ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No - 4
ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No-4
* * * * * * * * * * * * * * * * * * * * * * * * * * *
နာမည်ကျော် ရေး(လ်) တက္ကသိုလ် (Yale University) က Beinecke Rare Book and Manuscript စာကြည့်တိုက်ဟာ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ထားကြပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အရည်အသွေးကတော့ ရှားပါးတဲ့ စာအုပ်များနဲ့ မူရင်းစာအုပ်များကို ရှာဖွေသိမ်းဆည်းခြင်းပဲဖြစ်ပါတယ်။ အဆိုပါ စာကြည့်တိုက်ရဲ့ အဆောက်အအုံပိုင်း ပြင်ဆင်မှုကတော့ အံမခန်းပါပဲ။ များစွာသော ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်ကြတဲ့ Rudyard Kipling, D.H. Lawrence, Sinclair Lewis, နဲ့ Joseph Conrad တို့ရဲ့ စာအုပ်များ အထူးစုစည်းထားရှိမှုများလည်း ရှိပြန်ပါတယ်။
Beinecke စာကြည့်တိုက်ရဲ့ အလယ်ပိုင်း စာအုပ်စင်တွေထားတဲ့ဘက်ကိုတော့ မှန်နံရံကြီးတွေနဲ့ အလှဆင်ထားပြီ အလင်းရောင် တိုက်ရိုက်ထိမှုကိုကာကွယ်တဲ့အနေနဲ့ မီးရောင် ဖျော့ဖျော့လေး ထွန်းထားပါတယ်။ အများပြည်သူအတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး များစွာသော ရှားပါး အဖိုးတန် စာအုပ်များနှင့် တစ်က္ဘာလုံး ၄၈ အုပ်တည်းသာ ရှိသော Gutenberg Bible (ရာစုနှစ်များစွာက စာအုပ်ဖြစ်ပြီး သတ္ထုနဲ့ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ ကျွန်တော်လည်းဒီလောက်ပဲနားလည်ပါတယ်။ ပုံကိုတော့ မြင်ဖူးပါတယ်) တို့ ထားရှိပါတယ်။ ကျွန်တော်ဒါနဲ့ဆို ကမ္ဘာ့ထိပ်တန်းစာကြည့်တိုက်များကို ဘာသာပြန်တာ လေးခုမြောက်ပါပြီ။ ဒီ စာကြည့်တိုက်က သူတို့ စာရင်းထဲမှာ နံပါတ်လေး ချိတ်တာပါ။ ကျွန်တော်တို့နိုင်ငံတက္ကသိုလ်တွေမှာရော ဒီလိုခမ်းနားကြီးကျယ်တဲ့ စာကြည့်တိုက်တွေ။ စာဖတ်သူတွေကို အားပေးမှုတွေရှိရဲ့လားဆိုတာ အတွေးထဲ မေးမိနေပါတော့တယ်။
မောင်တင်
www.notesofreaders.blogspot.com
ref; http://www.thebestcolleges.org/amazing-libraries

Comments
Post a Comment