Oxford University အပိုင်း (၃)
Oxford University အပိုင်း (၃)
* * * * * * * * * * * * * * * * * *
Oxford က အထင်ကရတွေ
Oxford ဟာ အင်္ဂလန်ရှိ တခြားတက္ကသိုလ်တော်တော်များများ
ွနဲ့ ယှဉ်ရင် ငွေကြေးပိုင်းဆိုင်ရာ လွန်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ Oxford တက္ကသိုလ်က ဘွဲ့ရသူတွေဟာ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်အသီးသီးမှာ တကယ့်ကို အောင်မြင်ကြသူတွေဖြစ်ကြလို့ပါပဲ။ လေးစားဂုဏ်ယူဖို့ကောင်းတာကတော့ ချမ်းသာကြွယ်ဝကြတဲ့ Oxford ကျောင်းဆင်းတွေဟာ . . . သူတို့ကျောင်းကို မကြာခဏဆိုသလို အကြီးအကျယ် ထောက်ပံ့အလှူပြုကြပါသတဲ့။ များသောအားဖြင့်တော့ ငွေကြေးလှူဒါန်းကြတာ ဖြစ်ပါတယ် ။ ဒါဟာ ကျောင်းအပေါ်မှာ သူတို့ သံယောဇဉ်ဘယ်လောက်ကြီးတယ် စေတနာဘယ်လောက်ထားသလဲဆိုတာရယ် ပညာရေးအပေါ် အလေးပေးထားတဲ့ အတွက် ်ကြောင့်ပဲဖြစ်ပါတယ်။
အဖွဲ့အစည်းတွေကတော့ ရာသက်ပန် လှူဒါန်းကြပါတယ်။ (ဒါတွေနဲ့ပဲ ပညာသင်ဆုတွေ ပေးချေတာလို့ထင်မိပါတယ်* * စာရေးသူအမြင်) ပညာသင်စရိတ်တွေကတော့ ဘွဲ့ကြိုတက်သူ တစ်ယောက်အနေနဲ့ တစ်နှစ်ကို ပေါင် ၁၄၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး ဆေးပညာသင်ယူသူ တွေ အတွက်တော့ ပေါင် ၃၀၀၀၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ် ။ ( တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၁.၅ ဒေါ်လာခန့် ရှိပါတယ်)။ Oxford ဟာ လာရောက်ပညာသင်ယူ သူတွေအတွက် အခြေခံ ရသင့် ရထိုက်တဲ့ အခွင့် အရေးတွေနဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို အစွမ်းကုန် ကူညီပေးဖို့ ကြိုးစားနေပါတယ်လို့ ဆိုထားပါတယ်။ ဘွဲ့လွန် တက်သူတွေနဲ့ ဒေါက်တာဘွဲ့အတွက် တက်ရောက်သူတွေကတော့ ပိုမိုကုန်ကျမှာဖြစ်ပါတယ်။ Oxford တက္ကသိုလ်ဟာ ရရှိထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကြောင့် တောက်ပတဲ့ သတင်းနဲ့ ကြီးကျယ်ခမ်းနား လျက် ရှိပါတယ်။ Maths lecturer Lewis Carroll (who wrote ‘Alice in Wonderland), C S Lewis, J RR Tolkien, Gerard Manley Hopkins and William Golding တို့လို များစွာသော ကမ္ဘာကျော် စာရေးဆရာများဟာလည်း Oxford ကျောင်းဆင်းတွေ ပါပဲ။ lecture ပေါင်း ၁၀၀ ကျော် သင်ကြားတဲ့ ကမ္ဘာ့ အကြီးဆုံး သမိုင်းဌာန ဟာလည်း Oxford မှာပဲရှိပါတယ်။ နောက်တစ်ခုက Oxford ဟာ များစွာသော နိုဘယ်လ် ဆုရှင်တွေကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသာရပ်တိုင်းမှာ နိုဘယ်လ်ဆုရခဲ့တာမဟုတ်ပါဘူ်း။မရသေးတဲ့ဘာသာရပ်
ါတွေကတော့ . . . တိရိစ္ဆာန် ဆေးကုသမှု ပညာ၊ ဗိသုကာပညာ၊ နဲ့ သွားဆေးပညာတို့ဖြစ်ပါတယ်။ Oxford တက္ကသိုလ်မှာ အားကစားပြုလုပ်သူတွေ သိပ်အများကြီး မရှိကြပေမယ့် အားကစားကွင်းတွေကတော့ များစွာရှိပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မောင်တင်
www.notesofreaders.blogspot.com
ref: https://gcalers.wordpress.com/2014/11/07/what-is-oxford-university-so-famous/

Comments
Post a Comment