အလှကိုယ်စီ
ဖိုးလှမင်းလည်း
သူ့အဆင်းနှင့်၊ အလင်းနှင့်။
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့်၊ အစွယ်နှင့်။
စံပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့်၊ ငုံဖူးနှင့်။
ပိတောက်ဝါလည်း
သူ့အခါနှင့်၊ နံ့သာနှင့်။
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့်၊ လှိုင်းယက်နှင့်။
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့်၊ လောင်းလှေနှင့်။
မည်သည့်အရာ၊ မဆိုသာတည့်
သူ့မှာကိုယ့်မှာ၊ အလှသာတည့်။
သဘာဝလျှင်
အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏။
အလှဝန်တို၊ မငြင်ငြိုနှင့်
ဝန်တိုမှုသာ၊ မလှရာတည့် ။
သူ့ဂုဏ်သူ့သိန်၊ သူ့အရှိန်နှင့်
အချိန်အခါ၊ နေရာဒေသ
ဌာနအလျောက်၊ အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါတကား။
သူ့အဆင်းနှင့်၊ အလင်းနှင့်။
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့်၊ အစွယ်နှင့်။
စံပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့်၊ ငုံဖူးနှင့်။
ပိတောက်ဝါလည်း
သူ့အခါနှင့်၊ နံ့သာနှင့်။
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့်၊ လှိုင်းယက်နှင့်။
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့်၊ လောင်းလှေနှင့်။
မည်သည့်အရာ၊ မဆိုသာတည့်
သူ့မှာကိုယ့်မှာ၊ အလှသာတည့်။
သဘာဝလျှင်
အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏။
အလှဝန်တို၊ မငြင်ငြိုနှင့်
ဝန်တိုမှုသာ၊ မလှရာတည့် ။
သူ့ဂုဏ်သူ့သိန်၊ သူ့အရှိန်နှင့်
အချိန်အခါ၊ နေရာဒေသ
ဌာနအလျောက်၊ အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါတကား။
Comments
Post a Comment