ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No-7
ကမ္ဘာ့အကာင်းဆုံးစာကြဘ့်တိုက်များ No-7
* * * * * * * * * * * * * * * * * * * * * * * * *
ဒီတစ်ခါ နံပါတ် ၇ ချိတ်တာကတော့ ဘော့စတွန်က အများပြည်သူပိုင် စာကြည့်တိုက်ပါပဲ။ ထိုစာကြည့်တိုက်ဟာ အမေရိကန်ပြည်ထောင်စုမှာ အများပြည်သူ အတွက်ဆိုပြီး ပထမဆုံး ဖွင့်လှစ်ခဲ့တာ
ြဲ့ဖစ်ပါတယ်။ ၁၈၄၈ ခုနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ စာအုပ်ပေါင်း ၂၂ သန်းကျော် ပိုင်ဆိုင်လာပြီဖြစ်တဲ့ အတွက် အမေရိကန်ရဲ့ ဒုတိယမြောက် အကြီးဆုံး ဖြစ်လာပါပြီ။ ထိုစာကြည့်တိုက်တွင် ဂျွိုဆန်(Johson)
အဆောက်အအုံ နဲ့ လှပသော မက်ကင်(MacKim) အဆောက်အအုံ ဆိုပြီးနှစ်ခု ရှိပါတယ်။ မက်ကင်ဟာ သုတေသန လုပ်ငန်းနဲ့ ပြပွဲတွေအတွက် ရည်ရွယ်ထားရှိပြီး ၁၈၉၅ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
(တကယ်တော့ ကျွန်တော်ပြောချင်တာက သူတို့တိုင်းပြည်တွေမှာ စာကြည့်တိုက်တွေကို ဘယ်လိုအားပေးတယ်။ စာဖတ်သူတွေကို ဘယ်လိုပံ့ပိုးပေးတယ်ဆိုတာကို မြင်စေချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေလည်း စာကြည့်တိုက်တွေနဲ့ စာအုပ်တွေ ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ရဲ့ ကလေးတွေ ငယ်ငယ်လေးကတည်းက စာဖတ်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ ကြီးပြင်းလာကြဖို့ လုပ်ဆောင်ကြရမှာ ကျွန်တော်တို့ တာဝန်ပဲ မဟုတ်လားဗျာ)
မောင်တင်
www.notesofreaders.blogspot.com
ref; http://www.thebestcolleges.org/amazing-libraries
Comments
Post a Comment