ဖေမြင့်၏ လူနာစောင့်အမှတ်ခြောက်စာအုပ်မှ နတ်နွယ်၏ အမှာစာ

စာပေလောကတွင် အစုအဝန်းလေးတွေရှိဖို့
လိုအပ်သည်။ စာပေအစုအဝန်းဆိုသည်မှာ
ဂိုဏ်းမဟုတ်ပါ။ ဂိုဏ်းဂဏ ဝါဒများ မွေးဖွားရန် မဟုတ်ပါ။ အထုံဝါသနာ တူညီသူအများ၊ အခြေခံ အတွေးအခေါ်တူညီသူများ စုဝန်းပြီး
စာအကြောင်း၊ ပေအကြောင်း ဆွေးနွေးကြဖို့
လိုပါသည်။ မိမိတို့ မြန်မာစာပေ အခြေအနေနှင့်
နိုင်ငံတကာ စာပေအခြေအနေများကို
မှန်မှန်ကန်ကန် နှိုင်းယှဉ်သုံးသပ်ပြီး
လက်ရှိကာလတွင် မည်သည့်စာအုပ်ကို
ဖတ်သင့်သည်ကိုလည်းကောင်း၊ မည်သည့် စာပေ မည်သည့် အကြောင်းအရာမျိုးကို
ရေးသားသင့်သည်ကိုလည်းကောင်း၊
မည်သို့သော စာအုပ်များကို ထုတ်သင့်သည်ကိုလည်းကောင်း ဆွေးနွေးတိုင်ပင်ကြဖို့ လိုပါသည်။

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး