အဖိုးတန်သော အရင်းအနှီး

အဖိုးတန်သော အရင်းအနှီး
မျိုးဆက်သစ်တို့ တိုးတက်ဖို့
မိဘတွေဟာ သူတို့ရဲ့သားသမီးတွေအပေါ် သူတို့ပြန်ရနိုင်တာထက်ပိုပြီး ပံ့ပိုးပေးကြပါတယ်။ အရာရာမှာ အလျားအနံရှိသလို မေတ္တာမှာလည်း အသွားအပြန်ရှိတယ်လို့ ဆိုပေမယ့် မိဘတွေကတော့ သားသမီးတွေဆီက ဘာကိုမှ မျှော်ကိုးလေ့မရှိကြပါဘူး။ ဒါပေမယ့် ကိုယ့်ကလေးငယ်ရွယ်စဉ်မှာ ပံ့ပိုးပေးမှု တစ်နည်းအား ဖြင့် မေတ္တာပေးနိုင်မှုအားနည်းခဲ့၊ ပျက်ကွက်ခဲ့တဲ့ မိဘများလည်း ရှိကြပါတယ်။ ကိုယ်ရေးကိုယ် တာကြောင့်သော်လည်းကောင်း၊ အနိုင်ကျင့်ခံရလို့သော်လည်းကောင်း၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို မပြုခဲ့ရင်သော်လည်းကောင်း စောင့်ရှောက်ပေးနိုင်မှု၊ ပံ့ပိုးပေးနိုင်မှုတွေ မလုပ်ခဲ့ရင် ကလေးတွေရဲ့ အနာဂတ်ဟာ ရင်လေးစရာပါ။
          ငယ်ဘဝမှာ ပြုစုပျိုးထောင်ပေးခြင်း၊ ထိန်းကျောင်းတည့်မတ်ပေးခြင်း စတာတွေကို ခံခဲ့ရတဲ့ ကလေးတွေက ကြီးရင့်လာတဲ့အခါ လိုက်လျောညီထွေစွာ နေနိုင်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ တာဝန်က နောင်မျိုးဆက်သစ်များစွာအတွက် သင့်တော်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ လူနေမှုဘဝတွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဖော်ဆောင်ပေးသင့်၊ ရင်းနှီးမြှုပ်နှံပေးသင့်ကြတယ် မဟုတ်လား။

ပြသနာများစွာ
          စင်ကာပူနိုင်ငံ၊ မြို့ပြဝန်ဆောင်မှုကောလိပ်က လူဦးရေစာရင်းကောက်ပညာရှင်ဖြစ်သူ ဂျိုးကော့ကင် က ပြသနာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြထားပါတယ်။ အမေရိကန်ဟာ သက်ကြီးပိုင်းတွေအပေါ် ကလေးတွေထက် ၂ ဒသမ ၄ ဆပိုပြီး ထောက်ပံ့သုံးစွဲလျက်ရှိပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က
အသက် ၆၅ နှစ်အထက်တွေရဲ့ အိမ်ပိုင်ဆိုင်မှုက အသက် ၃၅ နှစ်အောက်တွေရဲ့ အိမ်ပိုင်ဆိုင်မှုထက် အဆ ၅၀ တောင်များလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား သက်ကြီးပိုင်းတွေဟာ အသက်ရှည်ရှည်နေကြရသလို ၊ လူမှုလုံခြုံရေး ဝန်ဆောင်မှု တွေ၊ ကြွယ်ဝချမ်းသာမှုတွေ၊ အိမ်ပိုင်ယာပိုင်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးလာတဲ့အတွက် သယံဇာတရင်းမြစ်များအဖြစ် တိုးတိုးလာကြပါတယ်။
          အပြန်အလှန်အားဖြင့် လူငယ်တွေဟာ ကောလိပ်ကြေးတွေ၊ အလုပ်လက်မဲ့နှုန်းတွေ၊  ဝင်ငွေခွန် မြင့်မားလာတာတွေ စတာတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် မိဘတွေထက် ပိုလို့တောင် ချို့တဲ့နေကြ ပါတယ် လို့ ဆိုပါတယ်။ ဒီလိုမျိုး မျိုးဆက် တစ်ခုနဲ့ တစ်ခုကြား ကွာဟလာခြင်းဟာ စီးပွားရေးမှာ အရှင်းရင် ဝါဒထွန်းကားလာခြင်းကို ခြိမ်းခြောက်တဲ့အချက်တစ်ချက်လို့လည်း တရားသေပြောလို့မရပါဘူး။

အကျိုးဆက်တွေ
          လူငယ်တွေကို ရင်းနှီးမြှုပ်နှံမှု တစ်နည်းအားဖြင့် မြေထောင်မြှောက်ပေးမှု မလုပ်ရင် လူမှုအဖွဲ့စည်း တစ်ခုလုံးအတွက် ထိခိုက်စေမယ့် အချက် ၃ ချက်ရှိပါတယ်။ နံပတ် ၁ အချက်ကတော့ စီးပွားရေး မကောင်းတဲ့အခါ အိမ်ပိုင်ယာပိုင်မဝယ်နိုင်တော့ပါဘူး။ ၂ အချက်ကတော့ သူတို့ကိုယ်တိုင် မချမ်းသာတဲ့ အခါ သူတို့ရဲ့ ကလေးတွေကိုလည်း မပြုစု မပျိုးထောင်နိုင်တော့ပါဘူး။ ဒီအချက်ကတော့ အရေးကြီး ပါတယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေကို တစ်ဆင့်ထက်တစ်ဆင့် မြင့်အောင် လုပ်ဆောင်မပေးနိုင်ရင် လူမှုအဖွဲ့စည်းတစ်ခုလုံးအတွက် အလုပ်လုပ်နိုင်စွမ်းအားတွေ ကျဆင်းကုန်ရပါလိမ့်မယ်။ နောက် နံပတ် ၃ အချက်ကတော့ လူငယ်တွေရဲ့ မှုန်မှုန်ဝါးဝါး မျှော်လင့်ချက်တွေဟာ အလုပ်သစ်ရရှိရေးနဲ့ ဘွဲ့တွေ၊ ဒီဂရီ တွေမြင့်မားရေးကိုသာ အာရုံစိုက်ကုန်ကြတော့တာပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ လူငယ်တွေ၊ ကလေးတွေ ကို ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပိုမိုအာရုံစိုက်ကာ ပံ့ပိုးထောက်ပံ့ပေးရပါလိမ့်မယ်။ တစ်နည်းအားဖြင့် လူငယ်များအပေါ် ရင်းနှီးမြှုပ်နှံရပါလိမ့်မယ်။ ဒီလိုမျိုးရင်းနှီးမြှုပ်နံှမှုတွေ၊ ပံံ့ပိုးမှုတွေမလုပ်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်က စီးပွားရေးတိုးတက်မှု သုညသာရှိခဲ့တဲ့ ဂျပန်ပြည်ရဲ့ အဖြစ်ကို ရရှိပါလိမ့်မယ်။
                                                                                                မောင်တင်

(www.psychologytoday.com မှ ဆောင်းပါးရှင် Nigel Barber ၏ Investing More in Young People ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်) 

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး