သမိုင်းထဲက ဂုဏ်ပြုခြင်းခံရသူ

“သမိုင်းထဲက ဂုဏ်ပြုခြင်းခံရသူ”
မာရီဝေါ်ကာ (Mary Walker) ဟာ ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်ပြီး၊ အမျိုးသမီး    အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ကာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းစစ်ဖြစ်ပွားခဲ့စဉ် ကာလ အတွင်း အဆင့်မြင့်ဆုံး ဂုဏ်ပြု ဆုတံဆိပ် တစ်မျိုးဖြစ်တဲ့ Medal of Honor ကို ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

ငယ်ဘဝ
မာရီဝေါ်ကာကို ၁၈၃၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၊ အော့စ်ဝက်ဂို  မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၈၅၅ ခုနှစ်မှာ Syracuse Medical Collage မှ Doctor of Medicine ဘွဲ့ကိုရခဲ့ပါတယ်။ ကျောင်းပြီးတဲ့အခါ အိုဟိုင်းရိုးုပြည်နယ်၊ ကိုလန်ဘတ်စ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဆေးပညာလက်တွေ့လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် သမားတော် အဲဘာ့မီလာ (Albert Miller) နဲ့ လက်ထပ်ခဲ့ပြီး နယူးယောက်ပြည်နယ်၊ ရွန်း (Rome) မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
          ၁၈၆၁ ခုနှစ်၊ အမေရိကန်ပြည်တွင်းစစ် စတင်ဖြစ်ပွားပြီး စမှာပဲ မယ်ရီဝေါ်ကာဟာ ဝါရှင်တန်ဒီစီမြို့၊ မူပိုင်ခွင့်မှတ်ပုံတင်ရုံးဆေးရုံ (Patent Office Hospital) မှာ အလုပ်လုပ်နေရင်းကနေ စစ်ပွဲ အတွင်း သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကိုယ်တိုင် ဆန္ဒပြု ပါဝင်ခဲ့ပါတယ်။ ထို့နောက် ၁၈၆၂ ခုနှစ်မှာ New York Hygeio-Therapeutic ကောလိပ်မှ ဘွဲ့ထပ်ယူဖို့အတွက် တပ်ကထွက်ခဲ့ ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ တစ်ခါ တပ်ထဲကို ပြန်ဝင်ပြီး တာဝန်ထမ်းဆောင်ခဲ့ပြန်ပါတယ်။ ၁၈၆၃ ခုနှစ်အကုန်ပိုင်းလောက် မှာပဲ လက်ထောက်ခွဲစိတ် ဆရာဝန်အဖြစ် ရာထူးတိုးမြှင့်ခြင်းကို ခံခဲ့ရပါတယ်။


အဆင့်မြင့်ဆုံးဆု
မာရီဝေါ်ကာဟာ ၁၈၆၄ ခုနှစ်၊ ဧပရယ်လအတွင်းမှာ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရပါတယ်။ စစ်ပွဲအတွင်း သူလျှိုဖြစ်လုပ်ကိုင်တယ်လို့ စွပ်စွဲခံရတာကြောင့်ဖြစ်ပါတယ်။  သြဂုတ်လမှာပဲ ပြန်လည်လွတ်မြောက်လာပြီး လပေါင်းများစွာကြာအောင် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက် ဝါရှင်တန်ဒီစီကို ပြန်လာခဲ့ပါတယ်။ ၁၈၆၄ ခုနှစ်အကုန်မှာတော့ အမှတ်(၅၂) ခြေလျင်တပ်ရင်းမှာ လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ်လည်းကောင်း အမျိုးသမီးအကျဉ်းထောင် ဆေးရုံနဲ့ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာမှူးအဖြစ်လည်းကောင်း ထပ်မံတာဝန်ထမ်းဆောင် ခဲ့ရပါတယ်။ ၁၈၆၅ ခုနှစ်မှာပဲ အစိုးရအလုပ်ကနေ အနားယူပြီး စစ်ပွဲအတွင်း သူမရဲ့ ရဲဝင့်စွန့်စားမှုများ အတွက် Medal of Honor ဆုကို ပေးအပ် ချီးမြှင့်ခဲ့ အဆိုပါဆုကို လက်ခံရရှိတဲ့ ပထမဆုံး အမျိုးသမီးအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ပါတယ်။

စစ်ပွဲကြီးပြီးတဲ့အခါ
            အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းစစ်ပွဲကြီးပြီးဆုံးသွားတဲ့နောက်မှာတော့ မာရီဝေါ်ကာ ဟာ အမျိုးသမီးများမဲပေးခွင့်နဲ့ တန်းတူအခွင့်အရေးများအတွက် တက်ကြွစွာလှုပ်ရှားခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ၁၉၁၇ မှာ အမေရိကန်ပြည်ထောင်စုက Medal of Honor ဆုနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေ ပြောင်းလဲခဲ့တဲ့အတွက် ဆုရပြီးသား နာမည်စာရင်းကို ပယ်ဖျက်တဲ့အခါ မာရီဝေါ်ကာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ အဆိုပါဆုလည်ဆွဲကို ဆက်ဆွဲခဲ့ ပါတယ်။ အဲဒီနောက် ၂ နှစ်ခန့်အကြာ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကွယ်လွန်ခဲ့ပါတယ်။ သူမကွယ်လွန်ပြီး နှစ်ပေါင်း ၆၀ နီးပါးအကြာ ၁၉၇၇ ခုနှစ်အရောက်မှာတော့ အမေရိကန်သမ္မတ ဂျင်မီကာတာက မာရီဝေါ်ကာရဲ့ Medal of Honor ဆုကို ပြန်လည် အသိမှတ်ပြုမှတ်တမ်းတင်ခဲ့ပါတယ်။
                                                                                                                       မောင်တင်
Ref; http://www.biography.com/people/mary-walker-9522110






Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး