တက္ကသိုလ်ဘုန်းနိုင်အထ္တုပတ္တိ

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ကို ရန်ကုန်တိုင်း
သန်လျင်မြို့တွင် အဖ ဦးထွန်းဖေ အမိ ဒေါ် ကျင်မေ
တို့က ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီလ ၁၆ရက် ကြာဿပ တေး
နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ ငယ်နာမည်မှာ မောင် ဖေသိန်း
ဖြစ်ပြီး အမည် ရင်းမှာ ဦးခင်မောင် တင့် ဖြစ်ပါတယ်
သန်လျင် တွံ့တေး သုံးခွ မြို့ မက်ထရစ် ကျောင်းမှ
ပြည်မြို့ ပေါင်းတည် အစိုးရ အထက် တန်း ကျောင်း မှာ
ပညာသင်ကြားခဲ့ပါတယ်။ ဗုဒ္ဓစာ ပေကို ထုံးဘို ကိုးဆောင်တွဲ
ကျောင်းမှာ သင်ကြားခဲ့ပါတယ်။
်ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် သည် ၁၉၄၈ ခုနှစ်တွင်
ရန်ကုနိ တက္ကသိုလ် မှာ ပညာ သင်ကြား ခဲ့ပြီး
၁၉၅၅ ခုနှစ် တွင် စိတ်ပညာနဲ့ ဝိဇ္ဇာဂုဏ်ထူး ဘွဲ့ ရခဲ့ပါတယ်
၁၉၅၉ -၆၁ ခုနှစ် တွင် အ မေ ရိကန် နိုင် ငံ New York
မြို့ ကိုလံဘီယံ တက္ကသိုလ် ဘွဲ့လွန်ဌာန မှ မဟာဝိဇ္ဇာ ဘွဲ့ကို
ရှိခဲ့ပါတယ် ။ ၁၉၅၅ ခုနှစ် တွင် Mandalay University စိတ်ပညာဌာန ကို စ တင် တည်ထောင် သူ ဌာနမှူး
၁၉၆၂ -၇၂ ခုနှစ် မှာ တောင်ကြီး ကောလိပ်
ကျောင်းအုပ်ကြီး ၁၉၇၂ -၇၇ တွင် ပုသိမ်ဒီဂရီကောလိပ်
ကျောင်းအုပ်ကြီး ၁၉၇၇ -၈၅ တွင် မော်လမြိုင် ဒီဂရီကောလိပ်
ကျောင်းအုပ်ကြီး ၁၉၈၆ -် ၈၈ တွင် မော်လမြိုင် တက္ကသိုလ်
ဒုတိယ ပါမောက္ခချုပ် ၁၉၈၈ တွင် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်
တာဝန်မှ အနားယူခဲ့ပါတယ်။ ၁၉၆၄ မှ ၁၉၈၄ ထိ တက္ကသိုလ် ပညာရေး
ဘွဲ့များ ကောင် စီ အဖွဲ့ ဝင် တက္ကသိုလ် များ ဗဟို ကောင် စီ အင်္ဖဲ့ွ ဝင်
တာဝန်များ ထမ်း ဆောင် ခဲ့ ပါ တယ်။ မြန်မာ ပညာ ရေး လေ့လာ ရေး
အဖွဲ့ ခေါင်း ဆောင် အဖြစ် ၁၉၇၇ ခုနှစ် တွင် Japan ၁၉၈၃ တွင် China
၁၉၈၁ တွင် ပညာ ရေး အထူး လေ့လာ ရေး အဖွဲ့ ဒုတိယ ခေါင်း ဆောင်
အဖြစ် Japan နိုင် ငံ သို့ သွား ရောက် ခဲ့ပါတယ်။ ၁၉၉၉ -၂၀၀၀ ပြည့်နှစ်တွင် Asian -Korea ယဉ်ကျေးမှု ခေါင်းဆောင် တွေ့ဆုံပွဲ
တွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဝင် အဖြစ် Korea နိုင် ငံ သို့
သွားရောက်ကာ စာတမ်းများ ပြုစု ရေးသား ခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ် ဖေ ဖော် ဝါရီ လထုတ် တော်ဝင် မဂ္ဂဇင်းပါ လ ရောင် နှင့်
အရိပ် ဝတ္ထုမှာ ပထမဆုံး အကြိမ် အဖြစ် ပုံနှိပ် ခြင်း ခံခဲ့ရပါတယ်။
မောင် ပါ ဆွန်း ရဲ့ Moon Light ကို မှီငြမ်း ခြင်း ဖြစ်ပါတယ်။
လုံးချင်း ဝတ္ထု အပုဒ် ၃၀ နီးပါးရေးသား ခဲ့ပြီး ထင ရှားခဲ့သော ဝတ္ထု ရှည်
များမှာ ညီမ လေးရယ် စိုး ရိမ်မိတယ် ၁၉၅၈
သူ့ကျွန် မခံပြီ ၁၉၅၉
လွမ်း ၁၉၆၂
မိုးည အိမ်မက် မြူ ၁၉၆၂
ဤမြေ မှသည် ၁၉၆၃
စိမ်း နေ အုံးတော့မည့် ကျွန်တော့မြေ ၁၉၆၃
မောင့်ဘဝ ည အလား ကွယ် ၁၉၆၃
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် ၁၉၆၄
ချစ်သော ဤက မ္ဘာ ၁၉၆၄
လွမ်းတေး မဆုံး စေနှင့် စောသခင် ၁၉၆၅
က မ္ဘာ ကုန် ကျယ် သ ရွေ့ ၁၉၆၆
နွေ ကန္တာ ဦး ၁၉၆၈
တပြည်သူ မ ရွှေထား ၁၉၇၁
နှင်း ငွေ တစ်ထောင့် မိုး တ မှောင့် ၁၉၇၂
တို့မှာ ထင် ရှားခဲ့ပါတယ်။
တန်ခူး လေ နှင့် လျော့ တော့ သည် ၁၉၅၈
ပိတောက်ပန်း နှင့်ကြိုပါမည် မာရီယာ ၁၉၆၁
ဂရုဏာ မိခင် ၁၉၆၃
တို့ကို လည်း ရေးသား ခဲ့ပါတယ်။
ဝတ္ထုတိုများကိုလည်း ရေးသားပြုစု ခဲ့ရာ ၎င်းတို့ကို ပြန်လည် ထုတ်ဝေ
ခဲ့သည့် ၁၉၆၅ ခုနှစ်တွင် ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁ ။ ၂ ။ ၃။
၁၉၉၃ တွင် ဝိဉာဏ်မှာဖူးသည့် ကြည်နူးမှု အလှပန်း။ ်
ကျွန်တော့် ဘဝ ပိ တောက် ကမ္ဘာ တို့ကို စုစည်း ထုတ်ဝေ ခဲ့ပါတယ်။
စာပေ အနုပညာ ဆိုင် ရာ ကျမ်းများ မှာ ဘုန်းနိုင် အ တွေး ဘုန်းနိုင်
အမြင် ၁၉၉၇ ။၁၉၉၄တွင် ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမ တွဲ။
ဒုတိယတွဲ ၂၀၀၀ ပြည့် နှစ်တွင် ပညာရဲ့ သ ဘော ။ ၂၀၀၂ ခုနှစ်တွင်
အမြင် သို့အာရုံညွှန့် တက်ခြင်း ။ ရုပ် ရှင် တေး ကဗျာ မဂ္ဂဇင်း တွင်
၂၄ လ တိုင် တိုင် အခန်း ဆက် ဖော်ပြခဲ့သည့် လီရာနာ ဂင်္ဂါ ဧရာဝတီ
နှင့် ကဗျာ၏ သင်္ခါ ရ နှင့် နိယာမ တို့ ဖြစ်သည်။ Englishှ မြန်မာနှစ်
ဘာသာ ကဗျာ စာအုပ် များ မှာ ရှားလော့ ဒေဝီ
၁၉၉၆ နှင့် တမ်းတ မိခြင်း ၁၉၉၇တို့ ဖြစ်ပါတယ်။ နိုင် ငံ ခြားဘာသာ
သို့ ပြန်ဆို ခဲ့သည်များမှာ ရုရှား ဘာသာသို့ သူကျွန်မခံပြီ ၁၉၇၀
တရုတ် ဘာသာ သို့ စွန့်ခွာခဲ့ ရသည့် နွေညများ ၁၉၉၈ ။
အီဒင် ဘာသာ သို့ သူငယ်ချင်း လို့ပဲ ဆက်၍ ခေါ်မည်ခိုင် ၁၉၉၄ နှင့်
မုန်းရစ်လေဦး တို့ပဲ ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ မှာ ဂျပန် နိုင် ငံ
အိုဆာကာ တက္ကသိုလ် မြန်မာစာ ဌာန တွင် ပြဌာန်း စာအုပ် အဖြစ်
သတ်မှတ်ခဲ့ပါတယ်။ နှင်းငွေ တစ်ထောင့် မိုးတ မှောင့် ဖြင့် ၁၉၇၃
တွင် အမျိုးသားစာပေ ဆု ရခဲ့ပါတယ်။ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်
သည်၂၀၀၂ မေဟလ ၁၀ ရက် သောကြာ နေ့ နံနက် ၇နာရီ အမှတ်
၆၃ ဓမ္မရောင်ခြည် ကျောင်းလမ်း အမှုထမ်း ရပ်ကွက် သန်လျင် မြို့
တွင် ကွယ်လွန် ခဲ့ပါတယ်။ ဆရာကြီး ကွယ်လွန်ချိန် တွင် ဇနီးသည်
ဒေါ်နီနီခင် သား သမီးများမှာ ဒေါ်မို့မို့ ဆွေ ဒေါ်ရီရီခင် ဦးငွေဇင်
ဦးကျော်ဇင် ဦးနိုင် ဝင်း တို့ နှင့် မြေး (၁၀)ယောက် ကျန်ခဲ့ပါတယ်။

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး