Oxford University အပိုင်း (၁) * * * * * * * * * * * *
Oxford University ဟာ ကမ္ဘာ့ အကျော်ကြားဆုံး တက္ကသိုလ် တစ်ခုလို့ပြောရင်တော့ သေချာပေါက်လက်ခံရမှာပါ။ အင်္ဂလန် သမိုင်းမှာ အစောဆုံး တည်ထောင်ခဲ့တဲ့ တက္ကသိုလ် တစ်ခုလည်းဖြစ်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်း (Cameron) အပါဝင် ဇင်ဘာဘွေ၊ အမေရိကန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂါနာ၊ နော်ဝေ၊ မြန်မာ၊ သြစတေးလျ ၊ ဘယ်ဂျီယံ၊ အိန္ဒိယ၊ ပိုလန်နဲ့ အခြားနိုင်ငံပေါင်းများစွာက ပညာတတ်ပေါင်း များစွာကို မွေးထုတ်ပေးခဲ့ပါတယ်။ Oxford တက္ကသိုလ်နဲ့ Cambridge တက္ကသိုလ်တို့ ဟာ ပညာရေးမှာ တစ်ခုနဲ့ တစ်ခု ဆက်နွယ်မှု ရှိနေကြပါတယ်။ အင်္ဂလန် နိုင်ငံမှာရှိတဲ့ အကောင်းဆုံး တက္ကသိုလ်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ Oxford တက္ကသိုလ်ဟာ ကမ္ဘာ့ အတော်ဆုံး အကောင်းဆုံးပါဆိုတဲ့ ကျောင်းသားတွေကို ရွေးချယ်စီစစ်မှုက ဆွဲဆောင်လျက်ရှိပါတယ်။ သူတို့မှာ အကောင်းဆုံးသင်ကြားရေးစနစ်တွေ ရှိပါတယ်။ အင်္ဂလန်နိုင်ငံရှိ ကျောင်းသားတွေ၊ ဆရာတွေအပါအဝင် ပညာရေးကို အလေးထားကြသူတွေရဲ့ ၂၅ ရာခိုင်နှုန်းက Oxford ဒါမှမဟုတ် Cambridge မှာပဲ တက်ရောက်သင်ကြားကြပါတယ်။ Oxford တက္ကသိုလ် ရဲ့ မူလရင်းမြစ် ကို လူသိနည်းလှပါတယ်။ တက္ကသိုလ်ကို တစ်ခါမှ မရောက်ဖူးသူကို တက္ကသိုလ်အကြောင်းတိတိကျကျပြောပြဖို့ဆိုတာ အတော်ခက်လို့ပါပဲ။ Oxford တက္ကသိုလ်ဟာ ၁၂ ရာစုမှာ သင်ကြားရေး စင်တာ တစ်ခုအနေနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါဟာ ဥရောပမှာ ရော ကမ္ဘာမှာပါ တတိယမြောက် ရှေးအကျဆုံး တက္ကသိုလ်တစ်ခုကို ဖော်ညွှန်းတာပဲဖြစ်ပါတယ်။ အဲဒီအချိန်က အာရှမှာ သင်ကြားရေးစင်တာ အနေနဲ့ တစ်ခုမှ မရှိခဲ့သေးပါဘူး။
မောင်တင်
www.notesofreaders.blogspot.com
ဆက်လက်ဖော်ပြပါမည်။
ref: https://gcalers.wordpress.com/2014/11/07/what-is-oxford-university-so-famous/
မောင်တင်
www.notesofreaders.blogspot.com
ဆက်လက်ဖော်ပြပါမည်။
ref: https://gcalers.wordpress.com/2014/11/07/what-is-oxford-university-so-famous/
Comments
Post a Comment