Internet နှင့် သိချင်စိတ်အကြောင်း
Internet နှင့် သိချင်စိတ်အကြောင်း ကျွန်တော်ပြောပြချင်တဲ့ သိချင်စိတ်ဆိုတာ အတင်း၊ သတင်းနောက်ကို တကောက် ကောက်လိုက်နေခြင်း မဟုတ်ပါ။ ပညာရပ်ပိုင်းဆိုင်ရာနှင့် အခြားသိမှတ်ဖွယ်ရာ အဖြာဖြာကို သိလိုတဲ့ သိချင် သောစိတ်အကြောင်း ကိုမိတ်ဆက်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အင်တာနက်ကို ကျွန်တော်တို့နိုင်ငံမှာ အတော်လေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ကျွန်တော်လေ့လာ မိသလောက် Internet User တော်တော်များများဟာ အင်တာနက်အကြောင်း မသိသေးခင်မှာ အရင်ဆုံး Social Network ကပဲစသုံးကြပါတယ်။ အဲဒီနောက်ပိုင်းလည်း Social Network သုံးတာက နေမတက်တော့ပါဘူး။ ဒါဟာ တကယ့်တကယ်တွေးကြည့်ရင် မတန်ပါဘူး။ Social Network သုံးတာ အချိန်ဖြုန်းခြင်း သက်သက်ပါလို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူတော့ အကျိုးကျေးဇူးများစွာရှိပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ မြန်မာ့ လူငယ်တွေကို Social Network သုံးတာတစ်ခုတည်းနဲ့တော့ အချိန်မကုန်စေလိုပါဘူး။ ...