လမ်းမပျောက်ပါ

နေမထွန်းလည်း
လဝန်းဖြူစင်၊ ထွန်းလျက်ပင်တည့်။

လမသာလည်း
တာရာရွှန်းစို၊ ထွန်းလျက်ကိုတည့်။

လမင်းမထိန် ကြယ်ရောင်မှိန်လည်း
အိမ်ပေါက်ဝတွင်၊ မီးခွက်ပြင်၍
ထွန်းတင်အုံးမည်ပါတကား။
(တင်မိုး)
၁၃.၈.၆၃

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး