Love your Daddy(နှလုံးသားအာဟာရ)
တစ်ရက်မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ယောက်က သူ့အဖေကိုဒီလိုမေးပါတယ်။ ''အဖေ သမီး အသက် ၁၅ နှစ်ပြည့်မွေးနေ့မှာ ဘာပေးမလဲ'' လို့မေးတဲ့အခါ
အဖေက '' အချိန်တွေအများကြီးကျန်ပါသေးတယ် သမီးရယ်'' လို့ပြန်ပြောပါတယ်။
သမီးလေး အသက် ၁၄ နှစ်ကျော်လာတဲ့အခါမှာတော့ ဆေးရုံတက်ဖို့ အကြောင်းဖန်လာပါတယ်။ ဆရာဝန်ရဲ့ပြောစကားအရတော့ ''ခင်ဗျားသမီးဟာ ဆိုးရွားတဲ့ နှလုံးရောဂါကို ခံစားနေရလို့ မကြာခင် သေဖို့နီးစပ်နေပါတယ်''။
အိပ်ယာထဲလဲနေတဲ့ သမီးက သူ့အဖေ့ကို ပြောပါတယ်. . '' သူတို့က သမီးကို သေတော့မှာလို့ပြောသလား အဖေ'' ။ ''မဟုတ်ပါဘူးသမီးရယ် သမီးအသက်ဆက်ရှင်မှာပါ'' လို့ အဖြေပေးလိုက်ပါတယ်။
''သေချာလို့လား အဖေရယ်'' လို့ သမီးကပြန်မေးတော့ ''သေချာတာပေါ့သမီးရယ်'' လို့ပြန်ပြောလိုက်ပါတယ်။
သိပ်မကြာခင်ရက်ပိုင်းမှာပဲ မိန်းကလေးဟာ ဆေးရုံကဆင်းနိုင်ပြီး သူ့ နှလုံးဟာလည်း ပြန်လည်ကောင်းမွန်လာပါတယ်။
သူမ အသက် ၁၅ နှစ်ပြည့်မွေးနေ့ရောက်တော့ သူမရဲ့ အိပ်ယာပေါ်မှာ စာလေးတစ်စောင်တွေ့ပါတယ်။
''သိပ်ချစ်ရတဲ့ သမီး. . .သမီးဒီစာကိုဖတ်နေတဲ့ အချိန်မှာ အဖေ သမီးကိုပြောခဲ့သလိုပဲ သမီးကျန်းမာရေးဟာ ကောင်းမွန်နေပြီလို့ အဖေယုံကြည်ပါတယ်။ သမီး တစ်ခါမေးဖူးတယ်လေ သမီး ၁၅ နှစ်ပြည့် မွေးနေ့မှာ အဖေဘာပေးမလဲပေါ့. . . အဲအချိန်တုန်းကတော့ ဘာပေးရမှန်း အဖေ မသိခဲ့ပါဘူး သမီးရယ်. . .ဒါပေမယ့် အခုတော့ အဖေသမီးကိုပေးခဲ့တာ အဖေ့နှလုံးသားပါပဲ သမီးလေးရယ်. . .''
အဖေဖြစ်သူက သူ့နှလုံးကို သမီးဆီ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ။
မောင်တင်
emotional heart touched story တစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်သည်

Comments
Post a Comment