တရားဂုဏ်တော် (၆) ပါး
ဗုဒ္ဓမြတ်စွာ၏ ဓမ္မသည် အမှန်အတိုင်း ထုတ်ဖော်ဟောကြားတတ်သည့် ''သွက္ခာတ'' ဂုဏ်တော်နှင့်ပြည့်စုံ၏။
မှန်ကန်စွာဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်ကြံအားထုတ်ခြင်းဖြင့် သိနိုင်သောကြောင့် ''သန္ဒိဠိကော'' ဟုဆို၏။
ကိုယ်တိုင်သိနိုင် မြင်နိုင်သည့် အတိုင်း သိမြင်သည်နှင့် တစ်ပြိုက်နက် ချက်ချင်းအကျိုး ခံးစားရသဖြင့် ''အကာလိကော'' ဟုဆို၏။
တကယ်လုပ် အဟုတ်ဖြစ်ခြင်းကြောင့် လာလေ လုပ်ကြည့်ပါလားဟု ဖိတ်ခေါ်တိုက်တွန်းအပ်သောကြောင့် ''ဧဟိပဿိကော'' ဟုဆို၏။
တစ်ကြိမ်တစ်ခါသာ လုပ်ရမှာမဟုတ်ပဲ စွဲမြဲစွာ နှလုံးသားထဲ ထည့်ထား ဆောင်ထားရမည့် တရားမျိုးဖြစ်သည့်အတွက် ''သြပနေယျိကော'' ဟုဆို၏။
စိတ်ထဲနှလုံးသားထဲ ရောက်နေပြီဆိုလျှင် ကိုယ်စီ ကိုယ်စီ ဓမ္မရသ၊ ဝိမုတ္တိရသ တို့ခံစားရမှာ သေချာပေသည်။ သို့အတွက် ''ပစ္စိတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' ဟုဆို၏။

Comments
Post a Comment