ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No-6
ကမ္ဘာ့အကောင်းဆုံးကြည့်တိုက်များ No-6
* * * * * * * * * * * * * * * * * * * * * * * -* *
အီတလီနိုင်ငံ၊ ဗန်းနစ်မြို့မှာရှိတဲ့ စိန့်မာ့(ခ်) အမျိုးသားစာကြည့်တိုက်ကတော့ ၁၆ရာစုဝန်းကျင်က ဗိသုကာပညာ များနဲ့ အနုပညာမြောက်စွာ ဆောက်လုပ်ထားပြီး ကမ္ဘာ့ ဂန္တဝင် လက်ရာများကို စုစည်းထားတဲ့ စာကြည့်တိုက်တစ်ခုဖြစ်ပါတယ်။ အချိန်အတော်ကြာကြာယူ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၅၃၇ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့် စာအုပ်များ စုစည်းခြင်းကိုတော့ ၁၄၆၈ ခုနှစ်ကတည်းက ကက်သလစ် ချပ်ကျောင်း အကြီးအမှူးကြီး ဘက်(စ်)စရီရွန် က သူ့ကိုယ်ပိုင် စုစည်းမှုများ ဖြစ်တဲ့ မုရင်းစာမူပေါင်း ၂၅၀နဲ့ အနုပညာလက်ရာပါင်း ၇၅၀ ကို လှူဒါန်းခဲ့ခြင်းကစခဲ့တာဖြစ်ပါတယ်။ ၁၆၀၃ ခုနှစ်အစောပိုင်းလောက်မှာတော့ ဗန်းနစ်မြို့ က ထုတ်ဝေတဲ့ စာအုပ်မှန်သမျှ အမျိုးသားစာကြည့်တိုက်ကို တစ်အုပ်စီ မဖြစ်မနေ ပေးရမယ့် ဥပဒေ တစ်ရပ်ထွက်ပေါ်လာပါတယ်။ ယနေ့ခေတ်မှာတော့ အဆိုပါ ဗန်းနစ်အမျိုးသား စာကြည့်တိုက်ဟာ သန်းပေါင်းများစွာသော စာအုပ်များ၊ မူရင်းစာမူပေါင်း ၁၃၀၀၀ ကျော်၊ ၁၅၀၅ ခုနှစ်က ထုတ်ဝေခဲ့သော စာအုပ်ပေါင်း ၂၈၈၃ အုပ် အပြင် ၁၆ ရာစု အတွင်းက စာအုပ်များ ၂၄၀၀၀ ကျော်ထားရှိပါတယ်။
(ကျွန်တော်တို့နိုင်ငံမှာရော မြို့အသီးသီးမှာ အမျိုးသားစာကြည့်တိုက်တွေ အင်တိုက်အားတိုက် ပေါ်ပေါက်လာမလား ၊ ကျွန်တော်တို့နဲ့ နောင်မျိုးဆက်တွေ အကောင်အထည်ဖော်နိုင်မလား၊ ကျောင်းတွေမှာရှိသော စာကြည့်တိုက်ဗီရိုများကို သော့ခတ်ထားကြအုံးမလား၊ ဗန်းနစ်က ဥပဒေလိုမျိုး ဥပဒေတစ်ရပ်ဖြစ်ထွန်းလာနိုင်သလား၊ ယနေ့ခေတ် Policy Maker များကပါ အားပေးဖော်ဆောင်နိုင်မလား ဆိုတဲ့ လား ပေါင်းများစွာသော မေးခွန်းတွေ ဟာ အတွေးထဲ ပလုံစီလို့နေပါတော့တယ်)
မောင်တင်
www.notesofreaders.blogspot.com
ref; http://www.thebestcolleges.org/amazing-libraries
Comments
Post a Comment