ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး
ဂျို့စ်အဲဘတ်တို ပီပီ မူဂျီကာ ကော်နာဒို ကို ၁၉၃၅ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ဖခင် ဖြစ်တဲ့ ဘက်စ်ကီးမျိုးရိုး စပိန်နိုင်ငံသား ဒီမီထရီရို မူဂျီကာနဲ့ မိခင်ဖြစ်တဲ့ အီတလီနိုင်ငံသူ ရွှေ့ပြောင်းလုပ်သား လပ်ကီးကော်နာဒို တို့က မွေးဖွားခဲ့ပါတယ်။ သမ္မတကြီး မူဂျီကာရဲ့ ဖခင်ဟာ လယ်သမားတစ်ယောက်ဖြစ်ပြီး ၁၉၄၀ခုနှစ် သူမသေဆုံးခင်မှာပဲ စီးပွားရေး ပျက်ကာ ကပ်ဆိုက် ယိုင်နဲှဲ့ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သမ္မတကြီးဟာ ၅ နှစ်အရွယ် ပဲ ရှိသေးပါတယ်။ သမ္မတကြီး မိခင်ရဲ့ မိဘများကတော့ အလွန် ချို့တဲ့ ဆင်းရဲရှာတဲ့ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြပါတယ်။ မူဂျီကာဟာ ဥရုဂွေးနိုင်ငံသား နိုငံရေးသမားတစ်ယောက်ဖြစ်ပြီး ဥရုဂွေးနိုင်ငံရဲ့ အယောက် (၄၀) မြောက် သမ္မတ တစ်ဦးဖြစ်ခဲ့ကာ ၂၀၁၀ မှ ၂၀၁၅ အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။
၁၉၇၀ နှစ်များနဲ့ ၁၉၈၀ နှစ်များအတွင်း စစ်အစိုးရအုပ်ချုပ်စဉ်က လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်ဖြစ်ခဲ့တဲ့ သူဟာ ထောင် ၁၄ နှစ်ကျခံခဲ့ရပါတယ်။ လက်ဝဲယိမ်း ပါတီများ ညွှန်ပေါင်းအစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်ခဲ့တဲ့ မူဂျီကာဟာ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ပြန်လည်ရပ်တည်ခဲ့ပြန်ပါတယ်။ ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲမှာတော့ သမ္မအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး ၂၀၁၀ မတ်လ ၁ ရက်နေ့ကစလို့ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ မူဂျီကာရဲ့ စည်းကမ်းတင်းကျပ်သော အုပ်ချုပ်မှုပုံစံတွေ ရောင့်ရဲတင်းတိမ်နိုင်စွမ်းတွေကြောင့် မိမိကိုယ်ကို နှိမ့်ချဆုံးသော သမ္မတအဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ခဲ့ကြပါတယ်။ သူ့ သမ္မတ တစ်လ လစာငွေ ဒေါ်လာ ၁၂၀၀၀ ရဲ့ ၉၀ ရာခိုင်နှုန်းကို စွန့်ဦးတီထွင်သူများနဲ့ ဆင်းရဲနွမ်းပါးသူများကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေဆီ လှူဒါန်းခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ဥရုဂွေးနိုင်ငံသားတွေ သူတို့ သမ္မတကြီးကို လွမ်းနေရတဲ့ အကြောင်း အရင်း(၈)ချက်ကိုလည်းဖော်ပြလိုက်ပါတယ်။
(၁) သမ္မတလစာရဲ့ (၉၀)ရာခိုင်နှုန်းကို လှူဒါန်းခဲ့သူ
- ရိုးရှင်းစွာ ဝတ်စားဆင်ယင်လ၏လေ့ရှိပြီး အနည်းဆုံး နက်ကတိုင်တောင် ဝတ်ခဲတဲ့ သမ္မကြီး မူဂျီကာဟာ သူ့သမ္မတ လစာ ရဲ့ (၉၀)ရာခိုင်နှုန်းကို ဆင်းရဲနွမ်းပါးသူများနဲ့ စွန်ဦးတီထွင် လုပ်ငန်းရှင်များကို ရက်ရောစွာပဲ လှူဒါန်းခဲ့ပါတယ်။ “ငါဟာသမ္မတစ်ယောက်ဖြစ်တဲ့အတွက် ငါ့ဘဝကိုထူးပြီးတော့ မပြောင်းလဲပစ်ချင်ဘူး။ တခြားသူတွေအတွက် မလုံလောက်ပေမယ့်လည်း ငါ့အတွက်တော့ ငါလိုတဲ့ အရာတွေထက် ပိုရခဲ့ပါတယ်။ ဒါဟာ စွန့်လွှတ်စွန့်စားတာ မဟုတ်ပါဘူး . . လူသားတစ်ယောက်ရဲ့တစ်ခုပါ” လို့ပြောခဲ့ပါတယ်။
(၂) တောင်သူလယ်သမားဘဝနဲ့သာရိုးရှင်းစွာ နေထိုင်သွားသူ
- သမ္မတကြီးဟာ သက်တမ်းက အနားယူချိန်မှာတော့ သူသွားလေရာ ခေါ်သွားတဲ့ မသန်စွမ်း ခွေးလေး တစ်ကောင်နဲ့ သူ့လုံခြုံရေးရဲ အရာရှိနှစ်ယောက်ကိုပဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ မြို့တော် မွန်တီဗီဒီယို ရဲ့အပြင်ဘက်က သူ့လယ်တောလေးဆီကိုပေါ့။ ၂၀၁၂ တုန်းက ဘီဘီစီနဲ့ အင်တာဗျုးတစ်ခုမှာတော့ သူ့အကြောင်းကို သူကိုယ်တိုင်ပဲ ဒီလိုရှင်းပြခဲ့ပါတယ်။ “ငါ့ကို လူတွေက ဆင်းရဲတဲ့ သမ္မတကြီးလို့ သတ်မှတ်ကြပေမယ့် ငါ့ကိုယ်ငါတော့ ဆင်းရဲတယ်လို့ မခံစားမိပါဘူး။ ဘာလို့လဲဆိုတော့ သူဆင်းရဲ တွေက ချမ်းသာတဲ့ ဘဝနေထိုင်မှုပုံစံရဖို့အတွက် အလုပ်တွေတောက်လျှောက်လုပ်တယ်။ နောက်ပြီး ပို ပိုပြီးတော့ပဲ လိုချင်နေကြတာပဲလေ . . ငါက အဲလိုမှမဟုတ်ပဲ”
(၃) ၁၉၈၀ ထုတ်အပြာရောင် ဗွီ ဒဗလျူ လိပ်ခုံးကားလေးတစ်စီးသာစီးသူ
- သမ္မအများစုဟာ ကားအကောင်းစားများကိုသာ စီးကြသော်လည်း သမ္မကြီးမူဂျီကာကတော့ သူ့ ကိုယ်ပိုင် လိပ်ခုံးကားလေးကို စီးလေ့ရှိသူပါ။
(၄) ကားကြုံခေါ်လေ့ရှိသူ
- သင့်အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်က ကားကြုံခေါ်တာ ကြုံဖူးချင်မှ ကြုံဖူးပါလိမ့်မယ်။ ဒါပေမယ့် ဂါဟတ် အကော့စတာဆိုသူ တစ်ယောက်ကတော့ အိမ်ကနေ အလုပ်ကိုလမ်းလျှောက်သွား စဉ်မှာတော့ ယူကရိန်း သမ္မတကြီး မူဂျီကာနဲ့ သူ့ဇနီးတို့ မောင်းတဲ့ကားနဲ့ ကားကြုံလိုက်ပို့တာကို ခံရဖူးပါတယ်။
(၅) ဆေးခြောက်တရားဝင်သုံးစွဲခွင့် ပေးခဲ့သူ
- နိုင်ငံရေးသဘောတရားတွေကိုကျော်ပြီး လက်တွေ့ဆန်ဆန်တွေးကြည့်မယ်ဆိုရင် ဆေးခြောက်သုံး စွဲသူ တစ်သိန်းကျော်ရဲ့ တရားမဝင်ဆေးခြောက်သုံးစွဲနေတာကို ထည့်သွင်းစဉ်းစားရပါမယ်။ ဥပဒေ တွေထုတ်ပြီး အသိအမှတ်ပြုလိုက်တာက ထိန်းချုပ်ရပိုလွယ်တာကို မင်းတို့တွေ့ရမှာပါလို့ ပြောခဲ့သူပါ။
(၆) ကျန်းမာရေးကဏ္ဍမှာ စီးပွားရေးကိုပါ ထိန်းညှိပေးခဲ့သူ
- တရားဝင်ကိုယ်ဝန်ဖျက်ချပိုင်ခွင့်နဲ့ လိင်တူလက်ထပ်ခွင့်တွေကို ပေးခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ အိမ်နီးချင်းတွေဖြစ်တဲ့ အာဂျင်တီးနား နဲ့ ဘရာဇီးနိုင်ငံတွေ စီးပွားရေးကျဆင်းနေချိန်မှာတော့ လစာငွေ မြှင့်တင်ပေးနိုင်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကိုပါ လျှော့ချပေးနိုင်ခဲ့ပါတယ်။
(၇) တခြားသော နိုင်ငံရေးသမားများနှင့် မတူသောသူ
- နိုင်ငံရေးသမားတွေဟာ ခေါင်းဆောင်ဖြစ်ပြီဆိုတာနဲ့ ချက်ချင်းဘုရင်တွေဖြစ်သွားကြတာဗျ။ အဲဒါ ဘယ်လိုလုပ်ကြသလဲ ကျွန်တော်မသိဘူး. . . ကျွန်တော်သိတာကတော့ ပြည်ထောင်စုအတွင်းမှာ နေကြသူတွေအနေနဲ့ အကုန်လုံးဟာ ရပိုင်ခွင့်တွေအတူတူပဲ။ ခင်ဗျား နန်းတော်တစ်ခုလိုမယ်၊ ဦးထုပ် အနီတစ်လုံးလိုမယ်။ ခင်ဗျားနောက်မှာ ဘာပြောပြော ဟုတ်ကဲ့ပါဆရာလို့ ပြန်ပြောမယ့် လူတွေရှိ မယ်ဗျာ . . အဲဒီဘဝဟာ . . . အလွန်ဆိုးတယ်ဗျ လို့ သမ္မကြီး မူဂျီကာ က ပြောခဲ့ပါတယ်။
(၈) အာဏာရှင်အစိုးရလက်အောက်မှာ ထောင်(၁၄)နှစ်ကျကာ ဒုက္ခခံခဲ့ရသူ
- ထောင်ရဲ့ သီးခြားအခန်းထဲမှာ နေခဲ့ရတာဟာ ငါ့အပေါ်ကို ကြီးကြီးမားမား လွှမ်းမိုးမှုပေးခဲ့ပါတယ်။ ငါ့အတွက် စိတ်ခွန်အားတွေရှာတွေ့ခဲ့ရတယ်။ (၇)နှစ် (၈)နှစ်လောက် စာအုပ်တစ်အုပ်မှ မဖတ်ခဲ့ရဘူး။ ဒါကိုခုထိတွေးမိနေတုန်းပဲလို့ သမ္မတကြီးမူဂျီကာက ပြောခဲ့ပါတယ်။
မောင်တင်
ref: http://indy100.independent.co.uk/article/8-reasons-why-well-miss-jose-mujica-uruguays-maverick-president--e1t_MupEpl

Comments
Post a Comment