Posts

Showing posts from 2015
Image
ကြည်အေး ရန်ကုန်မြို့၊ လှည်းတန်းရပ်တွင် အဖ ကုန်သည် ဦးဟန်၊ အမိဒေါ်ငွေယုန်တို့မှ ၁၉၂၉ ခုနှစ်တွင် မွေးဖွားသည်။  အမည်ရင်း ဒေါ်ကြည်ကြည်ဖြစ်သည်။ တတိယတန်းတွင် ပညာသင်ကြားနေစဉ် ဒုတိယကမ္ဘာစစ်ကြိး ဖြစ်သောကြောင့် စစ်လွတ်ရာပြေးရသည်။ စစ်ပြီးသောအခါ ကုလားအဖိုးကြီး ကေကေမီကြ ထံတွင် အင်္ဂလိပ်စာ သင်ကြားသည်။ ကျောင်း နှစ် နှစ်မျှ နေပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။ ဆေးပညာတတိယနှစ်တွင် ကျောင်းထွက်သည်။ ထို့နောက် ဝိဇာစာမေးပွဲကို ဖြေဆိုအောင်မြင်သည်။ နောင် ဆေးပညာ ပြန်လည်သင်ယူပြီး ဆရာဝန်ဘွဲ့ ရခဲ့သည်။ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာမအဖြစ်လည်း အမှုထမ်းဖူးသည်။     ၁၉၅၃ ခုနှစ်တွင် ဘဏ်မန်နေဂျာ ဦးတင်မြနှင့် အိမ်ထောင်ပြုသည်။ သားသမီး ၆ ဦး ထွန်းကားသည်။ ၁၉၇၂ ခု၊ ဒီဇင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားသည်။ ယခုအခါ အင်္ဂလန်ပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့ နေထိုင်ကာ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်ပြေးရင်း ကွမ်းခြံကုန်းမြို့ရှိ စာရေးဆရာကြီးများထံတွင် စာပေရေးရာမျာ း ဆည်းပူးခဲ့သည်။ တာရာမဂဇင်းတွင...

မျက်ဖြေလင်္ကာ

မျက်ဖြေလင်္ကာ" သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ၊ မက်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်၊ စိမ်းစည်မကွာ မင်းချမ်းသာကား သမုဒ္နရာ၊ ရေမျက်နှာထက် ခဏတက်သည့်၊ ရေပွက်ပမာ တစ်သက်လျာတည်း။ ကြင်နာသနား၊ ငါ့မအားသတ် ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ လူတကာတို့၊ ခန္ဓာခိုင်ကျည် အတည်မမြဲဖောက်လွှဲတတ်သည် မချွတ်စသာ သတ္တဝါတည်း။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက် သံသာစက်၌်၊ ကြိုက်လတ်တွန်မူ တုံ့မယူလို၊ ကြည်ညိုစိတ်သန် သခင်မွန်ကို၊ ချန်ဘိစင်စစ် အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။ (အနန ္တသူရိယအမတ်)
တက္ကသိုလ်ဘုန်းနိုင်အထ္တုပတ္တိ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ကို ရန်ကုန်တိုင်း သန်လျင်မြို့တွင် အဖ ဦးထွန်းဖေ အမိ ဒေါ် ကျင်မေ တို့က ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီလ ၁၆ရက် ကြာဿပ တေး နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ ငယ်နာမည်မှာ မောင် ဖေသိန်း ဖြစ်ပြီး အမည် ရင်းမှာ ဦးခင်မောင် တင့် ဖြစ်ပါတယ် သန်လျင် တွံ့တေး သုံးခွ မြို့ မက်ထရစ် ကျောင်းမှ ပြည်မြို့ ပေါင်းတည် အစိုးရ အထက် တန်း ကျောင်း မှာ ပညာသင်ကြားခဲ့ပါတယ်။ ဗုဒ္ဓစာ ပေကို ထုံးဘို ကိုးဆောင်တွဲ ကျောင်းမှာ သင်ကြားခဲ့ပါတယ်။ ်ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် သည် ၁၉၄၈ ခုနှစ်တွင် ရန်ကုနိ တက္ကသိုလ် မှာ ပညာ သင်ကြား ခဲ့ပြီး ၁၉၅၅ ခုနှစ် တွင် စိတ်ပညာနဲ့ ဝိဇ္ဇာဂုဏ်ထူး ဘွဲ့ ရခဲ့ပါတယ် ၁၉၅၉ -၆၁ ခုနှစ် တွင် အ မေ ရိကန် နိုင် ငံ New York မြို့ ကိုလံဘီယံ တက္ကသိုလ် ဘွဲ့လွန်ဌာန မှ မဟာဝိဇ္ဇာ ဘွဲ့ကို ရှိခဲ့ပါတယ် ။ ၁၉၅၅ ခုနှစ် တွင် Mandalay University စိတ်ပညာဌာန ကို စ တင် တည်ထောင် သူ ဌာနမှူး ၁၉၆၂ -၇၂ ခုနှစ် မှာ တောင်ကြီး ကောလိပ် ကျောင်းအုပ်ကြီး ၁၉၇၂ -၇၇ တွင် ပုသိမ်ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ၁၉၇၇ -၈၅ တွင် မော်လမြိုင် ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ၁၉၈၆ -် ၈၈ တွင် မော်လမြိုင် တက္ကသိုလ် ဒုတိယ ပါမေ...

ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No-7

Image
ကမ္ဘာ့အကာင်းဆုံးစာကြဘ့်တိုက်များ No-7 * * * * * * * * * * * * * * * * * * * * * * * * * ဒီတစ်ခါ နံပါတ် ၇ ချိတ်တာကတော့ ဘော့စတွန်က အများပြည်သူပိုင် စာကြည့်တိုက်ပါပဲ။ ထိုစာကြည့်တိုက်ဟာ အမေရိကန်ပြည်ထောင်စုမှာ အများပြည်သူ အတွက်ဆိုပြီး ပထမဆုံး ဖွင့်လှစ်ခဲ့တာ ြဲ့ဖစ်ပါတယ်။ ၁၈၄၈ ခုနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ စာအုပ်ပေါင်း ၂၂ သန်းကျော် ပိုင်ဆိုင်လာပြီဖြစ်တဲ့ အတွက် အမေရိကန်ရဲ့ ဒုတိယမြောက် အကြီးဆုံး ဖြစ်လာပါပြီ။ ထိုစာကြည့်တိုက်တွင် ဂျွိုဆန်(Johson) အဆောက်အအုံ နဲ့ လှပသော မက်ကင်(MacKim) အဆောက်အအုံ ဆိုပြီးနှစ်ခု ရှိပါတယ်။ မက်ကင်ဟာ သုတေသန လုပ်ငန်းနဲ့ ပြပွဲတွေအတွက် ရည်ရွယ်ထားရှိပြီး ၁၈၉၅ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ (တကယ်တော့ ကျွန်တော်ပြောချင်တာက သူတို့တိုင်းပြည်တွေမှာ စာကြည့်တိုက်တွေကို ဘယ်လိုအားပေးတယ်။ စာဖတ်သူတွေကို ဘယ်လိုပံ့ပိုးပေးတယ်ဆိုတာကို မြင်စေချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေလည်း စာကြည့်တိုက်တွေနဲ့ စာအုပ်တွေ ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ရဲ့ ကလေးတွေ ငယ်ငယ်လေးကတည်းက စာဖတ်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ ကြီးပြင်းလာကြဖို့ လုပ်ဆောင်ကြရမှာ ကျွန်တော်တို့ တာဝန်ပဲ မဟုတ်လားဗျာ) မော...

ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No-6

Image
ကမ္ဘာ့အကောင်းဆုံးကြည့်တိုက်များ No-6 * * * * * * * * * * * * * * * * * * * * * * * -* * အီတလီနိုင်ငံ၊ ဗန်းနစ်မြို့မှာရှိတဲ့ စိန့်မာ့(ခ်) အမျိုးသားစာကြည့်တိုက်ကတော့ ၁၆ရာစုဝန်းကျင်က ဗိသုကာပညာ များနဲ့ အနုပညာမြောက်စွာ ဆောက်လုပ်ထားပြီး ကမ္ဘာ့ ဂန္တဝင် လက်ရာများကို စုစည်းထားတဲ့ စာကြည့်တိုက်တစ်ခုဖြစ်ပါတယ်။ အချိန်အတော်ကြာကြာယူ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၅၃၇ ခုနှစ်မှာ စတင်ခဲ့ပါတယ်။  ဒါပေမယ့် စာအုပ်များ စုစည်းခြင်းကိုတော့ ၁၄၆၈ ခုနှစ်ကတည်းက ကက်သလစ် ချပ်ကျောင်း အကြီးအမှူးကြီး ဘက်(စ်)စရီရွန် က သူ့ကိုယ်ပိုင် စုစည်းမှုများ ဖြစ်တဲ့ မုရင်းစာမူပေါင်း ၂၅၀နဲ့ အနုပညာလက်ရာပါင်း ၇၅၀ ကို လှူဒါန်းခဲ့ခြင်းကစခဲ့တာဖြစ်ပါတယ်။  ၁၆၀၃ ခုနှစ်အစောပိုင်းလောက်မှာတော့ ဗန်းနစ်မြို့ က ထုတ်ဝေတဲ့ စာအုပ်မှန်သမျှ အမျိုးသားစာကြည့်တိုက်ကို တစ်အုပ်စီ မဖြစ်မနေ ပေးရမယ့် ဥပဒေ တစ်ရပ်ထွက်ပေါ်လာပါတယ်။ ယနေ့ခေတ်မှာတော့ အဆိုပါ ဗန်းနစ်အမျိုးသား စာကြည့်တိုက်ဟာ သန်းပေါင်းများစွာသော စာအုပ်များ၊ မူရင်းစာမူပေါင်း ၁၃၀၀၀ ကျော်၊ ၁၅၀၅ ခုနှစ်က ထုတ်ဝေခဲ့သော စာအုပ်ပေါင်း ၂၈၈၃ အုပ် အပြင် ၁၆ ရာစု အတွင်းက စာအုပ်များ ၂၄၀၀၀ ကျော်ထားရှိပါတယ်။ (ကျွန်တော်...

ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ

Image
ကမ္ဘာ့အကောင်းဆုံးကြည့်တိုက်များ No-5 * * * * * * * * * * * * * * * * * * * * * * * -* * ရောမနိုင်ငံ၊ ဗာတီကန်မြို့က ဗာတီကန် စာကြည့်တိုက်ကတော့ ကတ်သလစ် ဘာသာဝင်တွေရဲ့ အကြီးအမှူးတွေ အုပ်ချုပ်မှုအောက်မှာရှိပြီး ကမ္ဘာ့ ရှေးအကျဆုံး စာကြည့်တိုက်များထဲက တစ်ခု ဖြစ်ပါတယ်။ ခရစ်နှစ် ၁၄၇၅ ခုနှစ်တုန်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပေမယ့် တကယ်တမ်းတော့ ချပ်ကျောင်း တွေ စတင်ပေါ်ပေါက်ကတည်းက တည်ရှိခဲ့တာပါ။ အဆိုပါ ကျောင်းမှာတော့ နှစ်ပေါင်းများစွာကတည်းက ရရှိလာတဲ့ အလှူငွေတွေနဲ့ စာအုပ်များကို စုစည်းမှု ပြုလုပ်ထားတာဖြစ်ပါတယ်။ ယခုအခါမှာတော့ စာအုပ်ပေါင်း ၁ . ၁ သန်းကျော်၊ မူရင်းစာမူပေါင်း ၇၅၀၀၀ ၊ နဲ့ ၁၅၀၅ ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ စာအုပ် စာတမ်းတွေ ၈၅၀၀ ကျော်ရှိပါတယ်။ ထိုစာကြည့်တိုက်မှာ ရှေးအကျဆုံး ခရစ်ယာန်ကျမ်းစာအုပ်များနဲ့ အေဒီ ၆၀၀ ခန့်မှ ၁၅၀၀ ခန့်အတွင်း က မူရင်းစာမူတွေလည်း များစွာ ပိုင်ဆိုင်ထားပါတယ်။ မောင်တင် www.notesofreaders.blogspot.com ref; http://www.thebestcolleges.org/amazing-libraries

ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No - 4

Image
ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No-4 * * * * * * * * * * * * * * * * * * * * * * * * * * * နာမည်ကျော် ရေး(လ်) တက္ကသိုလ် (Yale University) က Beinecke Rare Book and Manuscript စာကြည့်တိုက်ဟာ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ထားကြပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အရည်အသွေးကတော့ ရှားပါးတဲ့ စာအုပ်များနဲ့ မူရင်းစာအုပ်များကို ရှာဖွေသိမ်းဆည်းခြင်းပဲဖြစ်ပါတယ်။ အဆိုပါ စာကြည့်တိုက်ရဲ့ အဆောက်အအုံပိုင်း ပြင်ဆင်မှုကတော့ အံမခန်းပါပဲ။ များစွာသော ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်ကြတဲ့ Rudyard Kipling, D.H. Lawrence, Sinclair Lewis, နဲ့ Joseph Conrad တို့ရဲ့ စာအုပ်များ အထူးစုစည်းထားရှိမှုများလည်း ရှိပြန်ပါတယ်။ Beinecke စာကြည့်တိုက်ရဲ့ အလယ်ပိုင်း စာအုပ်စင်တွေထားတဲ့ဘက်ကိုတော့ မှန်နံရံကြီးတွေနဲ့ အလှဆင်ထားပြီ အလင်းရောင် တိုက်ရိုက်ထိမှုကိုကာကွယ်တဲ့အနေနဲ့ မီးရောင် ဖျော့ဖျော့လေး ထွန်းထားပါတယ်။ အများပြည်သူအတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး များစွာသော ရှားပါး အဖိုးတန် စာအုပ်များနှင့် တစ်က္ဘာလုံး ၄၈ အုပ်တည်းသာ ရှိသော Gutenberg Bible (ရာစုနှစ်များစွာက စာအုပ်ဖြစ်ပြီး သတ္ထုနဲ့ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ ကျွန်တော်လည်းဒီလောက်ပဲနားလည်ပါတယ်။ ပ...

ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No-3

ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No-3 * * * * * * * * * * * * * * * * * * * * * * * * * The Reading Room လို့ခေါ်ကြတဲ့ (စာဖတ်ခန်း) ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က British ပြတိုက်မှာတည်ရှိပါတယ်။ ထိုအဆောက်အဦးမှာ အမိုးခုံးခုံး ပုံသဏ္ဍာန်ရှိပြီး အတွင်းပိုင်း မျက်နှာပြင်ကိုတော့ စက္ကူများနဲ့ ပြုလုပ်ထားတာ အလှဆင်ထားပါတယ်။ မှတ်ပုံတင်ထားသော သုတေသန ပြုကြသူများကိုသာ လက်ခံခဲ့စဉ်အချိန်က အဆိုပါ စာဖတ်ခန်းမမှ ထင်ပေါ်ကျော်ကြားကြသူများဖြစ်တဲ့ Karl Marx, Oscar Wilde, Mahatma Ghandi, Rudyard Kipling, George Orwell, Mark Twain, Lenin, နဲ့ H.G. Wells တို့ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ အဆိုပါ စာကြည့်တိုက်မှ စာအုပ်များကို British စာကြည့်တိုက်အသစ်ကို လွှဲပြောင်းခဲ့ပါတယ်။ ယခုအခါမှာတော့ သတင်းအချက်အလက်ဆိုင်ရာ စင်တာ တစ်ခုအနေနဲ့ တည်ရှိပြီး သမိုင်း၊ အနုပညာ၊ ခရီးသွား နဲ့ အဆိုပါ ပြတိုက်နဲ့ပါတ်သက်သော ဘာသာရပ်များသာ ထားရှိပါတော့တယ်။ ဒါ့အပြင် တရုတ်ပြည်ရဲ့ ပထမဆုံး အင်ပါရာ တပ်မတော်ရဲ့ သမိုင်းပြပွဲကို ၂၀၀၆ ခုနှစ်ကတည်းက ပြသပွဲများ ကျင်းပပေးလျက်ရှိပါတယ်။ မောင်တင် www.notesofreaders.blogspot.com ref; http://www.theb...
Image
ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No -2 * * * * * * * * * * * * * * * * * * * * * ဘော့ဒ်လေရန် စာကြည့်တိုက်ဟာ နာမည်ကြီး Oxford တက္ကသိုလ်ရဲ့ စာကြည့်တိုက်ပဲဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး ဥရောပရဲ့ ရှေးကျတဲ့ စာကြည့်တိုက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ၁၁ သန်းကျော် အမျိုးအစားပေါင်းစုံစာအုပ်များ အပြင် များစွာသော သမိုင်းဆိုင်ရာ စာအုပ်များ၊ (၁၂၁၅ ခုနှစ်တွင် အင်္ဂလန်ဘုရင် ဂျွန်နဲ့ စတီဖင် လန်တွန်တို့ ရေးသားခဲ့သော) Magna Carta ကော်ပီလေးခု၊ တစ်ကမ္ဘလုံးလေးအုပ်တည်းသာရှိသော စာအုပ်တစ်အုပ်၊ ၁၆၂၃ ခုနှစ်က ရှိတ်စပီးယားရဲ့ ဖော်လီယို ဝတ္ထု တို့ ရှိကြပါတယ်။ အဆိုပါစာကြည့်တိုက်တွင် အဆောက်အအုံပေါင်းများစွာရှိသော်လည်း စိတ်ဝင်စားဖို့ အကောင်းဆုံးမှာ ၁၇၃၇ - ၁၇၄၉ တွင်ဆောက်လုပ်ခဲ့ပြီး Radcliffe Science စာကြည့်တိုက်ဟုပြောင်းလဲခဲ့တဲ့ Radcliffe Camera ပဲဖြစ်ပါတယ်။ အဆိုပါ Radcliffe Camera အဆောက်အအုံမှာ အင်္ဂလန်ရှိ စက်ဝိုင်းပုံစံ စာကြည့်တိုက်များထဲတွင် အစောဆုံးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်  “Young Sherlock Holmes”, “The Saint”, “The Red Violin”, နဲ့ “The Golden Compass”. အပါအဝင် များစွာသော ရုပ်ရှင်များသည်လည်း အဆိုပါ...
Image
ကမ္ဘာအကောင်းဆုံး စာကြည့်တိုက်များ No - 1 * * * * * * * * * * * * * * * * * * * * * * * * ကွန်းဂရက်(စ်) စာကြည့်တိုက် (Congress Library) ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့မှာ တည်ရှိပြီး အမေရိကန်ရဲ့ ရှေးဟောင်း အမွေအနှစ်လို့ပြောရမှာပါ။ အဆိုပါ စာကြည့်တိုက်တွင် အဆောက်အအုံ ၃ ခုခွဲခြားထားပြီး စာအုပ်စဉ်ကြီးများ၏ ကျယ်ဝန်းမှု၊ အမျိုးအစားစုံလင်မှုတို့ကြောင့် ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်လိ့ု သတ်မှတ်ထားပါတယ်။ ထိုစာကြည့်တိုက်သည် အများပြည်သူအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း စာအုပ်များကို စစ်ဆေးကြပ်မပ်ခြင်းကိုတော့ အမေရိကန် ပြည်ထောင်စု အစိုးရ အကြီးအကဲ တချို့ နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်များက လုပ်ဆောင်ပါတယ်။ အဆိုပါစာကြည့်တိုက်တွင် စာအုပ်ပေါင်း ၃၂ သန်း၊ မူရင်းစာမူ စာအုပ်ပေါင်း ၆၂ သန်းကျော်၊ တစ်ကမ္ဘာလုံး လေးအုပ်သာရှိသော ဥရောပတွင်ပထမဆုံး  ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်၊ ၃ နိုင်ငံကထုတ်ဝေတဲ့ သတင်းစာပေါင်း ၁ သန်းကျော်၊ မြေပုံပေါင်း ၅ သန်းကျော်၊ တေးဂီတ စာရွက်ပေါင်း ၆ သန်းခန့် နှင့် ဓာတ်ပုံပေါင်း ၁၄ သန်းကျော်ထားရှိပါတယ်။ မောင်တင် www.notesofreaders.blogspot.com ref; http://www.thebestcolleges.org/amaz...

Love your Daddy(နှလုံးသားအာဟာရ)

တစ်ရက်မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ယောက်က သူ့အဖေကိုဒီလိုမေးပါတယ်။ ''အဖေ သမီး အသက် ၁၅ နှစ်ပြည့်မွေးနေ့မှာ ဘာပေးမလဲ'' လို့မေးတဲ့အခါ အဖေက '' အချိန်တွေအများကြီးကျန်ပါသေးတယ် သမီးရယ်'' လို့ပြန်ပြောပါတယ်။ သမီးလေး အသက် ၁၄ နှစ်ကျော်လာတဲ့အခါမှာတော့ ဆေးရုံတက်ဖို့ အကြောင်းဖန်လာပါတယ်။ ဆရာဝန်ရဲ့ပြောစကားအရတော့ ''ခင်ဗျားသမီးဟာ ဆိုးရွားတဲ့ နှလုံးရောဂါကို ခံစားနေရလို့ မကြာခင် သေဖို့နီးစပ်နေပါတယ်''။ အိပ်ယာထဲလဲနေတဲ့ သမီးက သူ့အဖေ့ကို ပြောပါတယ်. . '' သူတို့က သမီးကို သေတော့မှာလို့ပြောသလား အဖေ'' ။ ''မဟုတ်ပါဘူးသမီးရယ် သမီးအသက်ဆက်ရှင်မှာပါ'' လို့ အဖြေပေးလိုက်ပါတယ်။ ''သေချာလို့လား အဖေရယ်'' လို့ သမီးကပြန်မေးတော့ ''သေချာတာပေါ့သမီးရယ်'' လို့ပြန်ပြောလိုက်ပါတယ်။ သိပ်မကြာခင်ရက်ပိုင်းမှာပဲ မိန်းကလေးဟာ ဆေးရုံကဆင်းနိုင်ပြီး သူ့ နှလုံးဟာလည်း ပြန်လည်ကောင်းမွန်လာပါတယ်။ သူမ အသက် ၁၅ နှစ်ပြည့်မွေးနေ့ရောက်တော့ သူမရဲ့ အိပ်ယာပေါ်မှာ စာလေးတစ်စောင်တွေ့ပါတယ်။ ''သိပ်ချစ်ရတဲ့ သမီး. . .သမီးဒီစာကိုဖတ်နေတဲ့ အချိန်...

ဖေမြင့်၏ လူနာစောင့်အမှတ်ခြောက်စာအုပ်မှ နတ်နွယ်၏ အမှာစာ

စာပေလောကတွင် အစုအဝန်းလေးတွေရှိဖို့ လိုအပ်သည်။ စာပေအစုအဝန်းဆိုသည်မှာ ဂိုဏ်းမဟုတ်ပါ။ ဂိုဏ်းဂဏ ဝါဒများ မွေးဖွားရန် မဟုတ်ပါ။ အထုံဝါသနာ တူညီသူအများ၊ အခြေခံ အတွေးအခေါ်တူညီသူများ စုဝန်းပြီး စာအကြောင်း၊ ပေအကြောင်း ဆွေးနွေးကြဖို့ လိုပါသည်။ မိမိတို့ မြန်မာစာပေ အခြေအနေနှင့် နိုင်ငံတကာ စာပေအခြေအနေများကို မှန်မှန်ကန်ကန် နှိုင်းယှဉ်သုံးသပ်ပြီး လက်ရှိကာလတွင် မည်သည့်စာအုပ်ကို ဖတ်သင့်သည်ကိုလည်းကောင်း၊ မည်သည့် စာပေ မည်သည့် အကြောင်းအရာမျိုးကို ရေးသားသင့်သည်ကိုလည်းကောင်း၊ မည်သို့သော စာအုပ်များကို ထုတ်သင့်သည်ကိုလည်းကောင်း ဆွေးနွေးတိုင်ပင်ကြဖို့ လိုပါသည်။

တရားဂုဏ်တော် (၆) ပါး

ဗုဒ္ဓမြတ်စွာ၏ ဓမ္မသည် အမှန်အတိုင်း ထုတ်ဖော်ဟောကြားတတ်သည့် ''သွက္ခာတ'' ဂုဏ်တော်နှင့်ပြည့်စုံ၏။ မှန်ကန်စွာဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်ကြံအားထုတ်ခြင်းဖြင့် သိနိုင်သောကြောင့် ''သန္ဒိဠိကော'' ဟုဆို၏။ ကိုယ်တိုင်သိနိုင် မြင်နိုင်သည့် အတိုင်း သိမြင်သည်နှင့် တစ်ပြိုက်နက် ချက်ချင်းအကျိုး ခံးစားရသဖြင့် ''အကာလိကော'' ဟုဆို၏။ တကယ်လုပ် အဟုတ်ဖြစ်ခြင်းကြောင့် လာလေ လုပ်ကြည့်ပါလားဟု ဖိတ်ခေါ်တိုက်တွန်းအပ်သောကြောင့် ''ဧဟိပဿိကော'' ဟုဆို၏။ တစ်ကြိမ်တစ်ခါသာ လုပ်ရမှာမဟုတ်ပဲ စွဲမြဲစွာ နှလုံးသားထဲ ထည့်ထား ဆောင်ထားရမည့် တရားမျိုးဖြစ်သည့်အတွက် ''သြပနေယျိကော'' ဟုဆို၏။ စိတ်ထဲနှလုံးသားထဲ ရောက်နေပြီဆိုလျှင် ကိုယ်စီ ကိုယ်စီ ဓမ္မရသ၊ ဝိမုတ္တိရသ တို့ခံစားရမှာ သေချာပေသည်။ သို့အတွက် ''ပစ္စိတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' ဟုဆို၏။

Oxford University အပိုင်း (၃)

Oxford University အပိုင်း (၃) * * * * * * * * * * * * * * * * * * Oxford က အထင်ကရတွေ Oxford ဟာ အင်္ဂလန်ရှိ တခြားတက္ကသိုလ်တော်တော်များများ ွနဲ့ ယှဉ်ရင် ငွေကြေးပိုင်းဆိုင်ရာ လွန်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ Oxford တက္ကသိုလ်က ဘွဲ့ရသူတွေဟာ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်အသီးသီးမှာ တကယ့်ကို အောင်မြင်ကြသူတွေဖြစ်ကြလို့ပါပဲ။ လေးစားဂုဏ်ယူဖို့ကောင်းတာကတော့ ချမ်းသာကြွယ်ဝကြတဲ့ Oxford ကျောင်းဆင်းတွေဟာ . . . သူတို့ကျောင်းကို မကြာခဏဆိုသလို အကြီးအကျယ် ထောက်ပံ့အလှူပြုကြပါသတဲ့။ များသောအားဖြင့်တော့ ငွေကြေးလှူဒါန်းကြတာ ဖြစ်ပါတယ် ။ ဒါဟာ ကျောင်းအပေါ်မှာ သူတို့ သံယောဇဉ်ဘယ်လောက်ကြီးတယ် စေတနာဘယ်လောက်ထားသလဲဆိုတာရယ် ပညာရေးအပေါ် အလေးပေးထားတဲ့ အတွက် ်ကြောင့်ပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတွေကတော့ ရာသက်ပန် လှူဒါန်းကြပါတယ်။ (ဒါတွေနဲ့ပဲ ပညာသင်ဆုတွေ ပေးချေတာလို့ထင်မိပါတယ်* * စာရေးသူအမြင်) ပညာသင်စရိတ်တွေကတော့ ဘွဲ့ကြိုတက်သူ တစ်ယောက်အနေနဲ့ တစ်နှစ်ကို ပေါင် ၁၄၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး ဆေးပညာသင်ယူသူ တွေ အတွက်တော့ ပေါင် ၃၀၀၀၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ် ။ ( တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၁.၅ ဒေါ်လာခန့် ရှိပါတယ်)။ Oxford ဟာ လာရောက်ပညာသင်ယူ သူတ...

စာအုပ်အညွှန်း - ချစ်ကြွေးမပြေ (မောင်ထွန်းသူ)

#စာအုပ်အညွှန်း ရုရှားစာရေးဆရာ Alexander Pushkin ရေးတဲ့ Dubrosky (ဒူဘရောစကီး) ကို ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ #ချစ်ကြွေးမပြေ နဲ့မိတ်ဆက်ပေးပါရစေ။ တစ်ခေတ်တစ်ခါက မူရင်းစာရေးသူကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ မြေရှင် ပဒေသရာဇ် ခေတ်ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အင်အားကြီးသူ က အင်အားငယ်သူ တစ်နည်းအားဖြင့် အင်အားမရှိသူတို့ကို အနိုင်ကျင့် ဗိုလ်ကျတဲ့ အရင်းရှင်စနစ်ဆိုးကို မီးမောင်းထိုးပြထားပြီး။ မြေယာတွေဆုံးရှုံးရလို့ စိတ်ထိခိုက်ကာ ကွယ်လွန် အနိစ္စရောက်ရတဲ့ ဖခင်ကြောင့် သားဖြစ်သူ ဒူဘရောစကီးရဲ့ရန်ငြိုး၊ ဘယ်လောက်ပဲ အမုန်းတရားတွေကြီးမားပါစေ အချစ်နဲ့တွေ့တဲ့အခါ အရာရာကို ခွင့်လွှတ်နိုင်စွမ်းရှိအောင် ပြောင်းပေးနိုင်တဲ့ သူဌေးကြီးသမီးဖြစ်သူ မာရှာတို့ရဲ့ လွမ်းမောဖွယ် ဝတ္ထုတစ်ပုဒ်ကို ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ် ။

Oxford University အပိုင်း (၂)

ကောလိပ်များရဲ့ တက္ကသိုလ် Oxford တက္ကသိုလ်မှာ ကောလိပ်ပေါင်း ၃၉ ခုပါဝင်ပါတယ်။ ဒါဟာ စုပေါင်းဖွဲ့စည်းမှုသဘောဖြစ်ပါတယ်။ ကောလိပ်တစ်ခုဆီမှာ သူနဲ့သက်ဆိုင်တဲ့ သမိုင်းကိုယ်စီရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ကျောင်းတံဆိပ်တွေ၊ အထိမ်းအမှတ်တွေ၊ အားကစားအသင်းတွေ စသည်ဖြင့် ဖွဲ့စည်းထားတာလည်း ရှိပြန်ပါတယ်။ ကောလိပ်တော်တော်များများကတော့ ဘာသာရပ်တော်တော်များများကို ပို့ချသင်ကြားပေးပါတယ်။ ဥပမာ စိန့် ဟေ(လ်)ဒါ ကောလိပ်မှာတက်ရောက်ပညာသင်ကြားသူတွေ အနေနဲ့ သမိုင်း၊ ပြင်သစ်၊ ဥပဒေ၊ အင်္ဂလိပ်၊ ဂန္ဓဝင်စာပေ၊ အနုပညာ၊ သချာၤဘာသာရပ်တို့ အပြင် အခြားဘာသာရပ်များကို သင်ကြားနိုင်မှာဖြစ်ပါတယ်။ ကောလိပ်တစ်ခုမှာ ပုံမှန်အားဖြင့် ကျောင်းသားပေါင်း ၅၀၀ ခန့် တက်ရောက် ပညာသင်ကြားနိုင်ကြပါတယ်။ Oxford တက္ကသိုလ်က ကောလိပ်တွေမှာ Champion Hall ကလွဲပြီး ကျန်တာတွေက တစ်ခုနဲ့ တစ်ခု ရောနှောထားသလိုပါပဲ။ ဒါကြောင့် ကောလိပ်တစ်ခုနဲ့ တစ်ခုဆိုတာ သိပ်မကွာလှပါဘူး။ အဲဒီတော့ ကျောင်းသားတွေ အနေနဲ့ ဘယ်ကောလိပ်ပဲတက်တက် ပညာရပ်တွေကို တူညီစွာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကောလိပ်ပထမနှစ် ကျောင်းသားတွေဟာ ကျောင်းက စီမံပေးသလိုပဲ နေထိုင်ရပါတယ်။ ပထမနှစ်ပြီးမှသာ ကျောင်းကစီမံသလို နေချင်...

Oxford University အပိုင်း (၁) * * * * * * * * * * * *

Oxford University ဟာ ကမ္ဘာ့ အကျော်ကြားဆုံး တက္ကသိုလ် တစ်ခုလို့ပြောရင်တော့ သေချာပေါက်လက်ခံရမှာပါ။ အင်္ဂလန် သမိုင်းမှာ အစောဆုံး တည်ထောင်ခဲ့တဲ့ တက္ကသိုလ် တစ်ခုလည်းဖြစ်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်း (Cameron) အပါဝင် ဇင်ဘာဘွေ၊ အမေရိကန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂါနာ၊ နော်ဝေ၊ မြန်မာ၊ သြစတေးလျ ၊ ဘယ်ဂျီယံ၊ အိန္ဒိယ၊ ပိုလန်နဲ့ အခြားနိုင်ငံပေါင်းများစွာက ပညာတတ်ပေါင်း များစွာကို မွေးထုတ်ပေးခဲ့ပါတယ်။ Oxford တက္ကသိုလ်နဲ့ Cambridge တက္ကသိုလ်တို့ ဟာ ပညာရေးမှာ တစ်ခုနဲ့ တစ်ခု ဆက်နွယ်မှု ရှိနေကြပါတယ်။ အင်္ဂလန် နိုင်ငံမှာရှိတဲ့ အကောင်းဆုံး တက္ကသိုလ်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ Oxford တက္ကသိုလ်ဟာ ကမ္ဘာ့ အတော်ဆုံး အကောင်းဆုံးပါဆိုတဲ့ ကျောင်းသားတွေကို ရွေးချယ်စီစစ်မှုက ဆွဲဆောင်လျက်ရှိပါတယ်။ သူတို့မှာ အကောင်းဆုံးသင်ကြားရေးစနစ်တွေ ရှိပါတယ်။ အင်္ဂလန်နိုင်ငံရှိ ကျောင်းသားတွေ၊ ဆရာတွေအပါအဝင် ပညာရေးကို အလေးထားကြသူတွေရဲ့ ၂၅ ရာခိုင်နှုန်းက Oxford ဒါမှမဟုတ် Cambridge မှာပဲ တက်ရောက်သင်ကြားကြပါတယ်။ Oxford တက္ကသိုလ် ရဲ့ မူလရင်းမြစ် ကို လူသိနည်းလှပါတယ်။ တက္ကသိုလ်ကို တစ်ခါမှ မရောက်ဖူးသူကို တက္ကသိုလ်အကြောင်းတိတိကျကျပြောပြဖို...

မိုးသစ်တိမ် by မောင်ချောနွယ်

မိုးသစ်တိမ် မိုးသစ်တိမ်ကလေးရေ မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက် မရိုးခဲ့ကြဘူး။ မိုးသစ်တိမ်ကလေးရေ မင်းနှလုံးသား စီးဆင်းရာဆီ ငါလာခဲ့ပါတယ်။ မင်းလည်းပဲ ငါ့နှလုံးသား စီးဆင်းရာဆီ လာခဲ့ပါတယ်။ မတည်ငြိမ်တဲ့အချိန်ထဲမှာ ငါတို့တွေ အိမ်ယာဖွဲ့မိကြတယ်။ မိုးသစ်တိမ်ကလေးရေ မင်းနဲ့ ငါနဲ့ တစ်ခုမှ မတောင့်တတော့ နှစ်ခုရတယ် တစ်ခုလောက်တောင်းတမိတဲ့အခါကျတော့ တစ်ခုမှ မရခဲ့ကြဘူးလေ. . .။ (မောင်ချောနွယ်) ICON သြဂုတ်၊ ၂၀၁၁။

လမ်းမပျောက်ပါ

နေမထွန်းလည်း လဝန်းဖြူစင်၊ ထွန်းလျက်ပင်တည့်။ လမသာလည်း တာရာရွှန်းစို၊ ထွန်းလျက်ကိုတည့်။ လမင်းမထိန် ကြယ်ရောင်မှိန်လည်း အိမ်ပေါက်ဝတွင်၊ မီးခွက်ပြင်၍ ထွန်းတင်အုံးမည်ပါတကား။ (တင်မိုး) ၁၃.၈.၆၃

အလှကိုယ်စီ

ဖိုးလှမင်းလည်း သူ့အဆင်းနှင့်၊ အလင်းနှင့်။ မီးတိုင်ငယ်လည်း သူ့အရွယ်နှင့်၊ အစွယ်နှင့်။ စံပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့်၊ ငုံဖူးနှင့်။ ပိတောက်ဝါလည်း သူ့အခါနှင့်၊ နံ့သာနှင့်။ မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့်၊ လှိုင်းယက်နှင့်။ စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့်၊ လောင်းလှေနှင့်။ မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်။ သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏။ အလှဝန်တို၊ မငြင်ငြိုနှင့် ဝန်တိုမှုသာ၊ မလှရာတည့် ။ သူ့ဂုဏ်သူ့သိန်၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား။

ဆရာမြင်းမူမောင်နိုင်မိုး၏ ထိုတစ်နေ့ ကဗျာ

ထိုတစ်နေ့ ရွှေထီးလေးလက် ၊ ဖြန့်ဝန်းကျက်၍ ငြိမ်သက်အိပ်ပျော် ၊ နေဘိသော်လျှင် ခေါ်၍မကြား ၊ အော်မကြားချေ တရားရှုမှတ် ၊ နေဘိလတ်သို့ ပါးစပ်စေ့ကာ ၊ ချ မျက်လွှာနှင့် ခုခါရုပ်ဆင်း ၊ မပျက်ယွင်းဘဲ ဝင်းစက်သားရေ ၊ နဂိုနေနှင့် အမေသေပန်း ၊ ပွင့်လေပြီ။ မကြားချင်ဆုံး မကြည့်ချင်ဆုံး မမြင်ချင်ဆုံး အဆုံးတစ်ကွေ့ ထိုတစ်နေ့ကို မတွေ့ ရအောင် ဘယ်သို့ရှောင်လည်း ရှောင်လွှဲမရ ၊ အနိစ္စကို စိတ်ကသိလည်း ၊ ဖြေနိုင်ခဲစွ ပွဲတွေ့အပူ ၊ သဲမြေ့ဆူသည် ဘယ်သူသိနိုင်ပါ့မလဲ အမေ.....။ မေးချင်တာလေး ၊ မေး၍မရ ကျွေးချင်တာလေး ၊ ကျွေး၍မရ ပေးချင်တာလေး ၊ ပေး၍မရ မရလေလေ ၊ ရချင်လေပါ အမေမရှိ ၊ အဖေမရှိ မိဘမဲ့သား ၊ မျက်ကွယ်ထားလျက် သွားရက်ခဲ့ပြီနော် အမေ....။ အမေ့ထံပါး ၊ သမီးသားတို့ ဝပ်တွားတုပ်ကွ ၊ ကန်တော့ကြပြီ ထကာငိုကြွေး ၊ ယခင်ရှေးလို ဆုမပေးနိုင်တော့ဘူးနော် အမေ.....။ သြော်..... မေးချင်တာလေး ၊ မေး၍မရ ကျွေးချင်တာလေး ၊ ကျွေး၍မရ ပေးချင်တာလေး ၊ ပေး၍မရ ရနိုင်သူများ ၊ သတိထားဖို့ ရှိထားအမေ ၊ တာဝန်ကျေဖို့ ဆုခြွေဆင့်ပွား ၊ မေတ္တာအားဖြင့် အမေ့သား ကဗျာရေးမိပါသည် သာဓုခေါ်နိုင်ပါစေ အမေ....။ မြင်းမူမောင်နိုင်မိုး

သီတဂူဆရာတော်ကြီး သြဝါဒ

ခရစ်ယာန် ဘာသာ အစ္စရေးမှာစပေါ်ပေါက်တယ်။ အစ္စလာမ်ဘာသာ ဆော်ဒီအာရေဗီရ မှာပေါ်ပေါက်တယ်။ ဗုဒ္ဓဘာသာ အိန္ဒိယ မှာပေါ်ပေါက်တယ်။ ဟိန္ဒူ ဘာသာ အိန္ဒိယ မှာပေါ်ပေါက်တယ်။ ကမ္ဘာ့ဘာသာကြီး၄ခုလုံးအရှေ့အာရှမှာကြီးပဲပေါ်ပေါက်တယ်။ ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲဆိုတာ။ We are very fortunate. အဲ့အချိန်အနောက်တိုင်းမှာကပင်လယ်ဓားမြတို့၊ခိုးဆိုး၊လုယက်တာတွေပဲရှိသေးတယ်။သို့သော်ယခုခေတ်မှာတော့ ဘာသာတွေစတင်မထွန်းကားခဲ့တဲ့အနောက်တိုင်းကအရှေ့တိုင်းသားတွေထက်ပိုပြီးရုပ်ဝတ္ထုတွေတိုးတက်နေတာတော့ဘာကြောင့်လဲဆိုတာကိုလေ့လာသင့်တယ်။ Physically progress and mentally progress. အနောက်ပိုင်းကရုပ်ဝတ္ထုပစ္စည်းအနေနဲ့တိုးတက်ပေမယ့်ကျုပ်တို့အရှေ့ပိုင်းကတော့စိတ်ဓာတ်ရေးရာအနေနဲ့တိုးတက်တယ်။ ပစ္စည်းဥစ္စာတိုးတက်ခေတ်မီတာကိုလိုချင်ရင်ခင်ဗျားတို့အမေရိကန်တို့အင်္ဂလန်တို့သာပြောင်းနေကြပေတော့။ဟုတ်လား။ ဒါကိုဂုဏ်ယူသင့်တယ်။ ကျုပ်တို့အရှေ့တိုင်းကကြိုက်တဲ့အိမ်ကိုတံခါးခေါက်ထမင်းလေးကျွေးပါဆိုရင်ထမင်းလေးပေးလိုက်ကျွေးလိုက်ကြမယ့်သူတွေရှိပေမယ့်အနောက်တိုင်းမှာကျသားသမီးနဲ့မိဘတောင်သွားလည်ရင်တစ်ခါတစ်လေထမင်းမစားခဲ့ရဘူး။ကြိုချိန်းမထားလို့ဘယ်သူမှမရှိဘူးဆိုတာမျိုး၊ ကျုပ်တို့ဆီမှာ...

ကဗျာဆရာကြီးတင်မိုး ၏ ကဗျာ ခြေလှမ်းမှားသူ

ကျွန်တော်က ချိုးမယ်လာ ရွှေကြာက ချိုအေး လေသာသာ ရေပြာဝိုင်းကာ လှိုင်းကန့်ကွက်သေး။ ကျွန်တော်ကချိုးခဲ့တယ် ကြာနွယ်က တစ်ပါတ်နွမ်း မြကန်သာ သီတာငိုလို့ ကြာညိုကို ကျွန်တော်ထားခဲ့တယ် မှားတဲ့ ခြေလှမ်း။ (ကဗျာပေါင်းချုပ်စာအုပ်မှ)

အထုပတ္တိစာပေ ဖတ်ရှုတော့မည်ဆိုလျှင်

အတ္ထုပတ္တိ စာပေ ဖတ်ရှုတော့မည်ဆိုလျှင် ဆရာကြီး ဦးအောင်သင်းရဲ့ စာအုပ်ညွှန်း ကိုpublic လုပ်ပါရစေ မြန်မာဝန်ကြီးမှူးကြီးများအတ္ထုပတ္တိ မှော်ပီ ဆရာသိန်း ပီမိုးနင်း၏ ပီမိုးနင်း ရဲဘော်သုံးကျိပ် မြဒေါင်းညို သူလိုလူ ဂျာနယ်ကျော် မမလေး ဘဝတစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ရွှေဥဒေါင်း ဘုံဘဝမှာဖြင့် သခင်တင်မြ ဂျပန်ခေတ် စစ်ဆေးရုံကြီးဝယ် ဒေါက်တာမြင့်ဆွေ သော်တာဆွေ၏ သော်တာဆွေ ဘသက်ရှည် သို့မဟုတ် ဦးဖေမောင်တင် မလေးလုံ ဒဂုန်တာရာ၏ ဒဂုန်တာယာ ကျွန်တော့်အချစ်ဦး ဦးသိန်းဖေမြင့် ဆရာကြီးက နောက်ဆုံးဘာပြောလဲဆိုတော့ သူအကြိုက်ဆုံးက ရာဇဓိရာဇ် အရေးတော်ပုံ အံ့သြသွားသလားတဲ့ ု

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

~~~~~~~~~~~~~~ ☆ အာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိထူထောင်ပြီဆိုလျှင် ဘာလုပ်ရမလဲ? ☆ မိမိရဲ့ ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားပြီး တင်ပလ္လင်ခွေ ထိုင်ပါ၊ အ ထက်ပိုင်း ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားပြီးတဲ့ အချိန်အခါမှာ မိမိရဲ့ သတိကလေးကို ကမ္မဋ္ဌာန်းသို့ ရှေးရှုတည်နေပါစေ။ ဒီနေရာမှာ ကမ္မဋ္ဌာန်း ဆိုတာက ဘာကို ကမ္မဋ္ဌာန်းခေါ်သလဲလို့ မေးလျှင်တော့ အာရုံကိုပဲ  ကမ္မဋ္ဌာန်းလို့ခေါ်ပါတယ်။ အာရုံက ဒီနေရာမှာ အာနာပါနဆိုတော့ ဝင်လေ ထွက်လေ ဖြစ်ပါတယ်။ ဒီဝင်လေထွက်လေကို ဘယ်နေရာကနေ စောင့် ကြည့်ရမလဲလို့ မေးလျှင်တော့ ☆ ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားတဲ့အတွက် ဝင်လေထွက်လေ ထိထိသွားတဲ့နေရာက စောင့်ပြီး သတိကို ကပ်ပြီး ရှုပွားသုံးသပ်မှ ဒီအာနာ ပါနဿ တိသမာဓိဘာဝနာသည် ပြည့်စုံနိုင်တယ်လို့ ဒီလို သတ်မှတ်ချက် ပေး ထားတဲ့အတွက် ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဆိုတဲ့ ဒီနှစ်နေရာမှာ တစ်နေရာကနေ စောင့်ကြည့်ရပါ တယ်။ ဒီလို ထိမှုထင်ရှားတဲ့ တစ်နေရာကနေ စောင့်ပြီးတော့ ဝင်လေ ထွက် လေဆိုတဲ့ အာရုံမှာ သတိကလေးက ရှေးရှုတည်နေပါစေ။ သတိကလေး ကပ်ထားပါ။ ကပ်ပြီးတော့ ဘာလုပ်မလဲ? ☆ ဝင်လေထွက်လေမှာ သတိမြဲအောင် ကြိုးစားရမယ်...

လူထုဒေါ်အမာ - အမေ့ရှေးစကား

မင်းတို့ စာများများဖတ်လာတဲ့အခါ လူ့တန်ဖိုးဆိုတာဘယ်လိုဟာဆိုတာကိုသိလာလိမ့်မယ်။သိတဲ့အခါ ရှိအောင်လုပ်ယူရတယ်။ အလကားနေရင်းဖြစ်လာတာမဟုတ်ဘူး။လူမှာ လူ့ကိစ္စအဝဝကို လုပ်ဆောင်တော့မယ်ဆိုတော့ သတ္တိ၊ ဗျတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခံနိုင်ရည် ဆိုတာတွေရှိနေအာင် မွေးရပါတယ်။ဒီအတိုင်း ပေါ့ပေါ့တန်တန်နဲ့ ပျော်ပျော်ပါးပါး နေချင်သူတစ်ယောက်မှာဒီလိုစိတ်ထားတွေက အလိုလိုဝင်မလာဘူး။ အားမထုတ်မကြိုးစားပဲနဲ့ ရေစုန်မျှောလိုက်ချင်တာလှေကြုံစီးလိုက်ချင်တာ ဆိုတာမျိုးတွေဖြစ်လာဝင်လာတတ်တယ်။ လူ့စိတ်ဟာရေလိုပါပဲ။မြင့်ရာကို ဆန်ချင်ရင် အားထုတ်ရတယ်။ နိမ့်ရာကို စီးဆင်းချင်ရင် အလိုလိုစီးဆင်းပါတယ်။   အမေ့ရှေးစကား(လူထုဒေါ်အမာ)