ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်များ No -2
* * * * * * * * * * * * * * * * * * * * *
ဘော့ဒ်လေရန် စာကြည့်တိုက်ဟာ နာမည်ကြီး Oxford တက္ကသိုလ်ရဲ့ စာကြည့်တိုက်ပဲဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး ဥရောပရဲ့ ရှေးကျတဲ့ စာကြည့်တိုက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ၁၁ သန်းကျော် အမျိုးအစားပေါင်းစုံစာအုပ်များ အပြင် များစွာသော သမိုင်းဆိုင်ရာ စာအုပ်များ၊ (၁၂၁၅ ခုနှစ်တွင် အင်္ဂလန်ဘုရင် ဂျွန်နဲ့ စတီဖင် လန်တွန်တို့ ရေးသားခဲ့သော) Magna Carta ကော်ပီလေးခု၊ တစ်ကမ္ဘလုံးလေးအုပ်တည်းသာရှိသော စာအုပ်တစ်အုပ်၊ ၁၆၂၃ ခုနှစ်က ရှိတ်စပီးယားရဲ့ ဖော်လီယို ဝတ္ထု တို့ ရှိကြပါတယ်။
အဆိုပါစာကြည့်တိုက်တွင် အဆောက်အအုံပေါင်းများစွာရှိသော်လည်း စိတ်ဝင်စားဖို့ အကောင်းဆုံးမှာ ၁၇၃၇ - ၁၇၄၉ တွင်ဆောက်လုပ်ခဲ့ပြီး Radcliffe Science စာကြည့်တိုက်ဟုပြောင်းလဲခဲ့တဲ့ Radcliffe Camera ပဲဖြစ်ပါတယ်။ အဆိုပါ Radcliffe Camera အဆောက်အအုံမှာ အင်္ဂလန်ရှိ စက်ဝိုင်းပုံစံ စာကြည့်တိုက်များထဲတွင် အစောဆုံးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် “Young Sherlock Holmes”, “The Saint”, “The Red Violin”, နဲ့ “The Golden Compass”. အပါအဝင် များစွာသော ရုပ်ရှင်များသည်လည်း အဆိုပါ နေရာမှာပဲ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
မောင်တင်
www.notesofreaders.blogspot.com
ref; http://www.thebestcolleges.org/amazing-libraries
Comments
Post a Comment