လူထုဒေါ်အမာ - အမေ့ရှေးစကား

မင်းတို့ စာများများဖတ်လာတဲ့အခါ လူ့တန်ဖိုးဆိုတာဘယ်လိုဟာဆိုတာကိုသိလာလိမ့်မယ်။သိတဲ့အခါ ရှိအောင်လုပ်ယူရတယ်။ အလကားနေရင်းဖြစ်လာတာမဟုတ်ဘူး။လူမှာ လူ့ကိစ္စအဝဝကို လုပ်ဆောင်တော့မယ်ဆိုတော့ သတ္တိ၊ ဗျတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခံနိုင်ရည် ဆိုတာတွေရှိနေအာင် မွေးရပါတယ်။ဒီအတိုင်း ပေါ့ပေါ့တန်တန်နဲ့ ပျော်ပျော်ပါးပါး နေချင်သူတစ်ယောက်မှာဒီလိုစိတ်ထားတွေက အလိုလိုဝင်မလာဘူး။ အားမထုတ်မကြိုးစားပဲနဲ့ ရေစုန်မျှောလိုက်ချင်တာလှေကြုံစီးလိုက်ချင်တာ ဆိုတာမျိုးတွေဖြစ်လာဝင်လာတတ်တယ်။ လူ့စိတ်ဟာရေလိုပါပဲ။မြင့်ရာကို ဆန်ချင်ရင် အားထုတ်ရတယ်။ နိမ့်ရာကို စီးဆင်းချင်ရင် အလိုလိုစီးဆင်းပါတယ်။
 
အမေ့ရှေးစကား(လူထုဒေါ်အမာ)

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး