စာအုပ်အညွှန်း - ချစ်ကြွေးမပြေ (မောင်ထွန်းသူ)

#စာအုပ်အညွှန်း
ရုရှားစာရေးဆရာ Alexander Pushkin ရေးတဲ့ Dubrosky (ဒူဘရောစကီး) ကို ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ #ချစ်ကြွေးမပြေ နဲ့မိတ်ဆက်ပေးပါရစေ။ တစ်ခေတ်တစ်ခါက မူရင်းစာရေးသူကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ မြေရှင် ပဒေသရာဇ် ခေတ်ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အင်အားကြီးသူ က အင်အားငယ်သူ တစ်နည်းအားဖြင့် အင်အားမရှိသူတို့ကို အနိုင်ကျင့် ဗိုလ်ကျတဲ့ အရင်းရှင်စနစ်ဆိုးကို မီးမောင်းထိုးပြထားပြီး။ မြေယာတွေဆုံးရှုံးရလို့ စိတ်ထိခိုက်ကာ ကွယ်လွန် အနိစ္စရောက်ရတဲ့ ဖခင်ကြောင့် သားဖြစ်သူ ဒူဘရောစကီးရဲ့ရန်ငြိုး၊ ဘယ်လောက်ပဲ အမုန်းတရားတွေကြီးမားပါစေ အချစ်နဲ့တွေ့တဲ့အခါ အရာရာကို ခွင့်လွှတ်နိုင်စွမ်းရှိအောင် ပြောင်းပေးနိုင်တဲ့ သူဌေးကြီးသမီးဖြစ်သူ မာရှာတို့ရဲ့ လွမ်းမောဖွယ် ဝတ္ထုတစ်ပုဒ်ကို ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ် ။

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး