အမေရိကန်ပြည်ထောင်စုက စာရေးဆရာ

"အမေရိကန်ပြည်ထောင်စုက စာရေးဆရာ"

ငယ်ဘဝ
ကမ္ဘာကျော်စာရေးဆရာဖြစ်တဲ့ စတီဖန်ကင်း (Stephen King) ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ပေါ့လန် ဒေသမှာ မွေးဖွားခဲ့ပါတယ်။ ကင်းကို သည်းထိတ်ရင်ဖို စာရေးဆရာလောကမှာ အောင်မြင်ဆုံးသော စာရေးဆရာအဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားကြပါတယ်။ ငယ်စဉ်ကတည်းက မိသားစုပြိုကွဲခဲ့ရသူ ဖြစ်ပြီး မိုင်းပြည်နယ်မှာပဲ မိခင်နဲ့အတူ နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၆၆ ခုနှစ်၊ လစ်ဘွန်းဖောစ် အထက်တန်းကျောင်းမှာပဲ အထက်တန်းပညာရေးပြီးဆုံးခဲ့ပါတယ်။

          မိန်းတက္ကသိုလ်မှာပဲ ဆက်လက်တက်ရောက်ခဲ့ပြီး တက္ကသိုလ် ကျောင်းသားဘဝမှာ ကျောင်းစာစောင်များမှာ စာပေများ စတင် ရေးသားခဲ့ပါတယ်။ စာရေးဆရာဘဝရဲ့ ပထမဆုံး ဝတ္ထုတိုကို ကျောင်းတက်နေစဉ် အတောတွင်းမှာပဲ ရေးသားဖြန့်ချီနိုင်ခဲ့ပါ တယ်။ ခရစ်နှစ် ၁၉၇၀ ပြည့်နှစ်မှာ အင်္ဂလိပ်စာ အထူးပြုနဲ့ ဘွဲ့ရခဲ့ပြီး ကျောင်း ဆရာဘဝနဲ့ အသက်မွေးမယ်လို့ ရည်ရွယ် ခဲ့ပေမယ့် အစောပိုင်းမှာ ကံမကောင်းခဲ့ ပါဘူး။ ဒီလိုနဲ့ ပင်မင်းဆိုင်မှာ အလုပ်တစ်ခု ရလာတဲ့အခါ ၁၉၇၁ ခုနှစ်အထိ၊ ဝတ္ထုတိုများရေးသားခြင်းနဲ့ အားလပ်ချိန်များကို ကုန်ဆုံးစေခဲ့ပါတယ်။ အဲဒီနောက် ဟမ့်ဒန်း အကယ်ဒမီမှာ အင်္ဂလိပ်စာဆရာ အဖြစ်နဲ့ စတင်လုပ်ကိုင် ခဲ့ပါတယ်။ အဆိုပါနှစ်မှာပဲ စာရေးဆရာမ Tabitha Spruce နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။

စာရေးဆရာဘဝ
          ခရစ်နှစ် ၁၉၇၃ ခုနှစ်ရောက်တဲ့အခါမှာတော့ သူရဲ့ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်တဲ့ “Carrie” ကို ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ ဆယ်ကျော်သက် တစ်ယောက်ရဲ့ လက်စားချေတဲ့ ဇတ်လမ်း တစ်ပုဒ်ဖြစ်ပြီး အကြီးအကျယ်အောင်မြင် သွားတဲ့အခါ အချိန်ပြည့်စာရေးတဲ့အလုပ် ကိုပဲ လုပ်ပါလေတော့တယ်။ အဆိုပါ ဝတ္ထုဟာ စာပေလောက မှာသာမက ရုပ်ရှင် အဖြစ်ရိုက်ကူးတဲ့အခါမှာလည်း အောင်မြင် ခဲ့ပါတယ်။ အဲဒီနောက် ဆက်တိုက်ထွက်ရှိ လာခဲ့တဲ့ “Salem’s Lot (၁၉၇၅)” ၊ “The Shining (၁၉၇၇)” ၊ “Firestarter (1980)” ၊ “Cujo (၁၉၈၁)” ၊ “IT (1986)” စတဲ့ စာအုပ်များဟာလည်း နာမည်ကျော်လက်ရာ များဖြစ်ခဲ့ပါတယ်။ ထုတ်ဝေသူက တစ်နှစ်မှာ တစ်အုပ်ပဲ ထုတ်ပေးမယ်ဆိုလို့ အခြား တိုက်မှာထုတ်ခဲ့တဲ့ စာအုပ်များလည်း ရှိခဲ့ ပါတယ်။ အဲဒါတွေကတော့ “Rage (၁၉၇၇)” ၊ “The Long Walk (၁၉၇၉)” ၊ “Roadwork (၁၉၈၁)” နဲ့ “The Running Man (၁၉၈၂)” တို့ ဖြစ်ကြပါတယ်။

ရုပ်ရှင်နယ်ပယ်
          ကင်းရဲ့ ဝတ္ထုအတော်များများကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ကြသလို အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ သူရဲ့ အားသာချက်ကတော့ အံ့အားသင့်ဖွယ် အမြန်နှုန်းနဲ့ တစ်အုပ်ပြီးတစ်အုပ် ရေးနိုင် ခြင်းပါ။ အထူးခြားဆုံးကတော့ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ အမြင့်ဆုံး အဆင့်သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတွေ ထဲကတစ်ကားဖြစ်တဲ့ “The Shawshank Redemption” ဆိုတဲ့ ရုပ်ရှင်ပါပဲ။ စတီဖန်ကင်းရဲ့ ဝတ္ထုတိုတွေကို မှီငြမ်းထားတဲ့ အဆိုပါ ရုပ်ရှင်ကားမှာတော့ ဟောလိဝုဒ်က နာမည်ကျော် သရုပ်ဆောင်များ ဖြစ်ကြတဲ့ တင်ရော်ဘင် နဲ့ မော်ဂန်ဖရီးမန်း တို့ ပါဝင်သရုပ်ဆောင် ထားပြီး များစွာသော အော်စကာဆုများ၊ ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ခြင်းခံခဲ့ရသလို ဇကာတင်စာရင်းများလည်း ပါဝင်နိုင်ခဲ့ ပါတယ်။ ၁၉၇၈ ခုနှစ်က ကင်းရဲ့ လုံးချင်း ဝတ္ထုဖြစ်တဲ့ “The Stand” ကို ၁၉၉၄ ခုနှစ် မှာ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးထုတ်လွှင့် နိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ရေးသားခဲ့တဲ့ “The Green Mile” ဝတ္ထုတွဲကို ရုပ်ရှင်ပြန် ရိုက်တဲ့အခါမှာလည်း ဝက်ဝက်ကွဲအောင်မြင် ခဲ့ပြန်ပါတယ်။ နာမည်ကျော်မင်းသားကြီး တွမ်ဟန့် ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုပါ ရုပ်ရှင် ဟာ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ယနေ့ ထက်တိုင် မှတ်တမ်းတင်ထားခြင်းခံရတဲ့ ရုပ်ရှင်ကား တစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲများကိုလည်း ရေးသားလေ့ ရှိတဲ့ ကင်းဟာ “Kingdom Hispital” နဲ့ “Under the Dome” တို့လို ရုပ်သံဇာတ်လမ်းတွဲများအဖြစ် ရေးသားပေး ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အရောက်မှာတော့ 11/22/63 လို့ အမည်ပေးထားတဲ့ လုံးချင်း ဝတ္ထုကို ထုတ်ဝေဖြန့်ချီခဲ့ပြန်ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ “Joyland” ကို ထပ်မံရေးသားခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ထွက်ရှိခဲ့တဲ့ “Doctor Sleep” ဝတ္ထုဟာ ဆိုရင် New York Times ရဲ့ အရောင်းရဆုံး စာရင်းမှာ နံပတ် (၁) ချိတ်ခဲ့ပါတယ်။

          စတီဖန်ကင်းဟာ စာပေရေးသားခြင်းအပြင် ဂီတမှာလည်း ပျော်မွေ့သူတစ်ဦး ဖြစ်ပါတယ်။ Rock Bottom Remainders လို့ အမည်ရတဲ့ ဂီတအဖွဲ့တစ်ခု ဖွဲ့စည်းထားပြီးပရဟိတ လုပ်ငန်းများအတွက် ဖျော်ဖြေရေးပွဲများ လည်း ကျင်းပခဲ့ပါတယ်။
                                                                                                          မောင်တင်
ရည်ညွှန်း ; https://www.biography.com/people/stephen-king-9365136

         


Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း

မဂ္ဂင် ၈ ပါး