သောကခြရာ (၁)
သခင်. . . .
မြင်စမ်းတော့လေ
နေဆယ်စင်းကို၊ ရင်တွင်းလှောင်ပိတ်
သော့ချိတ်ဆွဲခတ်၊ လှပ်မပြသာ။
ကြင်နှာနှောင်ရစ်၊ ချစ်သတဲ့လား
စကားသည်လို ဆိုတတ်သည့်ငှက်
ပြေးထွက်လေမှ သည်ဘဝတော့
နှုတ်အ ပြီပဲ၊ အသည်းသာရှိ
အလွမ်းချည်းကျန်။
အစဉ် . . .
ရင်ထဲပတ္တမြား၊ အလွမ်းကြားနစ်
နှစ်ရှည်လကြား ရာသီသာပြောင်း
ဟောင်းမယ်လို့များ ထင်သလားလေ
သောကခြေရာ၊ ဝေဒနာပင်
ရှင်မြဲ ရှင်နေ
သခင်ကြည့်လှည့်မြင်တော်မူ
မောင်စိန်ဝင်း(ပုတီးကုန်း)
မြင်စမ်းတော့လေ
နေဆယ်စင်းကို၊ ရင်တွင်းလှောင်ပိတ်
သော့ချိတ်ဆွဲခတ်၊ လှပ်မပြသာ။
ကြင်နှာနှောင်ရစ်၊ ချစ်သတဲ့လား
စကားသည်လို ဆိုတတ်သည့်ငှက်
ပြေးထွက်လေမှ သည်ဘဝတော့
နှုတ်အ ပြီပဲ၊ အသည်းသာရှိ
အလွမ်းချည်းကျန်။
အစဉ် . . .
ရင်ထဲပတ္တမြား၊ အလွမ်းကြားနစ်
နှစ်ရှည်လကြား ရာသီသာပြောင်း
ဟောင်းမယ်လို့များ ထင်သလားလေ
သောကခြေရာ၊ ဝေဒနာပင်
ရှင်မြဲ ရှင်နေ
သခင်ကြည့်လှည့်မြင်တော်မူ
မောင်စိန်ဝင်း(ပုတီးကုန်း)
Comments
Post a Comment