ကမ္ဘာတလွှားထင်ရှားသော ဘွဲ့ထူးဂုဏ်ထူးများ
ကမ္ဘာတလွှားထင်ရှားသော ဘွဲ့ထူးဂုဏ်ထူးများ
၁၈၀၂ ခုနှစ်၊ မေလ (၁၉)ရက်နေ့မှာ စစ်ဘုရင်ကြီး နပိုလီယံဘိုနာပတ်ဟာ ပြင်သစ်နိုင်ငံရဲ့ အမြင့်မားဆုံး ဆုတံဆိပ်ဖြစ်တဲ့ Legion of Honor ဆုကို ချီမြှင့်ခြင်းခံခဲ့ရပါတယ်။ အဆိုပါဆုဟာ ပြင်သစ်နိုင်ငံရဲ့ သူရဲကောင်းတွေကို နှင်းအပ်တဲ့ ဘွဲ့ထူးဂုဏ်ထူး ဆုပဲဖြစ်ပါတယ်။ ကမ္ဘာတလွှားက နိုင်ငံများစွာမှာ ထင်ရှားကျော်ကြားတဲ့ဆုတွေ၊ လေးစားမှုကိုပြသတဲ့ ဘွဲ့ဂုဏ်ထူးတွေ ရှိကြတဲ့အပြင် နိုင်ငံတကာဆိုင်ရာ အဖွဲ့စည်းတွေ နဲ့ပတ်သက်ရင်လည်း နယ်ပယ်ပေါင်းစုံအလိုက် အသီးသီးပေးအပ် ကြတာများလည်း ရှိကြပါတယ်။ ဆုတံဆိပ်များမှာလည်း သင်္ကေတ တွေ အထိမ်းအမှတ်တွေကို ထည့်သွင်းပုံဖော်ထားလေ့ရှိကြပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာတလွှားက ထင်ရှားကျော်ကြားတဲ့ ဆုတံဆိပ်တွေ (၁၀)ခု အကြောင်းကို အမှတ်စဉ် ၁၀ မှ ၁ အထိ ဖော်ပြပေးပါမယ်။
(၁၀) Pour Le Merite (Blue Max) Imperial Germany/Prussia
“Blue Max” လို့လည်းခေါ်ကြတဲ့ “Pour Le Merite” ဆုဟာ ထင်ရှားကျော်ကြားတဲ့ဆုတွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၄ ရာစုဝန်းကျင်အတောတွင်း အနောက်ဥရောပတိုင်းပြည်တစ်ခုဖြစ်တဲ့ ပရက်ရှားနိုင်ငံလေးမှာ ပေးအပ်ခဲ့တဲ့ ဆုအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ပရက်ရှားရဲ့ စစ်ပွဲဆိုင်ရာ အဆင့်မြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ်တစ်ခုဖြစ်ပြီး တိုက်ပွဲ ပေါင်းများစွာကို အသက်စွန့်ဆင်နွှဲခဲ့သူတွေကို အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆုကို စတင်အပ်နှင်းခဲ့စဉ်က ရွှေရောင် ဝက်သစ်ချရွက် ကို အနားကွပ်ပြီး ဆုတံဆိပ်အဖြစ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ဖြစ်ပွားစဉ်ကာလမှာ ဆုပေါင်း ၁၆၈၁ ခု အပ်နှင်းခဲ့ပြီး ၁၂၂ ခုကို ဝက်သစ်ချရွက်ပုံစံငယ်လေး အပ်နှင်းခဲ့ပါတယ်။ အခြားစစ်ပွဲဆိုင်ရာ ဆုတံဆိပ်တွေနဲ့ ကွဲပြားတဲ့ အချက်ကတော့ ဆုလက်ခံသူဟာ အသက်ရှင်ကျန်ရစ်သူပဲ ဖြစ်ရမယ်၊ ကွယ်လွန်ပြီးသူ မဖြစ်ရဘူးဆိုတာပါပဲ။ ဒါကြောင့် အဆိုပါ “Blue Max” ဆုတံဆိပ်ဟာ စစ်ပွဲတွေနဲ့ မျက်ရည်တွေကို ဖော်ညွှန်း ပါတယ်။
(၉) Hero of the Soviet Union, Soviet Union
ဆိုဗီယက်ယူနီယံက ပေးအပ်ခဲ့တစ်ခဲ့ ဆုဖြစ်ပြီး တခြား စစ်ပွဲဆိုင်ရာ ဆုတံဆိပ်တွေလိုပဲ ဆုတံဆိပ်တစ်မျိုးပဲဖြစ်ပါတယ်။ ၁၉၃၄ခုနှစ်မှ စတင်အပ်နှင်းခဲ့တာဖြစ်ပြီး လီနင်ရဲ့ အမိန့်နဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုက စစ်ပွဲအတွက်တင် မဟုတ်ပဲ နိုင်ငံရေးမှာ စွန့်လွှတ်အနှစ်နာခံ ဆောင်ရွက်ခဲ့သူတွေကိုလည်း ပေးအပ်တဲ့ အဆင့်မြင့် ဂုဏ်ထူးဆု တစ်မျိုးဖြစ်ပါတယ်။
(၈) Knights Cross of the Iron Cross, Nazi Germany
ပထမကမ္ဘာစစ်အတောတွင်း ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ ဂျာမန်စစ်သားတွေကို ပေးအပ်ခဲ့တဲ့ ဆုပဲဖြစ်ပါတယ်။ စစ်ပွဲဆိုင်ရာ အဆင့်မြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ်လည်း ဖြစ်ခဲ့ပါတယ်။ နည်းပညာ နယ်ပယ်မှာတော့ Grand Cross ဆုကို တစ်ကြိမ်သာလျှင် ပေးအပ် ခဲ့ပါတယ်။ အပ်နှင်းခြင်းခံရသူကတော့ ဟာမန်းဂိုးရင်း (Herman Goring) ပါ။ Luftwaffe လို့ခေါ်တဲ့ နာဇီ ဂျာမန်လေတပ်ကို ဖွဲ့စည်း တည်ထောင်သူဖြစ်ပါတယ်။ ဒါပေမယ့် စစ်ပွဲကြီး ပြီးဆုံးတဲ့အခါ နာဇီ ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် အဆိုပါ ဆုတံဆိပ်များလည်း ပျောက်ကွယ်ခဲ့ပါတယ်။
(၇) Purple Heart, United States
အမေရိကန်ပြည်ထောင်စုက ချီးမြင့်ခဲ့တဲ့ အဆိုပါ “Purple Heart” ဟာ တခြားနိုင်ငံတွေလိုပဲ စစ်ပွဲဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ် တစ်မျိုးဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်မှာ စတင်အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။
(၆) Medal of Freedom, United States
အမေရိကန်ပြည်ထောင်စုက ပေးအပ်တဲ့ အရပ်ဘက်ဆိုင် ရာအမြင့်မားဆုံး ဂုဏ်ပြုဆုတစ်မျိုးဖြစ်ပါတယ်။ လုံခြုံရေး၊ အမျိုးသား အကျိုးစီးပွား၊ ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍ အသီးသီးမှာ ကြိုးစားဆောင်ရွက်သူတွေကို အပ်နှင်းတဲ့ ဂုဏ်ထူးဆု ဖြစ်ပါတယ်။ ပထမဆုံးအပ်နှင်းခြင်းခံရသူကတော့ သမ္မတ ကနေဒီ ဖြစ်ပြီး ၁၉၆၃ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဆုကို စတင် စီစဉ်ခဲ့သူကတော့ အမေရိကန်သမ္မတ ထရူးမန်းဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ စတင်တီထွင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အရပ်ဘက် ဆိုင်ရာ ဂုဏ်ပြုဆုအတွက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
(၅) Olympic Gold Medal, International
အိုလန်ပစ် ရွှေတံဆိပ်ဆုဖြစ်ပြီး ၁၈၉၆ ခုနှစ်မှာစီစဉ်ကျင်းပ တဲ့ ကမ္ဘာ့ပထမဆုံး အိုလန်ပစ်ပြိုင်ပွဲကတည်းက ပုံစံအမျိုးမျိုးနဲ့ စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အားကစားနယ်ပယ် အသီးသီးက ထူးချွန်သူတွေကို အပ်နှင်းလေ့ရှိတဲ့ ဆုလည်းဖြစ်ပါတယ်။
(၄) Legion of Honor, France
ပြင်သစ်ဧကရာဇ် နပိုလီယန် က စတင်တီထွင်ခဲ့တဲ့ ဆုတံဆိပ်ဖြစ်ပြီး စစ်ဘက်၊ အရပ်ဘက် နှစ်ခုလုံးမှာ ချီးမြှင့်ခဲ့တဲ့ ဆုဖြစ်ပါတယ်။ ၁၈၀၂ ခုနှစ်မှာ စတင်အပ်နှင်းခဲ့ပါတယ်။
(၃) Victoria Cross, United Kingdom
VC လို့အတိုကောက် ခေါ်ဝေါ်ခဲ့ကြတဲ့ “Victoria Cross” ဆုကို ဗြိတသျှဘုရင်မကြီး ဗစ်တိုးရီးယားက စစ်ပွဲအတွင်း အသက်စွန့်ခဲ့သူများ၊ နိုင်ငံတကာမှ ထင်ရှား ကျော်ကြားသူများကို ပေးအပ်ချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။ စတင်ချီးမြှင့်ခဲ့တဲ့ နှစ်ကတော့ ၁၈၅၇ ခုနှစ်ပါ။ ၂၀၁၅ ခုနှစ်ထိ နောက်ဆုံးချီးမြှင့်ထားပါတယ်။
(၂) Nobel Prize, International
စာပေ၊ ဆေးပညာ၊ နည်းပညာ၊ ဂီတ စတဲ့ နယ်ပယ် အသီးသီးက ထင်ရှားကျော်ကြားကြသူတွေ စွန့်ဦးတီထွင်ကြသူတွေ၊ အသိပညာရှင် အတတ်ပညာရှင် တွေကို အပ်နှင်းတဲ့ နိုဘယ်ဆုဖြစ်ပါတယ်။ ၁၉၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လူနှင့် အဖွဲ့စည်းပေါင်း (၉၁၁) ခုကို ၅၇၉ ကြိမ် ပေးအပ်ပြီး ဖြစ်ပါတယ်။
(၁) The Medal of Honor, United States
အမေရိကန်ပြည်ထောင်စုက အပ်နှင်းတဲ့ အဆင့်မြင့်ဆုံး ဂုဏ်ပြုဆု တစ်မျိုးဖြစ်ပြီး ရဲဝင့်စွာ စွန့်လွှတ်စွန့်စားခဲ့သူကို အပ်နှင်း တဲ့ဆုလည်းဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်မှ ရွေးချယ်သူကို သမ္မတက အတည်ပြုဆုံးဖြတ်ပေးရပြီး ဆုလက်ခံရယူခဲ့သူအများစု က ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ ပေးအပ်ခြင်းခံရသူကတော့ နည်းပါတယ်။
မောင်တင်
Refs; main source from http://www.historyandheadlines.com/top-ten-prestigious-medals/ and other reliable sources
Comments
Post a Comment