Posts

အဖိုးတန်သော အရင်းအနှီး

အဖိုးတန်သော အရင်းအနှီး မျိုးဆက်သစ်တို့ တိုးတက်ဖို့ မိဘတွေဟာ သူတို့ရဲ့သားသမီးတွေအပေါ် သူတို့ပြန်ရနိုင်တာထက်ပိုပြီး ပံ့ပိုးပေးကြပါတယ်။ အရာရာမှာ အလျားအနံရှိသလို မေတ္တာမှာလည်း အသွားအပြန်ရှိတယ်လို့ ဆိုပေမယ့် မိဘတွေကတော့ သားသမီးတွေဆီက ဘာကိုမှ မျှော်ကိုးလေ့မရှိကြပါဘူး။ ဒါပေမယ့် ကိုယ့်ကလေးငယ်ရွယ်စဉ်မှာ ပံ့ပိုးပေးမှု တစ်နည်းအား ဖြင့် မေတ္တာပေးနိုင်မှုအားနည်းခဲ့၊ ပျက်ကွက်ခဲ့တဲ့ မိဘများလည်း ရှိကြပါတယ်။ ကိုယ်ရေးကိုယ် တာကြောင့်သော်လည်းကောင်း၊ အနိုင်ကျင့်ခံရလို့သော်လည်းကောင်း၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို မပြုခဲ့ရင်သော်လည်းကောင်း စောင့်ရှောက်ပေးနိုင်မှု၊ ပံ့ပိုးပေးနိုင်မှုတွေ မလုပ်ခဲ့ရင် ကလေးတွေရဲ့ အနာဂတ်ဟာ ရင်လေးစရာပါ။           ငယ်ဘဝမှာ ပြုစုပျိုးထောင်ပေးခြင်း၊ ထိန်းကျောင်းတည့်မတ်ပေးခြင်း စတာတွေကို ခံခဲ့ရတဲ့ ကလေးတွေက ကြီးရင့်လာတဲ့အခါ လိုက်လျောညီထွေစွာ နေနိုင်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ တာဝန်က နောင်မျိုးဆက်သစ်များစွာအတွက် သင့်တော်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ လူနေမှုဘဝတွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဖော်ဆောင်ပေးသင့်၊ ရင်းနှီးမြှုပ်နှံပေ...

အမေရိကန်ပြည်ထောင်စုက စာရေးဆရာ

Image
"အမေရိကန်ပြည်ထောင်စုက စာရေးဆရာ" ငယ်ဘဝ ကမ္ဘာကျော်စာရေးဆရာဖြစ်တဲ့ စတီဖန်ကင်း (Stephen King) ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ပေါ့လန် ဒေသမှာ မွေးဖွားခဲ့ပါတယ်။ ကင်းကို သည်းထိတ်ရင်ဖို စာရေးဆရာလောကမှာ အောင်မြင်ဆုံးသော စာရေးဆရာအဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားကြပါတယ်။ ငယ်စဉ်ကတည်းက မိသားစုပြိုကွဲခဲ့ရသူ ဖြစ်ပြီး မိုင်းပြည်နယ်မှာပဲ မိခင်နဲ့အတူ နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၆၆ ခုနှစ်၊ လစ်ဘွန်းဖောစ် အထက်တန်းကျောင်းမှာပဲ အထက်တန်းပညာရေးပြီးဆုံးခဲ့ပါတယ်။           မိန်းတက္ကသိုလ်မှာပဲ ဆက်လက်တက်ရောက်ခဲ့ပြီး တက္ကသိုလ် ကျောင်းသားဘဝမှာ ကျောင်းစာစောင်များမှာ စာပေများ စတင် ရေးသားခဲ့ပါတယ်။ စာရေးဆရာဘဝရဲ့ ပထမဆုံး ဝတ္ထုတိုကို ကျောင်းတက်နေစဉ် အတောတွင်းမှာပဲ ရေးသားဖြန့်ချီနိုင်ခဲ့ပါ တယ်။ ခရစ်နှစ် ၁၉၇၀ ပြည့်နှစ်မှာ အင်္ဂလိပ်စာ အထူးပြုနဲ့ ဘွဲ့ရခဲ့ပြီး ကျောင်း ဆရာဘဝနဲ့ အသက်မွေးမယ်လို့ ရည်ရွယ် ခဲ့ပေမယ့် အစောပိုင်းမှာ ကံမကောင်းခဲ့ ပါဘူး။ ဒီလိုနဲ့ ပင်မင်းဆိုင်မှာ အလုပ်တစ်ခု ရလာတဲ့အခါ ၁၉၇၁ ခုနှစ်အထိ၊ ဝတ္ထုတိုများရေးသားခြင်းနဲ့ အားလပ်ချိန်...

စိတ်ကျန်းမာရေး

Image
 "စိတ်ကျန်းမာရေး"          ကျွန်တော်တို့အားလုံးမှာ ကိုယ်ကျန်းမာရေးရှိ သလို၊ စိတ်ကျန်းမာရေးလည်းရှိပါတယ်။ စိတ်ကျန်းမာရေးမှာ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေး စတာတွေပါဝင်နေပြီး အဲဒါတွေက ကျွန်တော်တို့ တွေးတောမှု၊ ခံစားမှု၊ ပြုမူဆောင်ရွက်မှု ဆိုတာတွေအပေါ် အကျိုးသက် ရောက်မှုရှိပါတယ်။ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြသနာများ           စစ်တမ်းတွေအရ အင်္ဂလန်နိုင်ငံက အရွယ်ရောက်ပြီးလူ လေးယောက်မှာ တစ်ယောက်ဟာ စိတ်ကျန်းမာရေးပြသနာတွေနဲ့ ကြုံတွေ့လေ့ရှိတယ်လို့ ဆိုပါတယ်။ ဥရောပမှာတော့ တစ်နှစ်ကို လူပေါင်း ၈၃ သန်းခန့်ဟာ စိတ်ကျန်းမာရေးပြသနာတွေနဲ့ ကြုံတွေ့ နေရပါတယ်။ ရွိုင်ရယ်ကောလိပ်က စိတ်ကျန်းမာရေး ပါရဂူများရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ အဖြစ်များတဲ့စိတ်ကျန်းမာရေး ပြသနာများကို ယခုလိုဖော်ပြထားပါတယ် စိုးရိမ်ကြောင့်ကြမှု (Anxiety)                    စိုးရိမ်ကြောင့်ကြမှုမှာ မပြေလည်မှု၊ ပူပန်မှုနဲ့ အကြောက်တရားတို့ပါဝင်ပါတယ်။ အဲဒီစိတ်ဟာ လူဦးရေရဲ့ ၅ ရာခို...

Man Booker ဆု ဆိုသည်မှာ

Image
"Man Booker ဆု ဆိုသည်မှာ"                         Booker ဆုရယ်လို့ သတ်မှတ်ကြစဉ် ခရစ်သက္ကရာဇ် ၁၉၆၉ ခုနှစ် ကတည်းက စံနှုန်းတစ်ခုပဲရှိခဲ့ပါတယ်။ အဲဒါကတော့ အဆိုပါဆုဟာ ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ် ချက်နဲ့ အတည်ပြုရွေးချယ် ထားတဲ့ အကောင်းဆုံးဝတ္ထု အတွက် ဖြစ်ရမယ်ဆို တာပါပဲ။ ကနဦးကာလမှ နောင် (၄၅)နှစ်ကြာသည် အထိလည်း အဆိုပါစည်းမျဉ်းဟာ အဓိကအချက် အနေနဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။                                     ခရစ်သက္ကရာဇ် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ စာပေညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ အိုင်ရွန်တရီဝင် (Ion Trewin) ကတော့ Man Booker ဆုနဲ့ပတ်သက်လို့ အခုလို ပြောပြခဲ့ ပါတယ်  “ကိုယ်တိုင်ရေးဝတ္ထုတွေရဲ့ အရည်အသွေးကို တိုင်းတာပြီး ပေးအပ်တဲ့ ဆုဖြစ်သလို ဒါဟာလည်း ဆုအဖြစ်ပေးအပ်ရခြင်းရဲ့ ဘယ်တော့...

ကမ္ဘာ့ရုပ်ရှင်စင်မြင့်ပေါ်က ကြယ်တစ်ပွင့်

Image
"ကမ္ဘာ့ရုပ်ရှင်စင်မြင့်ပေါ်က ကြယ်တစ်ပွင့်"           နာမည်ကျော် စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ နဲ့ ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ ဖရန့်ဒါရာဘွန့် (Frank Darabont) ကို ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ပြင်သစ်နိုင်ငံက ဒုက္ခသည်ရပ်ကွက်တစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ သူတို့မိသားစုဟာ ဖရန့်မွေးကင်းစအရွယ်ကတည်းက လော့စ်အိန်ဂျလီကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်တဲ့အတွက် ပညာရေးကိုတော့ ဟောလိဝုဒ်အထက်တန်း ကျောင်းမှာပဲ တက်ရောက်သင်ယူခဲ့ပါတယ်။             အတန်းပညာရေးလမ်းကြောင်းကို ဆက်မလျှောက်ခဲ့တဲ့ ဖရန့်ဟာ ရုပ်ရှင်လောကထဲကို ဝင်ရောက် ခဲ့ပါတယ်။ ပထမဆုံးသော အနပညာလှုပ်ရှားမှုအဖြစ် ၁၉၈၁ ခုနှစ်မှာ Hell Night လို့အမည်ရတဲ့ ရုပ်ရှင် တစ်ခုကို လက်ထောက်ထုတ်လုပ်သူအဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် စာရေးဆရာအဖြစ် ရုန်းကန်နေရချိန် (၆)နှစ်တာကာလအတွင်း ရိုက်ကွင်းဒီဇိုင်နာအဖြစ်လည်းကောင်း၊ ရိုက်ကွင်းတာဝန်ခံ အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါတယ်။           ဖရန့်ပထမဆုံး ဇာတ်ညွှန်းရေး...

လေးစားကြရာဝယ်

လေးစားကြရာဝယ် တစ်ယောက်ရဲ့အတွေးအမြင်ကို တစ်ယောက်အား ဖွင့်ဟဆွေးနွေးတတ်သော အကျင့်ရှိသူများ ဖြစ်သည့်အတွက် ကျွန်တော်တို့ မိတ်ဆွေတစ်စု အားလပ်ချိန်မှာ စကားဝိုင်းလေးဖွဲ့ဖြစ်ပါသည်။ စကားဝိုင်း ဟုဆိုသော်လည်း အပြင်မှာ လူချင်းတွေ့ဆုံပြောဆိုကြသည်မဟုတ်ပါ။ အင်တာနက်လိုင်းကိုသုံး၍ အွန်လိုင်း ပေါ်တွင်ပဲ ဆွေးနွေးကြခြင်းဖြစ်ပါသည်။ ဒါသည်ကိုပဲ ခေတ်မီခြင်းလို့ ခေါ်မလား ကျွန်တော်တို့တွေ အတော် လေး ပြောဖြစ်ခဲ့ကြပါတယ်။ ဒီတစ်ခါမှာပြောဖြစ်ကြတာတော့ တစ်ယောက်ချင်းစီရဲ့ လေးစားခြင်းကိုခံရသူ တွေအကြောင်းပါ။ အဆိုပါပွဲမှာတော့ ကျွန်တော်က နားထောင်သူသက်သက် ဖြစ်ခဲ့ပါတယ်။     မိတ်ဆွေတစ်ယေက်က ဒီလိုပြောပါတယ်။ “ ကျွန်တော်ကတော့ဗျာ လူတိုင်းကို မလေးစားတတ်ဘူး။ ကျွန်တော်လေးစားတဲ့သူရယ် ကျွန်တော်ရှုံှု့ချတဲ့သူရယ်ဆိုပြီး သပ်သပ်စီရှိတယ်။ နောက်ပြီး ကျွန်တော်က တစ်ခါလေးစားမိပြီဆို အမြဲလေးစားပြီးသားပဲ။ တစ်ခါလောက် ကျွန်တော် သဘောမကျတာတွေ့လို့ ရှုံ့ချမိ ရင်လည်း ဘယ်တော့မှ မလေးစားတော့ဘူး” လို့ပြောပါတယ်။   နောက်တစ်ဦးကတော့ “ ကျွန်တော်ကတော့ အဲလိုမဟုတ်ဘူးခင်ဗျ။ ကိုယ့်ထက်တော်တဲ့ တတ်တဲ့ သူဆို လေးစားလိုက်တာပဲ။ ဘယ်သူရယ် ဘယ်ဝါရယ် မခွဲဘူးဗျ။ နော...

စံထားရသော ပညာရေးစနစ်ဆိုသည်မှာ

Image
စံထားရသော ပညာရေးစနစ်ဆိုသည်မှာ           ဒီတစ်ပါတ်မှာတော့ Academic Weekly စာဖတ်ပရိတ်သတ်အတွက် အကောင်းဆုံး ပညာရေးစနစ် အဆင့်သတ်မှတ်ချက်များမှာ နှစ်စဉ်နှစ်တိုင်းလိုလို ထိပ်ဆုံးက ပါလေ့ရှိတဲ့ ဖင်လန်(Finland) နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်းကို မိတ်ဆက်သဘောမျိုး ဖော်ပြပေးပါ့မယ်။ ပညာရေးစနစ်ကြီးတစ်ခုလုံးကို လေ့လာဖို့ ဆောင်းပါးတစ်ပုဒ်တည်းနဲ့ မလုံလောက်တဲ့အတွက် သူတို့ ဘာကြောင့် ထိပ်တန်း ရောက်ရလဲ၊ သူတို့ ဘယ်လိုစနစ်တွေ ကျင့်သုံးကြလဲဆိုတာကိုပဲ ပြန်လည်ဖော်ပြပေးပါ့မယ်။ မူရင်း ဆောင်းပါးကို ၂၀၁၁ - ၁၂ ပညာသင်နှစ်တုန်းက ရေးခဲ့တာဖြစ်တဲ့အတွက် ယနေ့အခါမှာတော့ ပိုမို ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားမှာကတော့ မလွဲမသွေပါပဲ။           (၁) ဖင်လန်နိုင်ငံက ကလေးများဟာ အသက် (၇) နှစ်မပြည့်မချင်း ကျောင်းမနေရပါဘူး။           (၂) အခြားနိုင်ငံများရဲ့ ပညာရေးစနစ်တွေနဲ့ယှဉ်ရင် ဆယ်ကျော်သက်အရွယ်ရောက်မှ စာမေးပွဲဖြေဆိုရခြင်းနဲ့ အိမ်စာပြုလုပ်ရခြင်းများရှိပါတယ်။      ...