Posts

ကော်ဖီတစ်ခွက်ရဲ့ ရာဇဝင်

Image
  ကော်ဖီတစ်ခွက်ရဲ့ ရာဇဝင် ကော်ဖီဆိုင်အများစုက အေးအေးချမ်းချမ်းတွေပါပဲ။ ဒါပေမယ့် မြောက်ကယ်ရိုလင်းနားပြည်နယ်၊ ဝယ်မင်တန်မြို့က Bitty & Beau ကော်ဖီဆိုင်လေးကတော့ နွေးနွေးထွေးထွေးတယ်လို့ လူသိများကြ ပါတယ်။ ဒီလိုမျိုးနာမည်ကျော်တဲ့ အကြောင်းကတော့ ဆိုင်လေးရဲ့ အံ့သြဖွယ်ရာ ဝန်ဆောင်မှုကြောင့်ပါပဲ။           ကော်ဖီဆိုင်ရဲ့ ဝန်ထမ်းအကုန်လုံးလိုလိုဟာ Down Syndrome၊ Autism ၊ Cerebral Palsy စတဲ့ မွေးရာပါရောဂါသည် များဖြစ်ကြတဲ့ ဉာဏ်ရည်ချို့တဲ့ကြ သူ၊ ဖွံ့ဖြိုးမှုနှေးကွေးကြသူတွေ၊ မသန်စွမ်းကြသူ တွေဖြစ်ကြပါတယ်။ ဝန်ထမ်းအများစုအတွက် အဆိုပါအလုပ်ဟာ ဘဝမှာ ပထမဆုံးလုပ်ခွင့်ရတဲ့ အလုပ်ဖြစ်ကြသလို လုပ်ငန်းခွင်မှာလည်း ပျော်ရွင် ကြပါတယ်။           ကော်ဖီဆိုင်လေးရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဝယ်မင်တန်မြို့သူ အေမီရိုက် မှာ ကလေး လေးယောက်ရှိတဲ့အနက် Beau နဲ့ Bitty ဟာ မျိုးရိုးလိုက် ရောဂါတစ်ခုဖြစ်တဲ့ Down Syndrome ရောဂါသည်လေးတွေ ဖြစ်ကြပါတယ်။ အဲဒီ ကလေးနှစ်ယောက်ကို မွေးပြီးတဲ့အချိန်ကစလို့ ဒီလို မျိုး ကော်ဖီဆိုင်လေးဖွင့်ဖို့ စိတ်ကူးရခဲ့တယ်လို့ ဆ...

ခေတ်သစ်အနာထပိဏ်သူဌေးကြီး

Image
ခေတ်သစ်အနာထပိဏ်သူဌေးကြီး           ကျွန်တော်တို့ရဲ့ ဗုဒ ္ဓစာပေကို လေ့လာကြတဲ့အခါ အနာထပိဏ်သူဌေးကြီးဆိုတာ မပါမဖြစ် ပါပဲ။ အလှူအတန်းရက်ရောသူ အဖြစ်နဲ့ နာမည်ကျော်ကြားခဲ့တဲ့ သူပါ။ Academic Weekly စာဖတ်ပရိတ်သတ် အတွက် ဒီတစ်ပါတ်မှာရွေးချယ်ထားတဲ့အကြောင်းအရာကတော့ ခေတ်သစ်အနာထပိဏ်သူဌေးကြီး ဘီလ်ဂိတ်အကြောင်းပါပဲ။ ကိုယ်ရေးကိုယ်တာအကြောင်းကို ပြောပြမှာ မဟုတ်ပဲ သူတည်ထောင်ထားတဲ့ Bill and Melinda Gate foundation အကြောင်းပဲ ဖြစ်ပါတယ်။           ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ နှစ်ဦးတည်ထောင်ထားတဲ့ အဆိုပါ ဖောင်ဒေးရှင်းကြီးရဲ့ အလှူအတန်း ရက်ရောမှုကတော့ အံ့မခန်းပါပဲ။ ရုံးချုပ်တည်နေရာကတော့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ ရုံးခွဲများလည်းဖွင့်လှစ်ထားပြီး ဝန်ထမ်း ပေါင်း ၁၄၅၃ ယောက်နဲ့လည်ပတ်နေပါတယ်။ ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌကတော့ ဘီလ်ဂိတ်တို့ရဲ့ ဖခင် ဆာဝီလျံ ဂိတ် ဖြစ်ပါတယ်။ ဘီလ်ဂိတ်နဲ့ ဇနီးဖြစ်သူ မယ်လင်ဒါ ဂိတ်တို့နှစ်ဦးကတော့ တွဲဖက်ဥက္ကဌတွေဖြစ်ကြပါတယ်။           ဖ...

အဖိုးတန်သော အရင်းအနှီး

အဖိုးတန်သော အရင်းအနှီး မျိုးဆက်သစ်တို့ တိုးတက်ဖို့ မိဘတွေဟာ သူတို့ရဲ့သားသမီးတွေအပေါ် သူတို့ပြန်ရနိုင်တာထက်ပိုပြီး ပံ့ပိုးပေးကြပါတယ်။ အရာရာမှာ အလျားအနံရှိသလို မေတ္တာမှာလည်း အသွားအပြန်ရှိတယ်လို့ ဆိုပေမယ့် မိဘတွေကတော့ သားသမီးတွေဆီက ဘာကိုမှ မျှော်ကိုးလေ့မရှိကြပါဘူး။ ဒါပေမယ့် ကိုယ့်ကလေးငယ်ရွယ်စဉ်မှာ ပံ့ပိုးပေးမှု တစ်နည်းအား ဖြင့် မေတ္တာပေးနိုင်မှုအားနည်းခဲ့၊ ပျက်ကွက်ခဲ့တဲ့ မိဘများလည်း ရှိကြပါတယ်။ ကိုယ်ရေးကိုယ် တာကြောင့်သော်လည်းကောင်း၊ အနိုင်ကျင့်ခံရလို့သော်လည်းကောင်း၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို မပြုခဲ့ရင်သော်လည်းကောင်း စောင့်ရှောက်ပေးနိုင်မှု၊ ပံ့ပိုးပေးနိုင်မှုတွေ မလုပ်ခဲ့ရင် ကလေးတွေရဲ့ အနာဂတ်ဟာ ရင်လေးစရာပါ။           ငယ်ဘဝမှာ ပြုစုပျိုးထောင်ပေးခြင်း၊ ထိန်းကျောင်းတည့်မတ်ပေးခြင်း စတာတွေကို ခံခဲ့ရတဲ့ ကလေးတွေက ကြီးရင့်လာတဲ့အခါ လိုက်လျောညီထွေစွာ နေနိုင်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ တာဝန်က နောင်မျိုးဆက်သစ်များစွာအတွက် သင့်တော်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ လူနေမှုဘဝတွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဖော်ဆောင်ပေးသင့်၊ ရင်းနှီးမြှုပ်နှံပေ...

အမေရိကန်ပြည်ထောင်စုက စာရေးဆရာ

Image
"အမေရိကန်ပြည်ထောင်စုက စာရေးဆရာ" ငယ်ဘဝ ကမ္ဘာကျော်စာရေးဆရာဖြစ်တဲ့ စတီဖန်ကင်း (Stephen King) ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ပေါ့လန် ဒေသမှာ မွေးဖွားခဲ့ပါတယ်။ ကင်းကို သည်းထိတ်ရင်ဖို စာရေးဆရာလောကမှာ အောင်မြင်ဆုံးသော စာရေးဆရာအဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားကြပါတယ်။ ငယ်စဉ်ကတည်းက မိသားစုပြိုကွဲခဲ့ရသူ ဖြစ်ပြီး မိုင်းပြည်နယ်မှာပဲ မိခင်နဲ့အတူ နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၆၆ ခုနှစ်၊ လစ်ဘွန်းဖောစ် အထက်တန်းကျောင်းမှာပဲ အထက်တန်းပညာရေးပြီးဆုံးခဲ့ပါတယ်။           မိန်းတက္ကသိုလ်မှာပဲ ဆက်လက်တက်ရောက်ခဲ့ပြီး တက္ကသိုလ် ကျောင်းသားဘဝမှာ ကျောင်းစာစောင်များမှာ စာပေများ စတင် ရေးသားခဲ့ပါတယ်။ စာရေးဆရာဘဝရဲ့ ပထမဆုံး ဝတ္ထုတိုကို ကျောင်းတက်နေစဉ် အတောတွင်းမှာပဲ ရေးသားဖြန့်ချီနိုင်ခဲ့ပါ တယ်။ ခရစ်နှစ် ၁၉၇၀ ပြည့်နှစ်မှာ အင်္ဂလိပ်စာ အထူးပြုနဲ့ ဘွဲ့ရခဲ့ပြီး ကျောင်း ဆရာဘဝနဲ့ အသက်မွေးမယ်လို့ ရည်ရွယ် ခဲ့ပေမယ့် အစောပိုင်းမှာ ကံမကောင်းခဲ့ ပါဘူး။ ဒီလိုနဲ့ ပင်မင်းဆိုင်မှာ အလုပ်တစ်ခု ရလာတဲ့အခါ ၁၉၇၁ ခုနှစ်အထိ၊ ဝတ္ထုတိုများရေးသားခြင်းနဲ့ အားလပ်ချိန်...

စိတ်ကျန်းမာရေး

Image
 "စိတ်ကျန်းမာရေး"          ကျွန်တော်တို့အားလုံးမှာ ကိုယ်ကျန်းမာရေးရှိ သလို၊ စိတ်ကျန်းမာရေးလည်းရှိပါတယ်။ စိတ်ကျန်းမာရေးမှာ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေး စတာတွေပါဝင်နေပြီး အဲဒါတွေက ကျွန်တော်တို့ တွေးတောမှု၊ ခံစားမှု၊ ပြုမူဆောင်ရွက်မှု ဆိုတာတွေအပေါ် အကျိုးသက် ရောက်မှုရှိပါတယ်။ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြသနာများ           စစ်တမ်းတွေအရ အင်္ဂလန်နိုင်ငံက အရွယ်ရောက်ပြီးလူ လေးယောက်မှာ တစ်ယောက်ဟာ စိတ်ကျန်းမာရေးပြသနာတွေနဲ့ ကြုံတွေ့လေ့ရှိတယ်လို့ ဆိုပါတယ်။ ဥရောပမှာတော့ တစ်နှစ်ကို လူပေါင်း ၈၃ သန်းခန့်ဟာ စိတ်ကျန်းမာရေးပြသနာတွေနဲ့ ကြုံတွေ့ နေရပါတယ်။ ရွိုင်ရယ်ကောလိပ်က စိတ်ကျန်းမာရေး ပါရဂူများရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ အဖြစ်များတဲ့စိတ်ကျန်းမာရေး ပြသနာများကို ယခုလိုဖော်ပြထားပါတယ် စိုးရိမ်ကြောင့်ကြမှု (Anxiety)                    စိုးရိမ်ကြောင့်ကြမှုမှာ မပြေလည်မှု၊ ပူပန်မှုနဲ့ အကြောက်တရားတို့ပါဝင်ပါတယ်။ အဲဒီစိတ်ဟာ လူဦးရေရဲ့ ၅ ရာခို...

Man Booker ဆု ဆိုသည်မှာ

Image
"Man Booker ဆု ဆိုသည်မှာ"                         Booker ဆုရယ်လို့ သတ်မှတ်ကြစဉ် ခရစ်သက္ကရာဇ် ၁၉၆၉ ခုနှစ် ကတည်းက စံနှုန်းတစ်ခုပဲရှိခဲ့ပါတယ်။ အဲဒါကတော့ အဆိုပါဆုဟာ ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ် ချက်နဲ့ အတည်ပြုရွေးချယ် ထားတဲ့ အကောင်းဆုံးဝတ္ထု အတွက် ဖြစ်ရမယ်ဆို တာပါပဲ။ ကနဦးကာလမှ နောင် (၄၅)နှစ်ကြာသည် အထိလည်း အဆိုပါစည်းမျဉ်းဟာ အဓိကအချက် အနေနဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။                                     ခရစ်သက္ကရာဇ် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ စာပေညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ အိုင်ရွန်တရီဝင် (Ion Trewin) ကတော့ Man Booker ဆုနဲ့ပတ်သက်လို့ အခုလို ပြောပြခဲ့ ပါတယ်  “ကိုယ်တိုင်ရေးဝတ္ထုတွေရဲ့ အရည်အသွေးကို တိုင်းတာပြီး ပေးအပ်တဲ့ ဆုဖြစ်သလို ဒါဟာလည်း ဆုအဖြစ်ပေးအပ်ရခြင်းရဲ့ ဘယ်တော့...

ကမ္ဘာ့ရုပ်ရှင်စင်မြင့်ပေါ်က ကြယ်တစ်ပွင့်

Image
"ကမ္ဘာ့ရုပ်ရှင်စင်မြင့်ပေါ်က ကြယ်တစ်ပွင့်"           နာမည်ကျော် စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ နဲ့ ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ ဖရန့်ဒါရာဘွန့် (Frank Darabont) ကို ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ပြင်သစ်နိုင်ငံက ဒုက္ခသည်ရပ်ကွက်တစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ သူတို့မိသားစုဟာ ဖရန့်မွေးကင်းစအရွယ်ကတည်းက လော့စ်အိန်ဂျလီကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်တဲ့အတွက် ပညာရေးကိုတော့ ဟောလိဝုဒ်အထက်တန်း ကျောင်းမှာပဲ တက်ရောက်သင်ယူခဲ့ပါတယ်။             အတန်းပညာရေးလမ်းကြောင်းကို ဆက်မလျှောက်ခဲ့တဲ့ ဖရန့်ဟာ ရုပ်ရှင်လောကထဲကို ဝင်ရောက် ခဲ့ပါတယ်။ ပထမဆုံးသော အနပညာလှုပ်ရှားမှုအဖြစ် ၁၉၈၁ ခုနှစ်မှာ Hell Night လို့အမည်ရတဲ့ ရုပ်ရှင် တစ်ခုကို လက်ထောက်ထုတ်လုပ်သူအဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် စာရေးဆရာအဖြစ် ရုန်းကန်နေရချိန် (၆)နှစ်တာကာလအတွင်း ရိုက်ကွင်းဒီဇိုင်နာအဖြစ်လည်းကောင်း၊ ရိုက်ကွင်းတာဝန်ခံ အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါတယ်။           ဖရန့်ပထမဆုံး ဇာတ်ညွှန်းရေး...