စံထားရသော ပညာရေးစနစ်ဆိုသည်မှာ

စံထားရသော ပညာရေးစနစ်ဆိုသည်မှာ ဒီတစ်ပါတ်မှာတော့ Academic Weekly စာဖတ်ပရိတ်သတ်အတွက် အကောင်းဆုံး ပညာရေးစနစ် အဆင့်သတ်မှတ်ချက်များမှာ နှစ်စဉ်နှစ်တိုင်းလိုလို ထိပ်ဆုံးက ပါလေ့ရှိတဲ့ ဖင်လန်(Finland) နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်းကို မိတ်ဆက်သဘောမျိုး ဖော်ပြပေးပါ့မယ်။ ပညာရေးစနစ်ကြီးတစ်ခုလုံးကို လေ့လာဖို့ ဆောင်းပါးတစ်ပုဒ်တည်းနဲ့ မလုံလောက်တဲ့အတွက် သူတို့ ဘာကြောင့် ထိပ်တန်း ရောက်ရလဲ၊ သူတို့ ဘယ်လိုစနစ်တွေ ကျင့်သုံးကြလဲဆိုတာကိုပဲ ပြန်လည်ဖော်ပြပေးပါ့မယ်။ မူရင်း ဆောင်းပါးကို ၂၀၁၁ - ၁၂ ပညာသင်နှစ်တုန်းက ရေးခဲ့တာဖြစ်တဲ့အတွက် ယနေ့အခါမှာတော့ ပိုမို ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားမှာကတော့ မလွဲမသွေပါပဲ။ (၁) ဖင်လန်နိုင်ငံက ကလေးများဟာ အသက် (၇) နှစ်မပြည့်မချင်း ကျောင်းမနေရပါဘူး။ (၂) အခြားနိုင်ငံများရဲ့ ပညာရေးစနစ်တွေနဲ့ယှဉ်ရင် ဆယ်ကျော်သက်အရွယ်ရောက်မှ စာမေးပွဲဖြေဆိုရခြင်းနဲ့ အိမ်စာပြုလုပ်ရခြင်းများရှိပါတယ်။ ...