Oxford University အပိုင်း (၂)
ကောလိပ်များရဲ့ တက္ကသိုလ်
Oxford တက္ကသိုလ်မှာ ကောလိပ်ပေါင်း ၃၉ ခုပါဝင်ပါတယ်။ ဒါဟာ စုပေါင်းဖွဲ့စည်းမှုသဘောဖြစ်ပါတယ်။ ကောလိပ်တစ်ခုဆီမှာ သူနဲ့သက်ဆိုင်တဲ့ သမိုင်းကိုယ်စီရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ကျောင်းတံဆိပ်တွေ၊ အထိမ်းအမှတ်တွေ၊ အားကစားအသင်းတွေ စသည်ဖြင့် ဖွဲ့စည်းထားတာလည်း ရှိပြန်ပါတယ်။ ကောလိပ်တော်တော်များများကတော့ ဘာသာရပ်တော်တော်များများကို ပို့ချသင်ကြားပေးပါတယ်။ ဥပမာ စိန့် ဟေ(လ်)ဒါ ကောလိပ်မှာတက်ရောက်ပညာသင်ကြားသူတွေ အနေနဲ့ သမိုင်း၊ ပြင်သစ်၊ ဥပဒေ၊ အင်္ဂလိပ်၊ ဂန္ဓဝင်စာပေ၊ အနုပညာ၊ သချာၤဘာသာရပ်တို့ အပြင် အခြားဘာသာရပ်များကို သင်ကြားနိုင်မှာဖြစ်ပါတယ်။ ကောလိပ်တစ်ခုမှာ ပုံမှန်အားဖြင့် ကျောင်းသားပေါင်း ၅၀၀ ခန့် တက်ရောက် ပညာသင်ကြားနိုင်ကြပါတယ်။ Oxford တက္ကသိုလ်က ကောလိပ်တွေမှာ Champion Hall ကလွဲပြီး ကျန်တာတွေက တစ်ခုနဲ့ တစ်ခု ရောနှောထားသလိုပါပဲ။ ဒါကြောင့် ကောလိပ်တစ်ခုနဲ့ တစ်ခုဆိုတာ သိပ်မကွာလှပါဘူး။ အဲဒီတော့ ကျောင်းသားတွေ အနေနဲ့ ဘယ်ကောလိပ်ပဲတက်တက် ပညာရပ်တွေကို တူညီစွာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကောလိပ်ပထမနှစ် ကျောင်းသားတွေဟာ ကျောင်းက စီမံပေးသလိုပဲ နေထိုင်ရပါတယ်။ ပထမနှစ်ပြီးမှသာ ကျောင်းကစီမံသလို နေချင်နေ ဒါမှမဟုတ်လည်း ကိုယ့် အစီစဉ်နဲ့ နေချင်လည်းနေနိုင်အောင် ခွင့်ပြုပေးထားပါတယ်။ ကောလိပ်ကျောင်းသား တွေထဲမှာ အားကစားပွဲတွေ၊ activity တွေမှာ မပါဝင်ချင်တဲ့ သူတွေကို ဖိအားပေး စေခိုင်းတာမျိုးမရှိပါဘူး။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ကောလိပ်တစ်ခုဟာ ကျောင်းသားတွေရဲ့ လူနေမှုဘဝ တစ်နည်းအားဖြင့် လူမှုရေးဘဝအတွက် ထောက်ပံ့မှု အပြည့်အဝ မပေးနိုင်ဘူးလို့ သူတို့ ယူဆထားကြလို့ပါပဲ။ ကောလိပ်မှာ ကောလိပ် ဘားတစ်ခုရှိပြီး ကျောင်းသားတွေအနေနဲ့ ဘယ်သူတွေဟာ သူတို့နဲ့ တစ်ကျောင်းတည်းလဲ၊ မေဂျာတူလဲဆိုတာကို လာရောက်ကြည့်ရှုနိုင်ကြပါတယ်။ ကောလိပ်တူချင်းဆိုရင် တခြားကျောင်းကကျောင်းသားတွေထက် ပိုစည်းလုံးကြပါတယ်၊ ပိုပြီလေးစားကြပါတယ်။ မိခင်တစ်ယောက်တည်းက မွေးတဲ့ သားသမီးတွေလိုပေါ့။ ၁၅ရာစုက တည်ထောင်ခဲ့တဲ့ Magdalen College (အသံထွက်ရင်တော့ မော့ဒ်လင်) လို့ခေါ်တဲ့ ကောလိပ်အကြောင်းကိုတော့ ဂုဏ်ယူစွာပြောဆိုရမှာပါ။ (သူတို့ဆီက တက္ကသိုလ်တွေ အများစုဟာ တည်ထောင်သူတွေ ရဲ့ နာမည်ကို အစွဲပြုပြီး ကောလိပ်နာမည်တပ်ကြတာပါ) ။ Christ Church College ကတော့ တခြားကောလိပ်တွေထက် ပိုမိုလှပတာမို့ ပိုပြီးတော့တောင်ဆွဲဆောင်လျက် ရှိပါတယ်။ သူ့ရဲ့ ကြီးမားတဲ့ အဆောက်အုံကြီးတွေက ပြင်သစ်နိုင်ငံက ဗာဆိုင်းနန်းတော်ကြီးလို လှပတယ်တဲ့ ဆိုကြပါတယ်။ သူနဲ့ယှဉ်လိုက်တဲ့ အခါ တချို့ ကောလိပ်တွေက သူထက် ရုပ်ပိုင်းဆိုင်ရာ အားနည်းတယ်လို့ ဆိုပါတယ်။ ထူးထူးခြားခြား ယောကျာ်းလေးကျောင်းသားတွေချည်း ရှိတဲ့ Champion Hall မှာတော့ ကျောင်းသားပေါင်း ၅၀ ခန့်သာရှိပါတယ်။
အင်္ဂလန်နိုင်ငံက တက္ကသိုလ်အများစု ဟာ Oxford လိုမျိုးတော့ ကောလိပ်တွေ ခွဲထားတာ မရှိပါဘူး။ ထူးခြားချက်တစ်ခုကတော့ Oxford University ရဲ့ ကောလိပ်တွေမှာ တက်ရောက်ပညာသင်ကြားလိုသူတွေ အနေနဲ့ ဘာသာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားသူတွေနဲ့သာ တွေ့ရမယ်လို့ အာမခံထားပါတယ်။
မောင်တင်
www.notesofreaders.blogspot.com
ဖော်ပြပါပုံမှ ဗာဆိုင်းနန်းတော်နှင့်တူသည်ဟု ဆိုကြသော Crists Church College ဖြစ်သည်။ ဘာသာပြန်ဆိုခြင်းဖြစ်သည့်အတွက် ပကတိ အခြေနေများနှင့် လွဲကောင်းလွဲနိုင်သည်။ မည်သည့် ဝေဖန်ထောက်ပြမှုမဆို ဝမ်းမြောက်စွာ လက်ခံမည်။
ref: https://gcalers.wordpress.com/2014/11/07/what-is-oxford-university-so-famous/

Comments
Post a Comment