စိတ်ဓာတ်ကျတတ်ရင်

မီးသွေးခဲ လုပ်မယ်လား စိန် လုပ်မှာလား

မီးသွေးခဲနဲ့ စိန် ဆိုတာက မူလ ကာဗွန် ဒြပ်စင် များဖြစ်ကြပါတယ် . . မီးသွေးခဲဆိုတာ မြေကြီးရဲ့ အပေါ် ယံလောက်မှာ ပဲ လုပ်ယူ လို့ ဖြစ်ရတဲ့ အရာပါ
စိန် ဆိုတာက ဟိုးးး မြေကြီးအောက် Pressure ဒဏ် တွေ အပူဒဏ်တွေ နဲ့မှ ဖြစ်လာတဲ့ အရာပါ မူလ ဒြပ်စင်တူကြသော်လည်း ဖြစ်ပေါ်လာတဲ့ ရလဒ်နဲ့ ပေးဆပ်ထားတဲ့ အတိုင်းအတာတွေ မတူကြဘူးနော်
သူငယ်ချင်းတို့လည်း ဘဝမှာ စိတ်ညစ်စရာတွေ စိတ်ပျက်အားငယ်စရာတွေ အကြပ်အတည်းတွေ ကြုံလာတိုင်း ဒီ အမှန်တရားလေးကို သတိရနော် ငါမီးသွေးခဲ လုပ်မှာလား စိန်တုံး လုပ်မှာလား ဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်နော် စိတ်ပျက်ဝမ်းနည်းစရာ အကြပ်အတည်းတွေ ကြုံလာတိုင်း ကိုယ့်ကိုယ်ကို ပြန်ကြည့် ငါစိန်တုံး ဖြစ်လာတော့မှာ ဒီ ဒဏ်တွေ ခံနိုင်မှ ဖြစ်မယ် ဆိုတာကိုတွေး ပြီး ရင်ဆိုင် အောင်မြင်မှုတွေအလီလီ ရနိုင်ကြပါစေ

ကဲ သူငယ်ချင်းရေ မီးသွေးခဲ လုပ်မှာလား စိန်တုံးကြီးလုပ်မှာလား ?

ဆရာတစ်ယောက်၏ သြဝါဒကို share ပါသည် . . . ။

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး