အော်စကာဆု ဆိုသည်မှာ




ဓါးတစ်လက်နဲ့ စစ်သည်တော်
ယနေ့ကမ္ဘာမှာ ပေးအပ်ချီးမြှင့်လေ့ရှိကြတဲ့ ဆုများစွာထဲက အော်စကာလို့ခေါ်တဲ့ ရုပ်ရှင်ထူးချွန်ဆု ကို ၁၉၂၉ ခုနှစ် ကတည်းက စတင်ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။ အော်စကာဆုဟာ ကမ္ဘာ့ ရုပ်ရှင် အနုပညာ ရှင်၊ အတတ်ပညာရှင်များရဲ့ အိပ်မက်တစ်ခုလို့ ဆိုရမှာဖြစ်သလို အကျော်ကြားဆုံး ဆုတစ်ခုလည်း ဖြစ်ပါ တယ်။ ၁၉၂၇ ခုနှစ်၊ လော့စ်အိန်ဂျလီမြို့က ဘေ့မိုးဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ စတင်ဖွဲ့စည်းစ ရုပ်ရှင်အဖွဲ့အစည်းကဦးဆောင်ပြီး ညစာစားပွဲတစ်ခုကို ကျင်းပခဲ့ကြပါတယ်။ အဆိုပါညစာစားပွဲမှာပဲ ရုပ်ရှင်ဓါတ်ပုံနဲ့ ရုပ်ရှင်အတတ်ပညာဆိုင်ရာ အကယ်ဒမီဆု များကိုပေးအပ်သွားနိုင်ဖို့ တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။ များစွာသော ခေါင်းစဉ်များကို ဆွေးနွေးလို့ အပြီးမှာ တော့ အဆိုပါ အစည်းဝေးက တစ်ဆင့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ထူးချွန်ကြသူများ ကို ဂုဏ်ပြုဆုများချီးမြှင့်ဖို့ပဲဖြစ်ပါတယ်။
          ရုပ်ရှင်ထူးချွန်ဆု တစ်နည်းအားဖြင့် အကယ်ဒမီဆုများကို နှစ်စဉ်ပေးအပ်နိုင်ဖို့ စီစဉ်ကြတဲ့ အခါမှာ ဘယ်လိုဆုတံဆိပ်မျိုးကို ပေးအပ်မယ်ဆိုတာကိုလည်း စဉ်းစားခဲ့ကြပါတယ်။ အကယ်ဒမီအဖြစ်ပေးအပ်မယ့် ဆုတံဆိပ်ဟာ ခန့်ညားထင်ရှားသင့်ကြောင်းကိုလည်း အကုန်လုံးက လက်ခံသဘောတူခဲ့ကြပါတယ်။ MGM စတူဒီယိုရဲ့ အနုပညာဒါရိုက်တာ စီဒရစ် ဂစ်ဘွန်းက ယနေ့ လူအများသိကြတဲ့ အော်စကာဆုရဲ့ ဒီဇိုင်းကို ရေးဆွဲခဲ့ပါတယ်။ ရုပ်ရှင်ဖလင်ရစ်လုံးပေါ်မှာ ခရူးဆိတ်စစ်ပွဲအတွင်းက စစ်သည်တော် တစ်ဦး ဓါးကိုင်လျက် ရပ်နေဟန်ကို ဖော်ကြူးခဲ့ပါတယ်။ အဲဒီနောက် လော့စ်အိန်ဂျလီက ကျောက်ပန်းရံပညာရှင် ဂျော့စတန်လေ က သုံးဖက်မြင်ရုပ်ထုကို ထုဆစ်ခဲ့ပါတယ်။ အဲဒီကစလို့ ကမ္ဘာတစ်ဝန်းကျော်ကြားလာမယ့် အော်စကာဆု စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

ပထမဆုံးဆုပေးပွဲ
          ပထမဆုံးသော အကယ်ဒမီဆုပေးပွဲကို ၁၉၂၇ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ ဟောလီးဝုဒ်က ရိုစီဘက် ဟိုတယ်မှာ ကျင်းပခဲ့ရာ အော်စကာကျောက်ရုပ်တုပေါင်း ၃၀၀၀ ကျော်ကို ပြသခဲ့ပါတယ်။ အဲဒီနောက် နှစ်စဉ် ဇန်နဝါရီလရောက်တိုင်း အကယ်ဒမီရွှေစင်ရုပ်တုများကို ထပ်မံထည့်သွင်းခဲ့ပါတယ်။ အော်စကာဆုဟာ ၁၃ လက်မခွဲရှည်လျားပြီး အလေးချိန်အားဖြင့် ၈ ပေါင်ခွဲရှိပါတယ်။ ရုပ်ရှင်ဖလင်ပြားပုံစံပုံဖော်ထားတဲ့ အောက်ခံ ပြားမှာ အဝိုင်းပြားသဏ္ဍာန် အရာ ၅ ခုပါဝင်ပြီး အဆိုပါ ၅ခုဟာ မူလအကယ်ဒမီဆုများဖြစ်တဲ့ သရုပ်ဆောင် ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ အတတ်ပညာရှင်နဲ့ စာရေးဆရာ တို့ကို ရည်ညွှန်းဖော်ဆောင်ထားတာဖြစ်ပါ တယ်။ ၁၉၄၅ ခုနှစ်မှာတော့ အောက်ခံဒီဇိုင်းကို အနည်းငယ်ပြောင်းလဲခဲ့ပါတယ်။
          တရားဝင်အမည်ဖြစ်တဲ့ အကယ်ဒမီဆုအစား အော်စကာဆုရယ်လို့ ပိုမိုလူသိများကျော်ကြားခဲ့ ပါတယ်။ တကယ်တော့ မူလအမည်က ဘာလဲဆိုတာ သိပ်မကွဲပြားကြပါဘူး။ ထင်ရှားတဲ့ ပါးစပ်ရာဇဝင် တစ်ခုကတော့ အဆိုပါဆုကို ပထမဆုံးစတင်မြင်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တစ်ဦး ဖြစ်တဲ့ အကယ်ဒမီ စာကြည့်တိုက်မှူး မာဂရက်ဟားရစ်က သူ့ဦးလေးဖြစ်သူ အော်စကာကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။ ၁၉၃၉ ခုနှစ်အထိ လူအများက အကယ်ဒမီဆုလို့ပဲ ခေါ်ဝေါ်ခဲ့ကြတယ်လို့ လည်း သိရပါတယ်။

အကယ်ဒမီရွှေစင်ရုပ်ထု 
          အော်စကာဆုဟာ ၂၄ ကာရက်ရှိတဲ့ရွှေသားအစစ်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်း သတ္တုပစ္စည်းများရှားပါးခဲ့တာကြောင့် အော်စကာဆုကို သုံးနှစ်တိတိ ပလက်စတစ်နဲ့သာ ပြုလုပ်ခဲ့ ခြင်းရှိခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးတဲ့နောက်မှာတော့ ပလက်စတစ်များအစား ရွှေစင်ရွှေသားများနဲ့ အစားထိုး ဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အော်စကာဆု ပေးပွဲ မှာတော့ ပုံမှန်ပေးအပ်နေကျ ဆုအမျိုးအစားပေါင်း ၂၅ ခုကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ဆုပေးပွဲညမှာ ဖွင့်ဖောက်ပေးအပ်မယ့် အကယ်ဒမီဆုအရေအတွက် အတိအကျကို တော့ မည်သူမျှ မသိရသေးပါဘူး။ ကမ္ဘာတစ်ဝန်းလုံးက ရုပ်ရှင်ချစ်ပရိတ်သတ်များက ရင်ခုန်စွာနဲ့ စောင့်မျှော် နေကြမှာတော့ အသေအချာပါပဲ။
                                                                                                          မောင်တင်

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး