တပြည်သူမရွှေထား - ( တက္ကသိုလ်ဘုန်းနိုင်)

သည်ဘဝတွင်
ကိုယ်ပင်လက်လျှော့
နေရစ်ပေါ့ဟု
ပတ်ကျော့ခိုင်တုံး
အချစ်ထုံးလျှင်
လုံးလုံးမပြေ
ရှိပါစေလည်း
ဖြေရဖျောက်ရ
လွမ်းနောင်တနှင့်
ဘဝခြားသူ
တပြည်သူကို
မြွတ်ကြူမြခွန်း
နှောင်းချစ်ပန်းနှင့်
ပျံ့မွှန်းဆိုလျက်
ကိုယ်နှုတ်ဆက်မည်
မှားချက်သည်တွင် ဆုံးပါတော့.. . .
သြော်. . .ထားရယ်. . .။ သည်တွင် ဆုံးပါစေတော့ . . . ဆုံးပါစေတော့

(ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထား စာအုပ်မှ)

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး