ဗေဒါလမ်းကဗျာ

နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့
နတ်ရေးသည်သို့
ဒီအကျပေမို့
အလှလတာပြင်က
ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလိုလို့
သူကိုယ်သူလျှင် ဘာထင်လေမသိ
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငပျံလတာစွန်းမှာ
သူ့အလွမ်းသံချည့်
အိုအချင်း ကျူရိုးရှင်
သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ်
မင်းကိုယ်လဲ မင်းပင်လျှင်
ဘာထင်လို့လေလဲ
မဗေဒါ စုံဆန်လမ်းမှာ၊ ပန်းပန်ခဲ့သည်ပဲ
                                              ဇော်ဂျီ်

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မွေးမေမေသို့ (အမေများနေ့ဂုဏ်ပြုကဗျာ)