"မျက်ဖြေလင်္ကာ"
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ၊ မက်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်၊ စိမ်းစည်မကွာ
မင်းချမ်းသာကား
သမုဒ္နရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့မအားသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကျည်
အတည်မမြဲဖောက်လွှဲတတ်သည်
မချွတ်စသာ
သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်
သံသာစက်၌်၊ ကြိုက်လတ်တွန်မူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။
(အနန ္တသူရိယအမတ်)
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ၊ မက်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်၊ စိမ်းစည်မကွာ
မင်းချမ်းသာကား
သမုဒ္နရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့မအားသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကျည်
အတည်မမြဲဖောက်လွှဲတတ်သည်
မချွတ်စသာ
သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်
သံသာစက်၌်၊ ကြိုက်လတ်တွန်မူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။
(အနန ္တသူရိယအမတ်)
Comments
Post a Comment