန်။ အစဉ် . . . ရင်ထဲပတ္တမြား၊ အလွမ်းကြားနစ် နှစ်ရှည်လကြား ရာသီသာပြောင်း ဟောင်းမယ်လို့များ ထင်သလားလေ သောကခြေရာ၊ ဝေဒနာပင် ရှင်မြဲ ရှင်နေ သခင်ကြည့်လှည့်မြင်တော်မူ မောင်စိန်ဝင်း(ပုတီးကုန်း)

မွေးမေမေသို့ (အမေများနေ့ဂုဏ်ပြုကဗျာ)

မွေးမေမေသို့ ကလလရေကြည် သန္ဓေတည်ကတည်းက ရက်လရယ်လွန်ကာမြောက် ဖွားမြင်ချိန်ရောက်သည်ထိ မွေးဖွားခြင်း စစ်တလင်းမှာ နာကျင်ခံခက် သေမတတ်လည်း ရင်သွေးငယ်အတွက် မာန်က...