ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ
ကမ္ဘာ့အကောင်းဆုံးကြည့်တိုက်များ No-5
* * * * * * * * * * * * * * * * * * * * * * * -* *
ရောမနိုင်ငံ၊ ဗာတီကန်မြို့က ဗာတီကန် စာကြည့်တိုက်ကတော့ ကတ်သလစ် ဘာသာဝင်တွေရဲ့ အကြီးအမှူးတွေ အုပ်ချုပ်မှုအောက်မှာရှိပြီး ကမ္ဘာ့ ရှေးအကျဆုံး စာကြည့်တိုက်များထဲက တစ်ခု ဖြစ်ပါတယ်။ ခရစ်နှစ် ၁၄၇၅ ခုနှစ်တုန်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပေမယ့် တကယ်တမ်းတော့ ချပ်ကျောင်း တွေ စတင်ပေါ်ပေါက်ကတည်းက တည်ရှိခဲ့တာပါ။ အဆိုပါ ကျောင်းမှာတော့ နှစ်ပေါင်းများစွာကတည်းက ရရှိလာတဲ့ အလှူငွေတွေနဲ့ စာအုပ်များကို စုစည်းမှု ပြုလုပ်ထားတာဖြစ်ပါတယ်။ ယခုအခါမှာတော့ စာအုပ်ပေါင်း ၁ . ၁ သန်းကျော်၊ မူရင်းစာမူပေါင်း ၇၅၀၀၀ ၊ နဲ့ ၁၅၀၅ ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ စာအုပ် စာတမ်းတွေ ၈၅၀၀ ကျော်ရှိပါတယ်။ ထိုစာကြည့်တိုက်မှာ ရှေးအကျဆုံး ခရစ်ယာန်ကျမ်းစာအုပ်များနဲ့ အေဒီ ၆၀၀ ခန့်မှ ၁၅၀၀ ခန့်အတွင်း က မူရင်းစာမူတွေလည်း များစွာ ပိုင်ဆိုင်ထားပါတယ်။
မောင်တင်
www.notesofreaders.blogspot.com
ref; http://www.thebestcolleges.org/amazing-libraries
Comments
Post a Comment