ကိတ်ဝင်းစလက်၏ အနုပညာခရီး
ကိတ်ဝင်းစလက်လို့ဆိုလိုက်လျှင် မသိသောသူ အတော်ပင်ရှားပေလိမ့်မည်။ ကမ္ဘာကျော် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်သော တိုက်တန်းနစ် ရုပ်ရှင်မှစ၍ ရုပ်ရှင်ကြည့်ပရိတ်သတ်များရဲ့ ရင်ထဲကို ဝင်ရောက်နေခဲ့တာလို့ ပြောရမှာပါ။ အသက် ၇ နှစ် သမီးဘဝကတည်းက စတိတ်စင်မြင့်တွေပေါ်မှာ၊ တီဗီဖန်သားပြင်ပေါ်မှာ စတင်သရုပ်ဆောင်ခဲ့တဲ့ ကိတ်ဝင်းစလက်ကို ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ အင်္ဂလန်နိုင်ငံ၊ ရီဒင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းကတော့ ကိတ်အဲလိဇဘက်ဝင်းစလက် ဖြစ်ပြီး ရုပ်ရှင်မန်နေဂျာနှစ်ဦးရဲ့ မြေးဖြစ်သလို၊ သရုပ်ဆောင်နှစ်ဦးရဲ့ သမီးလည်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Shrinks အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့သလို နောင် ၃ နှစ်အကြာမှာတော့ သရုပ်ဆောင်အလုပ်ကို ဇောက်ချလုပ်ကိုင်ဖို့ ကျောင်းထွက်လိုက်ပါတယ်။
ဒီလိုနဲ့ ကိတ်ဝင်းစလက်ဟာ အဒရိန်မိုး၊ ပီတာပန်စတဲ့ ထုတ်လုပ်ရေးများနဲ့ လက်တွဲကာ ဗြိတသျှ စင်မြင့်ပေါ်ကိုတက်လှမ်းခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး ရုပ်ရှင်ကတော့ Heavenly Creatures (၁၉၉၄) ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်မှာတော့ ကိတ်ဝင်းစလက်ဟာ တီဘီရောဂါပိုး ကူးစက်ခံနေရတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ရော ဂါပိုးပျံ့နှံ့တာကို ကာကွယ်ဖို့ ခပ်ဆိုးဆိုး သူငယ်ချင်းမလေး တစ်ယောက်နဲ့ ပေါင်းကာ အတန်းဖော်တစ်ယောက်ရဲ့ အမေကို သတ်ဖြတ်ကြတာကို သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ စာရေးဆရာ ဂျိမ်းအော်စတန်ရဲ့ ဝတ္ထုကို ထိုင်ဝမ်ဒါရိုက်တာ အန်းလီရိုက်ကူးတဲ့ Sense and Sensibility (၁၉၉၅) မှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ကြောင့် လူကြိုက်များလာခဲ့ပါတယ်။ ကိတ်ဝင်းစလက်ဟာ ဂန္ဓဝင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီးကြီးအမ်မာသွန်ဆန်၊ မင်းသားကြီးဟူးဂရမ့်၊ မင်းသားကြီး အလန်ရစ်မန်းတို့လို ကိုယ်ပိုင်ဟန်နဲ့ အောင်မြင်လာသူဖြစ်ပါတယ်။ အဆိုပါဇာတ်ကားမှာ ဆွဲဆောင်မှုကောင်းတဲ့ မရိန်းဒက်ရှ်ဟု အဖြစ် သရုပ်ဆောင်ခဲ့တာကြောင့် အကောင်းဆုံးဇတ်ပို့အဖြစ် အကယ်ဒမီဆု စကာတင်စာရင်းဝင်ခဲ့သလို ရုပ်ရှင်ဝေဖန်ရေးသမားများရဲ့ ချီးကျူးဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါတယ်။
စာရေးဆရာ သောမတ်စ်ဟာဒေးရဲ့ ဝတ္ထု Jude the Obscure ကိုရုပ်ရှင်အဖြစ်ရိုက်ကူး သရုပ်ဆောင်ခဲ့တာကြောင့်လည်း အကြီးအကျယ်အောင်မြင်ခဲ့ပြန်ပါတယ်။ တစ်ဖန် ဝီလျံရှိတ်စပီးယားရဲ့ ဝတ္ထု Hamlet (၁၉၉၆) ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင်လောကရဲ့ ခေါင်းဆောင်မင်းသမီး A - list စာရင်းကို ဝင်စေခဲ့တဲ့ ရုပ်ရှင်ကတော့ ဒါရိုက်တာ ဂျိမ်းကင်မရွန်းရဲ့ တိုက်တန်းနစ်ရုပ်ရှင်ပါပဲ။ Titanic (၁၉၉၇) ဟာ စံချိန်တင်ခဲ့ရလောက်အောင် ကမ္ဘာကျော်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။အဆိုပါရုပ်ရှင်ဟာ အကောင်းဆု ရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး ဒါရိုက်တာဆုအပါအဝင် အကယ်ဒမီဆု များစွာကို သိမ်းပိုက်နိုင် ခဲ့သလို ကိတ်ဝင်းစလက် ဟာလည်း ဒုတိယမြောက် အကယ်ဒမီဆုကို အရယူနိုင်ခဲ့ပါတယ်။ Hideous Kinky (၁၉၉၉) ရုပ်ရှင်မှာ သမီးနှစ်ယောက်မွေးထားတဲ့ အမေတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး Holy Smoke (၁၉၉၉) မှာတော့ အဖော်အချွတ်ခန်းတချို့နဲ့ လှပစွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ပြင်သစ်စာရေးဆရာ မားကွစ်ဒီဆိတ်အကြောင်း ရိုက်ကူးခဲ့တဲ့ Quils အမည်ရ ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။
အသံပိုင်းဆိုင်ရာ နောက်ခံစကားပြောအဖြစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကတော့ Animation ဇာတ်ကား A Christmas Carol (၂၀၀၁) ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ရဲ့ သီချင်းဖြစ်တဲ့ What If ကိုသီဆိုခဲ့တဲ့ အတွက်လည်း ထိပ်ဆုံး ၁၀ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ တစ်နှစ်တည်းမှာပဲ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ Iris အမည်ရ ရုပ်ရှင်ဖြစ်ပြီး စာရေးဆရာ ဂျွန်ဘိုင်လီရဲ့ Elegy for Iris ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ ထိုရုပ်ရှင်နဲ့ပဲ အကယ်ဒမီ ဇကာတင်စာရင်း ဝင်ခဲ့ပြန်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက လျှို့ဝှက်ကုဒ်ဖြည်သူ စပိုင်တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Enigma ရုပ်ရှင်ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ တစ်ဖန် The Life of David Gale ဇာတ်ကားမှာလည်း သတင်းထောက်တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၄ ခုနစ်မှာတော့ Eternal Sunshine of the Spotless Mind ဇာတ်ကားနဲ့ အကယ်ဒမီဇကာတင်စာရင်း ဝင်ခဲ့ပြန်ပါတယ်။ အဲဒီနှစ်မှာပဲ မင်းသားကြီး ဂျွန်နီဒစ် နဲ့အတူ Finding Never land ရုပ်ရှင်ကို တွဲဖက်ရိုက်ကူူးခဲ့ပါတယ်။ တစ်ဖန် ဒုတိယအကြိမ် အမေခန်းကနေ သရုပ်ဆောင်ခဲ့တဲ့ Little Children(၂၀၀၆) မှာလည်း အကယ်ဒမီ ဇကာတင်စာရင်းဝင်ခဲ့ပါ တယ်။ ကိတ်ဝင်းစလက်ဟာ နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ Revolutionary Road(၂၀၀၈) နဲ့ The Reader (၂၀၀၈) ရုပ်ရှင်တွေမှာလည်း ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကိတ်ဝင်းစလက် အတွက် Golden Globe ဆုနဲ့ Emmy ဆုတို့ကို သိမ်းပိုက်နိုင်တဲ့ ဇာတိကားကတော့ Mildred Pierce (၂၀၁၁) ဖြစ်ပါတယ်။ ကျရာအခန်းမှာ သရုပ်ဆောင်ခဲ့တဲ့ ကိတ်ဝင်းစလက်ဟာ ၂၀၁၃ ခုနှစ်မှာ Movie 43 ဇာတ်ကားမှာလည်းကောင်း၊ Labor Day မှာလည်းကောင်း လှလှပပ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် Golden Globe ဆုရဲ့ ဇကာတင်စာရင်းထဲပါခဲ့ပြန်ပါတယ်။ Divergent (၂၀၁၄) ၊ Insurgent (၂၀၁၅) ရုပ်ရှင်များမှာလည်း ပြောင်မြောက်အောင်သရုပ်ဆောင်နိုင်တာကြောင့် Golden Globe ဆုကို ရရှိခဲ့သလို ၇ ကြိမ်မြောက် အကယိဒမီ ဇကာတင်စာရင်းဝင်နိုင်ခဲ့ပါတယ်။ ထို့နောက် The Dressmaker (၂၀၁၅) Triple (၂၀၁၆) Collateral Beauty (၂၀၁၆) The Mountain Between Us (၂၀၁၇) စတဲ့ ရှပ်ရှင်များမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။
ဒါတွေဟာ မင်းသမီးကြီး ကိတိဝင်းစလက်ရဲ့ အနုပညာခရီးလမ်း အကျဉ်းချုပ်ဖြစ်သလို သူမရဲ့အနုပညာရှင် ဘဝ အစိတိအပိုင်းအချို့လည်းဖြစိပါတယ်။
မောင်တင်
www.biography.com

Comments
Post a Comment