မိုးသစ်တိမ် by မောင်ချောနွယ်

မိုးသစ်တိမ်

မိုးသစ်တိမ်ကလေးရေ
မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက်
မရိုးခဲ့ကြဘူး။

မိုးသစ်တိမ်ကလေးရေ
မင်းနှလုံးသား စီးဆင်းရာဆီ ငါလာခဲ့ပါတယ်။
မင်းလည်းပဲ ငါ့နှလုံးသား စီးဆင်းရာဆီ လာခဲ့ပါတယ်။
မတည်ငြိမ်တဲ့အချိန်ထဲမှာ
ငါတို့တွေ အိမ်ယာဖွဲ့မိကြတယ်။

မိုးသစ်တိမ်ကလေးရေ
မင်းနဲ့ ငါနဲ့ တစ်ခုမှ မတောင့်တတော့
နှစ်ခုရတယ်
တစ်ခုလောက်တောင်းတမိတဲ့အခါကျတော့
တစ်ခုမှ မရခဲ့ကြဘူးလေ. . .။
(မောင်ချောနွယ်)
ICON
သြဂုတ်၊ ၂၀၁၁။

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး