ကမ္ဘာအကောင်းဆုံး စာကြည့်တိုက်များ No - 1
* * * * * * * * * * * * * * * * * * * * * * * *
ကွန်းဂရက်(စ်) စာကြည့်တိုက် (Congress Library) ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့မှာ တည်ရှိပြီး အမေရိကန်ရဲ့ ရှေးဟောင်း အမွေအနှစ်လို့ပြောရမှာပါ။ အဆိုပါ စာကြည့်တိုက်တွင် အဆောက်အအုံ ၃ ခုခွဲခြားထားပြီး စာအုပ်စဉ်ကြီးများ၏ ကျယ်ဝန်းမှု၊ အမျိုးအစားစုံလင်မှုတို့ကြောင့် ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်လိ့ု သတ်မှတ်ထားပါတယ်။ ထိုစာကြည့်တိုက်သည် အများပြည်သူအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း စာအုပ်များကို စစ်ဆေးကြပ်မပ်ခြင်းကိုတော့ အမေရိကန် ပြည်ထောင်စု အစိုးရ အကြီးအကဲ တချို့ နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်များက လုပ်ဆောင်ပါတယ်။ အဆိုပါစာကြည့်တိုက်တွင် စာအုပ်ပေါင်း ၃၂ သန်း၊ မူရင်းစာမူ စာအုပ်ပေါင်း ၆၂ သန်းကျော်၊ တစ်ကမ္ဘာလုံး လေးအုပ်သာရှိသော ဥရောပတွင်ပထမဆုံး  ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်၊ ၃ နိုင်ငံကထုတ်ဝေတဲ့ သတင်းစာပေါင်း ၁ သန်းကျော်၊ မြေပုံပေါင်း ၅ သန်းကျော်၊ တေးဂီတ စာရွက်ပေါင်း ၆ သန်းခန့် နှင့် ဓာတ်ပုံပေါင်း ၁၄ သန်းကျော်ထားရှိပါတယ်။

မောင်တင်
www.notesofreaders.blogspot.com

ref; http://www.thebestcolleges.org/amazing-libraries/

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး