Posts

Showing posts from 2016

တောက်ပခဲ့တဲ့ ကြယ်တစ်ပွင့် (သို့မဟုတ်) မာရာအန်ဂျလို

ငယ်ဘဝရဲ့ ခယောင်းလမ်း မာဂရက် အန်နီဂျွန်ဆန်ကို ၁၉၂၈ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း၊ မစ်ဆောရီပြည်နယ်၊ စိန့်လူးဝစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ် သူ ဘေလီဂျွန်ဆန်မှာ တံခါးစောင့်အလုပ်ကို လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ရေတပ်စားဖိုမှူးတစ် ဦးလည်း ဖြစ်ပါတယ်။ အမေကတော့ ဘက် စတာဂျွန်ဆန်ဖြစ်ပြီး သူနာပြုတစ်ယောက်ဖြစ် ပါတယ်။ မာဂရက်ရဲ့အစ်ကို ဘေလီဂျူနီယာ က မာဂရက်ကို မာရာလို့ နာမည်ပြောင်းလဲ ပေးခဲ့ပါတယ်။ အဓိပ်္ပာယ်ကတော့ ငါ့ရဲ့ညီမ လေးဖြစ်ပါတယ်။ အန်ဂျလိုလေး သုံးနှစ် အရွယ်အရောက်မှာ မိဘတွေရဲ့ မပြေလည်မှု ဒုက်္ခတွေဟာ အိမ်ထောင်ရေးကို အဆုံးသတ် ဖို့ ဖန်လာခဲ့ပါတယ်။ ကွာရှင်းပြတ်စဲပြီးနောက် မှာတော့ သူ့ရဲ့အဖေက အန်ဂျလိုတို့ မောင် နှမကို သူ့တို့အဘွား အန်နီဟန်ဒါဆန်ရှိရာ အာ ကန်းဆက်ပြည်နယ်က စတန့်(စ်)ဆိုတဲ့ မြို့ ငယ်လေးဆီ ပို့လိုက်ပါတယ်။ အန်နီဟန်ဒါ ဆန်က စတိုးဆိုင်လေးတစ်ခု ဖွင့်ထားသူပါ။ နောင်လေးနှစ်အကြာမှာတော့ အန်ဂျလို ရဲ့ဖခင်ဟာ ကလေးတွေကို အဘွားဆီကနေ ပြန်ခေါ်ပြီး သူတို့မိခင်ရှိရာ စိန့်လူးဝစ်ကို ပြန် ပို့ ခဲ့ပါတယ်။ အန်ဂျလိုလေး ခုနစ်နှစ်အရွယ် ပေါ့။ တစ်နေ့မှာတော့ အန်ဂျလိုအတွက် ကံဆိုးမိုးမ...

Donald Trump အကြောင်းတစေ့တစောင်း

Image
# Donald # Trump အကြောင်းတစေ့တစောင်း တစ်ပန်းသာခဲ့တဲ့ ငယ်ဘဝ ဒေါ်နယ်ဂျွန်ထရမ့်ကို ၁၉၄၆ ခုနှစ်၊ ဂျွန်လ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယော့(ခ်)မြို့၊ ကွင်း(စ်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အဖ ဖရက်ဒရစ်(ခ်) နှင့် အမိ မေရီမက် တို့က မွေးဖွားခဲ့ပြီး မွေးချင်း ငါးယောက်အနက် လေးယောက်မြောက်သားဖြစ်ပါတယ်။ အဖေဖြစ်သူ ဖရက်ဒရစ်(ခ်)ဟာ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ခွန်အားနဲ့ ဉာဏ်ရည် ကောင်းမွန်တဲ့ ကလေး တစ်ယောက်ဖြစ်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ်မှာ မိဘတွေက နယူးယော့(ခ်) တပ်မတော် အကယ်ဒမီ ကျောင်းကိုပို့ခဲ့ပါတယ်။ ရည်ရွယ်ချက်က ကျောင်းရဲ့ စည်းကမ်းချက်တွေဟာ သူတို့သားလေးရဲ့ ခွန်အားကို အပြုသဘောဆောင်ထိန်းကျောင်းစေနိုင်ဖို့ပါတဲ့။ မိဘတွေမျှော်မှန်းထားတဲ့ အတိုင်းပါပဲ . . . ကျောင်းတွင်းရေးရာနဲ့ လူမှုဆက်ဆံရေးမှာ အောင်မြင်တဲ့ ထရမ့်ဟာ ကျောင်းဂုဏ်ဆောင် အားကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူကျောင်းပြီးတဲ့ ၁၉၆၄ ခုနှစ်မှာတော့ ကျောင်းသားခေါင်းဆောင်ပါ ဖြစ်ခဲ့ပါတယ်။ နွေရာသီတွေရောက်တဲ့အခါမှာတော့ ထရမ့်ဟာ ဖခင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေထဲကို လိုက်ပါပြီး လေ့လာရင်း ကူညီလုပ်ကိုင...

ဂီတလမ်းကို ဖောက်ခဲ့သူတစ်ယောက် (သို့) သမိုင်းတွင်သည့် နိုဘယ်(လ်)ဆုရှင် Bob Dylan

Image
ငယ်ဘဝ တေးရေးဆရာ၊ အဆိုတော်၊ အနုပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဘော့ဒိုင်လန်ကို ၁၉၄၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း မင်နယ်ဆိုတာ ပြည်နယ်၊ ဒလု မြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကတော့ ရော့ဘတ်အလန် ဇင်မာမန်း ဖြစ်ပါတယ်။ ရော့(ခ်) ဂီတကြယ်ပွင့် အဲဗစ်ပလပ်စလေ၊ ဂျယ်ရီ လီး လူးဝစ်(စ်) တို့အပြင် သူ့ရဲ့ ငယ်ဘ၀ စန္ဒယား ဆရာရစ်ချက်တို့ရဲ့ လွှမ်းမိုးမှုကြောင့် ရော့(ခ်)ဂီတအပေါ်ရူးသွပ်လာခဲ့သူဖြစ်ပါတယ်။ အဲဒီအချက်ကပဲ ဝါသနာတူတွေစုပြီး တီးဝိုင်းလေးဖွဲ့ဖို့တွန်းအားပေးခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်၊ မင်နယ်ဆိုတာတက္ကသိုလ် မှာ ပညာသင်ကြား နေစဉ်အတွင်းမှာတော့ ရိုးရာတေးသီချင်းတွေနဲ့ အမေရိကန်ကျေးလက်တေး သီချင်းတွေကို သီဆိုခဲ့ပါတယ်။ ဂီလောက တစ်ပိုင်းတစ ၁၉၆၀ခုနှစ်အရောက်မှာတော့ ဘော့ဒိုင်လန်ဟာ ပညာရေးတစ်ပိုင်းတစနဲ့ပဲ မင်နယ်ဆိုတာ ကောလိပ်ကနေ ထွက်ပြီး နယူးယောက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ ရှေ့ဆောင်လမ်းပြ လို့သတ်မှတ်ထားသူဖြစ်တဲ့ ဝူဒီ ဂူသရီး ဟာ အာရုံကြောရောဂါနဲ့ ဆေးရုံတက် နေတာဖြစ်တဲ့ အတွက် ဘော့ဟာ ဆေးရုံကို ပုံမှန်သွားတွေ့ရင်းကနေ ကျေးလက် တေးဂီတ အဖွဲ့တွေနဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့ပါတယ်...

တောင်နှင့်လူသား

တောင်နှင့်လူသား တောင်မြင့်မားက လူသားကိုဆီးကြည့်သတည်း။ တောင်မြင့်မားကို လူသားပြန်မော့ကြည့်သတည်း။ တောင်မြင့်မားက လူသားငယ်ငယ်၊ ခန့်မထယ်မို့ ရယ်သွမ်းသွေးလို၊ လှောင်သလိုပင် အိုဘယ့်လူသား၊ သင်ကများ ငါ့အားယှဉ်ပြိုင်၊ ရင်ဆိုင်အန်တု ဘယ်သို့ပြု ဟု ခုပင်မေးတော့မယောင်ယောင်။ ဟုတ်ပါလေရဲ့ ပေပေါင်းသောင်းကျော်၊ မိုးသို့မျှော်သည် မော်နိုင်ပါပေ့ တောင်မြင့်မား။ မှန်ပါလေရဲ့ ခြောက်ပေအရွယ်၊ ဂုဏ်မထယ်သည် သိမ်ငယ်ပါပေ့ အိုလူသား။ သို့သော်လူသား၊ စိတ်အင်အားသည် မြင့်မားတောင်ထက်၊ သာလွန်လျက်တည့်။ သို့သော်လူသား၊ ဆန္ဒများသည် မြင့်မားတောင်ထက်၊ သာလွန်လျက်တည့်။ လူသားစွမ်းထက်၊ မျှော်လင့်ချက်သည် တောင်ထက်မြင့်မားနေသတည်း။ လူသားအားတက်၊ ယုံကြည်ချက်သည် တောင်ထက်မြင့်မားနေသတည်း။ သည်နောက်တွင်ကား၊ ထိုလူသားသည် စွမ်းအားကိုဆင်၊ ခြေလှမ်းပြင်၍ လျင်လျင်သွက်သွက်၊ မှန်မှန်တက်ခဲ့ ခက်ခဲအန္တရယ်၊ အသွယ်သွယ်ကို ကာကွယ်အသင့်၊ ဉာဏ်ဖြင့်ချင့်ခဲ့ မိုးနှင့်မုန်တိုင်း၊ ပိတ်ဆို့ရိုင်းပင်း တိုက်ခိုက်ခြင်းကို၊ အလျှင်းမဖြုန် သူမတုန်သော်၊ မာန်ဟုန်တောင်ထွတ် ဦးလည်ညွတ်ခ၊ ဝပ်တွားရပြီ လောကအောင်ပွဲပေတကား။ (မောင်မြင့်မြတ်)

မင်းသုဝဏ် ၏ ကဗျာ (ငါ့မျက်ရည်)

ငါ့မျက်ရည် ဆဲသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် ဆိုသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် နင်းသည်ကိုလည်း သူမှုခဲ။ ငါ့မျက်ရည် နှိမ်သည်ကိုလည်း သူမှုခဲ။ ခုတစ်ခါမူ ငဲ့ညှာထောက်ရှု ကြင်နာမှုကြောင့် ဥကာ လည်ကာ ဝိုင်းကာ လာသည် ငါ့မှာ အံကြိတ်ထားရ၏။ မင်းသုဝဏ်

မဂ္ဂင် ၈ ပါး

မဂ္ဂင်(၈)ပါး အကျင့်တရား (မဂ္ဂင်(၈)ပါးအကျင့်တရား) ၁။သမ္မာဒိဌိ(အမှန်သိခြင်း)။ အနိစ္စ၊ဒုက္ခ၊အနတ္တ လက္ခဏာရေး(၃)ပါး ကိုတကယ်သိနေခြင်း၊ ထို့ပြင်- (က) ဒုက္ခောဉာဏံ။ ဆင်းရဲခြင်းတို့ကို မှန်စွာသိခြင်း။ (ခ) ဒုက္ခသမုဒယောဉာဏံ။ ဆင်းရဲခြင်းဖြစ်ရခြင်းတရားကိုသိခြင်း။ (ဂ) ဒုက္ခနိရောဓဉာဏံ။ ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသိခြင်း။ (ဃ) ဒုက္ခနိရောဓဂါမိနိပဋိပါဒယဉာဏံ။ ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းရာအကျင့်ကိုသိခြင်း။ ၂။ သမ္မာသင်္ကပ(အမှန်ကြံစည်ခြင်း)။ ရုပ်နာမ်တို့ သူ့သဘောသူဆောင်နေခြင်းကို ရှုမြင်ခြင်း- (က) နေက္ခမ္မသင်္ကပ္ပေါ။ လောကီအာရုံကာမဂုဏ်၌ခုံမင်တွယ် တာခြင်းမှလွတ်ကင်း လိုသောကြံစည်မှု(ကာမဝိတက်)။ (ခ)အဗျာပါဒသင်္ကပ္ပေါ။ နှလုံးမသာခြင်း၊အမျက်ထွက်ခြင်း မှကင်းသောကြံစည်မှု(ဗျာပါဒဝိတက်)။ (ဂ) ဝိဟီသာသင်္ကပ္ပေါ။ နှိပ်စက်ညှင်းဆဲခြင်း၊ အနိုင်ရလိုခြင်းတို့မှကင်းသောကြံစည်ခြင်း (ဝိဟိ ံသဝိတက်)။ ၃။ သမ္မာဝါစာ(အမှန်ပြောခြင်း)။ မုသာဝါဒ - မုသားမပြောခြင်း၊ ပိသုဏဝါစာ - ကုန်းမတိုက်ခြင်း၊ ဖရုဿဝါစာ - သူတစ်ပါးနားမခံသာအောင် ကြမ်းတမ်းစွာမပြောဆိုခြင်း၊ သမ္ဖပ္ပလာပဝါစာ - အနှစ်မပါလုပ်ကြံ၍မပြောဆိုခြင်း၊ ဝစီစရိုက်(၄)ပါးရှောင်ကြဉ်ခြင်း။...

ရေအကျိုး ၁၀ ပါး

ရေအလှူအကျိုးဆယ်ပါး စင်ကြယ်ကျော်ဇော ပေါများခြွေရံ လျှင်မြန် ဘိခြင်း မွတ်သိပ် ကင်းလျှက် အဆင်းသုခ ဗလ အာယု ကြီးထုပညာ ဤဆယ်ဖြာ ရေလှူပါက အကျိုးရ

Bill Gates

တစ်ခါတုန်းက ဘီလ် ဂိတ်က စားသောက်ဆိုင်တစ်ခုမှာ ရှိနေတယ် ။ စားသောက်ပြီးတဲ့အခါ စားပွဲထိုးကို ဘောက်ဆူးအဖြစ် ငါးဒေါ်လာ ပေးလိုက်တယ် ။ စားပွဲထိုးမျက်နှာမှာ ဘောက်ဆူးရတဲ့ အခါ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပြောင်းလဲသွားတယ် ။ ဘီလ်ဂိတ်က နားလည်လိုက်ပြီး မေးလိုက်တယ် ။ “ ဘာဖြစ်လို့လဲ ” စားပွဲထိုး လေးက ပြန်ဖြေတယ် ။ “ ကျွန်တော် အံ့သြလို့ပါ စားပွဲတစ်ခုထဲမှာပဲ ခင်ဗျားသားက ကျွန်တော့်ကို ဒေါ်လာ ငါးရာ ဘောက်ဆူးပေးခဲ့တယ် ...အခု ခင်းဗျားက သူ့အဖေလေ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးလူ ... ခင်ဗျားက ငါးဒေါ်လာ ပဲပေးတယ် ” ဘီလ်ဂိတ်က ပြုံးလိုက်ပြီး အဓိပ္ပါယ်များစွာပါတဲ့ စကားနဲ့ပြန်ပြောလိုက်တယ် ။ “ သူက ကမ္ဘာ့ အချမ်းသာဆုံးလူ ဖြစ်တဲ့ ငါ့ရဲ့ သားပါ ... ငါကတော့ သစ်ခုတ်သမားရဲ့သားပါ ” တဲ့ ။ ################### ကိုယ့်ရဲ့ အတိတ် ကိုယ့်ရဲ့ဘဝဆိုတာ ဘယ်တော့မှမမေ့ပစ်ရဘူး ။ ကိုယ်ဘယ်အခြေအနေပဲရောက်နေနေ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝကိုမေ့ပြီး အောက်ခြေလွတ် တဲ့ လူတန်းစားမဖြစ်အောင် နေဖို့လို ပါ တယ် ။

ဗုဒ္ဓဝင်မှတ်တမ်း အကျဉ်းချုပ်

၁။ လူအမည်-သိဒ္ဓတ္ထ။ ၂။ ဘုရားဘွဲ့တော်-အရှင်ဂေါတမ။ ၃။ ခမည်းတော်(ဖခင် )-သုဒ္ဓေါဒနမင်း။ ၄။ မယ်တော်-မာယာဒေဝီ။ ၅။ ကြင်ယာတော်-ယသောဓရာ။ ၆။ ရင်သွေးတော်(သားတော်)-ရာဟုလာ ၇။ ယောက်ဖတော်-ဒေဝဒတ်။ ၈။ မိထွေးတော်-ဂေါတမီ။ ၉။ နေပြည်တော်-ကပိလဝတ်ပြည်။ ၁၀။ မွေးဖွားရာဌာန-လုမ္ဗိနီအင်ကြင်း ဥယျာဉ်။ ၁၁။ ဖွားဖက်တော်(၇)ဦး- ယ သောဓရာ ၊အရှင် အာနန္ဒာ၊ ကာဠုဒါယီ ၊ဆန္နအမတ် ၊ကဏ္ဍကမြင်း ဗောဓိပင်၊ရွှေအိုးကြီးလေးလုံး။ ၁၂။ နန်းစံနှစ်-ဆယ့်သုံးနှစ်။ ၁၃။ နိမိတ်ကြီးလေးပါး- သူအို သူနာ သူသေ ရဟန်း။ ၁၄။ ဗျာဒိတ်ခံယူသောဘဝ-သုမေဓာရှင်ရသေ့ဘဝ။ ၁၅။ ဗျာဒိတ်ခံယူသောနေ့-ကဆုန်လပြည့်နေ့။ ၁၆။ ဗျာဒိတ်ပေးသောဘုရား-ဒီပင်္ကရာ မြတ်စွာဘုရား။ ၁၇။ ပါရမီဖြည့်ဖက်-သုမိတ္တာအမျိုးသမီး။ ၁၈။ ပါရမီဖြည့်ခြင်း၏ ရည ်ရွယ်ချက်-သတ္တဝါများ၏ အကျိုးစီးပွားဆောင် ရွက်ရန်။ သံသရာမှ ထွက်မြှောက် ရန် ၁၉။ ပါရမီဖြည့်ရာကာလ-လေးသင်္ချေနှင် ကမ္ဘ္ဘ္ဘာတစ်သိန်း။ ၂၀။ ဒုက္ကရစရိယာကျင့်သောနှစ်-ခြောက်နှစ်။ ၂၁။ ဒုက္ကရစရိယာကျင့်သောနေရာ-ဥရုဝေဠတော။ ၂၂။ ဘုရားဖြစ်ချိန် သက်တော်-သုံးဆယ့်ငါးနှစ်ရွယ်။ ၂၃။ ဘုရားပွင့်ရာ သက်တမ်း-နှစ်တ ်ရာသက်တမ်း။ ၂၄။ အလုပ်အကျွေး-ပဉ္စဝဂ္ဂီငါးဦး(ဒုက္ကရစရိယာကျင့်ခိုက်) အရှင် အ...
 ထိုတစ်နေ့ ရွှေထီးလေးလက် ၊ ဖြန့်ဝန်းကျက်၍ ငြိမ်သက်အိပ်ပျော် ၊ နေဘိသော်လျှင် ခေါ်၍မကြား ၊ အော်မကြားချေ တရားရှုမှတ် ၊ နေဘိလတ်သို့ ပါးစပ်စေ့ကာ ၊ ချ မျက်လွှာနှင့် ခုခါရုပ်ဆင်း ၊ မပျက်ယွင်းဘဲ ဝင်းစက်သားရေ ၊ နဂိုနေနှင့် အမေသေပန်း ၊ ပွင့်လေပြီ။ မကြားချင်ဆုံး မကြည့်ချင်ဆုံး မမြင်ချင်ဆုံး အဆုံးတစ်ကွေ့  ထိုတစ်နေ့ကို မတွေ့ ရအောင် ဘယ်သို့ရှောင်လည်း ရှောင်လွှဲမရ ၊ အနိစ္စကို စိတ်ကသိလည်း ၊ ဖြေနိုင်ခဲစွ ပွဲတွေ့အပူ ၊ သဲမြေ့ဆူသည် ဘယ်သူသိနိုင်ပါ့မလဲ အမေ.....။ မေးချင်တာလေး ၊ မေး၍မရ ကျွေးချင်တာလေး ၊ ကျွေး၍မရ ပေးချင်တာလေး ၊ ပေး၍မရ မရလေလေ ၊ ရချင်လေပါ အမေမရှိ ၊ အဖေမရှိ မိဘမဲ့သား ၊ မျက်ကွယ်ထားလျက် သွားရက်ခဲ့ပြီနော် အမေ....။ အမေ့ထံပါး ၊ သမီးသားတို့ ဝပ်တွားတုပ်ကွ ၊ ကန်တော့ကြပြီ ထကာငိုကြွေး ၊ ယခင်ရှေးလို ဆုမပေးနိုင်တော့ဘူးနော် အမေ.....။ သြော်..... မေးချင်တာလေး ၊ မေး၍မရ ကျွေးချင်တာလေး ၊ ကျွေး၍မရ ပေးချင်တာလေး ၊ ပေး၍မရ ရနိုင်သူများ ၊ သတိထားဖို့ ရှိထားအမေ ၊ တာဝန်ကျေဖို့ ဆုခြွေဆင့်ပွား ၊ မေတ္တာအားဖြင့် အမေ့သား ကဗျာရေးမိပါသည် သာဓုခေါ်နိုင်ပါစေ  အမေ....။         ...
ဗေဒါလမ်းကဗျာ နေလုံးရယ်နီ တိမ်ပန်းချီနေသွေးနဲ့ နတ်ရေးသည်သို့ ဒီအကျပေမို့ အလှလတာပြင်က ကျူရိုးရှင်လှေကလေးနဲ့ မျှော်ငေးလိုလို့ သူကိုယ်သူလျှင် ဘာထင်လေမသိ ဘယ်ပြောင်းညာပြန်နဲ့ ဟိုငပျံလတာစွန်းမှာ သူ့အလွမ်းသံချည့် အိုအချင်း ကျူရိုးရှင် သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ် မင်းကိုယ်လဲ မင်းပင်လျှင် ဘာထင်လို့လေလဲ မဗေဒါ စုံဆန်လမ်းမှာ၊ ပန်းပန်ခဲ့သည်ပဲ                                               ဇော်ဂျီ်
ဘယ်လိုကြိုးစားတည်ဆောက်ကြမှာလဲ? စာဖတ်သူဟာ ကြိုးစားအားထုတ်သူဖြစ်ပါလျက် မအောင်မြင် ပဲဖြစ်နေရခြင်းဟာ. . .ဘာ ို လုပ်ရမယ်ဆိုတာသိပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို သတိမေ့နေတာဖြစ်မှာပါ. . . နှစ်မျိုး ခွဲကြည့်ရင် . . . Work Hard နဲ့ Work Smart ဆိုပြီးတွေ့ရမှာပါ။ Work Hard ဆိုတာ က အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်တာပါ။ ဘယ်လိုလုပ် ကိုင်လဲဆိုတော့ လုပ်သာလုပ်နေတယ် . , မပြီးပြတ်ဘူး ပေါ့ ဥပမာ . . စီးပွားရေး မှာ ကြိုးစားပါလျက်နဲ့ မချမ်းသာတာ ပိုက်ဆံသေချာမစုလို့ပါ ၊ ဘယ်လိုသုံးမယ်ဆိုတဲ့ Plan မရှိလို့ပါ။ စာကျက်တဲ့အခါလည်း ဒီအတိုင်းပါပဲ မျက်လုံးထဲ စာကိုမြင်နေ ပေမယ့် စိတ်က တခြားရောက်ချင် ရောက်နေမယ် ။ အသေချာ မကျက်လို့ ဖြစ်ချင်ဖြစ်မယ် အဲဒီတော့ နောက်ဆို တစ်လုံးမှ မမှတ်မိတော့တာပါပဲ. . .။ Work Smart မှာ Plan ရှိပါတယ်။ Plan ချခဲ့တဲ့ သူတိုင်း မအောင်မြင်ကြပေမယ့် အောင်မြင်တဲ့ သူတိုင်းမှာ Plan ကိုယ်စီရှိခဲ့ကြတာကတော့ သတိပြုစရာပါ. . .။ Work Hard မဟုတ်ပဲ Work Smart ဖြစ်အောင် လုပ်နိုင်ကြပါစေ။ အောင်မြင်မှု အလီလီနဲ့ ပျော်ရွှင်နိုင်ပါစေ. .။ Ok! Let's work Smart!!!!!
တပြည်သူမရွှေထား - ( တက္ကသိုလ်ဘုန်းနိုင်) သည်ဘဝတွင် ကိုယ်ပင်လက်လျှော့ နေရစ်ပေါ့ဟု ပတ်ကျော့ခိုင်တုံး အချစ်ထုံးလျှင် လုံးလုံးမပြေ ရှိပါစေလည်း ဖြေရဖျောက်ရ လွမ်းနောင်တနှင့် ဘဝခြားသူ တပြည်သူကို မြွတ်ကြူမြခွန်း နှောင်းချစ်ပန်းနှင့် ပျံ့မွှန်းဆိုလျက် ကိုယ်နှုတ်ဆက်မည် မှားချက်သည်တွင် ဆုံးပါတော့.. . . သြော်. . .ထားရယ်. . .။ သည်တွင် ဆုံးပါစေတော့ . . . ဆုံးပါစေတော့ (ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထား စာအုပ်မှ)
စိတ်ဓာတ်ကျတတ်ရင် မီးသွေးခဲ လုပ်မယ်လား စိန် လုပ်မှာလား မီးသွေးခဲနဲ့ စိန် ဆိုတာက မူလ ကာဗွန် ဒြပ်စင် များဖြစ်ကြပါတယ် . . မီးသွေးခဲဆိုတာ မြေကြီးရဲ့ အပေါ် ယံလောက်မှာ ပဲ လုပ်ယူ လို့ ဖြစ်ရတဲ့ အရာပါ စိန် ဆိုတာက ဟိုးးး မြေကြီးအောက် Pressure ဒဏ် တွေ အပူဒဏ်တွေ နဲ့မှ ဖြစ်လာတဲ့ အရာပါ မူလ ဒြပ်စင်တူကြသော်လည်း ဖြစ်ပေါ်လာတဲ့ ရလဒ်နဲ့ ပေးဆပ်ထားတဲ့ အတိုင်းအတာတွေ မတူကြဘူးနော် သူငယ်ချင်းတို့လည်း ဘဝမှာ စိတ်ညစ်စရာတွေ စိတ်ပျက်အားငယ်စရာတွေ အကြပ်အတည်းတွေ ကြုံလာတိုင်း ဒီ အမှန်တရားလေးကို သတိရနော် ငါမီးသွေးခဲ လုပ်မှာလား စိန်တုံး လုပ်မှာလား ဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်နော် စိတ်ပျက်ဝမ်းနည်းစရာ အကြပ်အတည်းတွေ ကြုံလာတိုင်း ကိုယ့်ကိုယ်ကို ပြန်ကြည့် ငါစိန်တုံး ဖြစ်လာတော့မှာ ဒီ ဒဏ်တွေ ခံနိုင်မှ ဖြစ်မယ် ဆိုတာကိုတွေး ပြီး ရင်ဆိုင် အောင်မြင်မှုတွေအလီလီ ရနိုင်ကြပါစေ ကဲ သူငယ်ချင်းရေ မီးသွေးခဲ လုပ်မှာလား စိန်တုံးကြီးလုပ်မှာလား ? ဆရာတစ်ယောက်၏ သြဝါဒကို share ပါသည် . . . ။
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာစေချင်ရင် ၁.ဒုက္ခကိုပုံကြီးမချဲ့ပါနဲ့ ၂.မိမိအလုပ်ကို ခင် တွယ်ပါ ၃.သိမ်ငယ်စိတ်ကိုလက်မခံပါနဲ့ ၄.သူတစ်ပါးကိုအထိုက်အ လျောက်နားလည်ပေးလိုက်ပါ ၅.အချိန်ယူပြီးကုစားရမည့်ပြသနာရှိသည်ကိုနားလည်ပါ ၆.အပန်းဖြေရင်း ဝါသနာပါတဲ့တစ်ခုခုလုပ်ပါ ၇.စကားပြောဖော်ရှာပါ ၈.စိတ်စေတနာသန့်သန့် သူတစ်ပါးကို ကူညီလိုက်ပါ ၉.ပြသနာကိုခေါင်းအေးအေးထားပြီးဖြေရှင်းပါ (ဆောင်းပါးရှင် ဒေါက်တာလွင်ကို ရေးသားသည့် အချက်များကို သူငယ်ချင်းများ သိမြင် လာစေဖို့ ကူးယူဖော်ပြပါသည်)
''ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) " ခါထုတ်လို့သာ ရစတမ်းဆိုလျှင်... ရင်မှ ဝေဒနာကို ခါထုတ်ပစ်လိုက်ချျင်၏ ဖြူ တစ်ကောင် ခါထုတ်လိုက်သည့် ဆူးများပမာ ကိုယ့်ဝေဒနာက တစ်ပါးသူကို အန္တရာယ်ဖြစ်မှာတော့ မလိုလားမိပြန် အန်ထုတ်လိုက်မှ ပေါ့ပါးသွားမည် ဆိုပါက ရင်ထဲမှ ခံစားမှုတို့ကိုအန်ထုတ်လို့ရချင်ပြန်သည် ဇီဝဇိုး ငှက်တစ်ကောင်အန်ထုတ်လိုက်သည့် ပစ္စည်းနှယ်သာ တန်ဖိုးရှိနေစေချင်တာလည်း အမှန်ပင်။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သီင်္ဂါရမြနဒီ စာအုပ်မှ။
"မျက်ဖြေလင်္ကာ" သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ၊ မက်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်၊ စိမ်းစည်မကွာ မင်းချမ်းသာကား သမုဒ္နရာ၊ ရေမျက်နှာထက် ခဏတက်သည့်၊ ရေပွက်ပမာ တစ်သက်လျာတည်း။ ကြင်နာသနား၊ ငါ့မအားသတ် ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ လူတကာတို့၊ ခန္ဓာခိုင်ကျည် အတည်မမြဲဖောက်လွှဲတတ်သည် မချွတ်စသာ သတ္တဝါတည်း။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက် သံသာစက်၌်၊ ကြိုက်လတ်တွန်မူ တုံ့မယူလို၊ ကြည်ညိုစိတ်သန် သခင်မွန်ကို၊ ချန်ဘိစင်စစ် အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။ (အနန ္တသူရိယအမတ်)
ဆရာဇော်ဂျီ၏ ညီသစ်ဆင်းကဗျာအမှတ်စဉ် ၆ ဂုဏ်အလှ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း မင်း၏သားငယ် သက်နှစ်ဆယ်သည် ဘယ်ဂုဏ်မျိုးကိုကြိုက်သနည်း. . .။ ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည် လူ့ဘုံလာက အကာမျှတည့် သူကငြူစူ မကြည်ဖြူ၍ ခွာယူလိုက ခွာ၍မရ။ ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည် လူဘုံလောက နှစ်သာရတည့် သူကငြူစူ မကြည်ဖြူလည်း ခွာယာမရ ကွာမကျ။ ။ #ဇော်ဂျီ
သောကခြရာ (၁) သခင်. . . . မြင်စမ်းတော့လေ နေဆယ်စင်းကို၊ ရင်တွင်းလှောင်ပိတ် သော့ချိတ်ဆွဲခတ်၊ လှပ်မပြသာ။ ကြင်နှာနှောင်ရစ်၊ ချစ်သတဲ့လား စကားသည်လို ဆိုတတ်သည့်ငှက် ပြေးထွက်လေမှ သည်ဘဝတော့ နှုတ်အ ပြီပဲ၊ အသည်းသာရှိ အလွမ်းချည်းကျန်။ အစဉ် . . . ရင်ထဲပတ္တမြား၊ အလွမ်းကြားနစ် နှစ်ရှည်လကြား ရာသီသာပြောင်း ဟောင်းမယ်လို့များ ထင်သလားလေ သောကခြေရာ၊ ဝေဒနာပင် ရှင်မြဲ ရှင်နေ သခင်ကြည့်လှည့်မြင်တော်မူ မောင်စိန်ဝင်း(ပုတီးကုန်း)

ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး

ဂျို့စ်အဲဘတ်တို ပီပီ မူဂျီကာ ကော်နာဒို ကို ၁၉၃၅ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ဖခင် ဖြစ်တဲ့ ဘက်စ်ကီးမျိုးရိုး စပိန်နိုင်ငံသား ဒီမီထရီရို မူဂျီကာနဲ့ မိခင်ဖြစ်တဲ့ အီတလီနိုင်ငံသူ ရွှေ့ပြောင်းလုပ်သား လပ်ကီးကော်နာဒို တို့က မွေးဖွားခဲ့ပါတယ်။ သမ္မတကြီး မူဂျီကာရဲ့ ဖခင်ဟာ လယ်သမားတစ်ယောက်ဖြစ်ပြီး ၁၉၄၀ခုနှစ် သူမသေဆုံးခင်မှာပဲ စီးပွားရေး ပျက်ကာ ကပ်ဆိုက် ယိုင်နဲှဲ့ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သမ္မတကြီးဟာ ၅ နှစ်အရွယ် ပဲ ရှိသေးပါတယ်။ သမ္မတကြီး မိခင်ရဲ့ မိဘများကတော့ အလွန် ချို့တဲ့ ဆင်းရဲရှာတဲ့ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြပါတယ်။ မူဂျီကာဟာ ဥရုဂွေးနိုင်ငံသား နိုငံရေးသမားတစ်ယောက်ဖြစ်ပြီး ဥရုဂွေးနိုင်ငံရဲ့ အယောက် (၄၀) မြောက် သမ္မတ တစ်ဦးဖြစ်ခဲ့ကာ ၂၀၁၀ မှ ၂၀၁၅ အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ၁၉၇၀ နှစ်များနဲ့ ၁၉၈၀ နှစ်များအတွင်း စစ်အစိုးရအုပ်ချုပ်စဉ်က လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်ဖြစ်ခဲ့တဲ့ သူဟာ ထောင် ၁၄ နှစ်ကျခံခဲ့ရပါတယ်။ လက်ဝဲယိမ်း ပါတီများ ညွှန်ပေါင်းအစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်ခဲ့တဲ့ မူဂျီကာဟာ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါ...

ရုပ်လှချင်ရင်

. . . . . ရုပ်လှချင်ရင်. . . . . . ဟိုးရှေးအခါက သီဟိုဠ်ကျွန်းမှာ အလွန်မတန်မှ ချောမောလှပတဲ့ လုလင်ပျို တစ်ယောက်ရှိသတဲ့. . သူ့လိုပဲ ရုပ်အဆင်းချောမောပြေပြစ်တဲ့ ရဟန်းငယ် တစ်ပါးလည်း ရှိပါတယ်. . .တစ်နေ့တော့ နှစ်ဘက်က ဒကာဒကာမ တွေ လူတွေက သူတို့ မင်းသားလေးက လှတယ် သူတို့ရဟန်းငယ်လေးက လှတယ် ဆိုပြီး. .အချင်းများကြပါတယ်. . .ဟိုလူသာတယ် ဒီလူသာတယ်ပေါ့လေ. .အဲဒါနဲ့တစ်နေ့ ဒိုင်တွေဖွဲ့ပြီးပြိုင်ကြတာပေါ့လေ. . ဘယ်သူအနိုင်ရသွားသလဲမပြောခင် သူတို့နှစ်ဦးရဲ့ အတိတ်ဘ၀ လေးကိုပြောပါရစေ. .အရင်အတိတ်ဘဝတစ်ခုမှာ အခုဘဝက ရဟန်းလေးက ကျောင်းတစ်ကျောင်းမှာ . .ရဟန်းကြီးဖြစ်ပြီး လုလင်ငယ်ကတော့ ကျောင်းက ကပ္ပိယကြီးဖြစ်ခဲ့ကြပါတယ်. . ရဟန်းကြီးက ကျောင်းဝန်းထဲမှာ အမှိုက်တွေလှည်းရင် ကပ္ပိယကြီးက အမှိုက်ကျုံုးပေး ခဲ့ပါတယ် အဲဒီ ကုသိုလ်တွေကြောင့် ယခုဘဝမှာ ရုပ်ဆင်းအင်္ဂါလှပ နေကြရတာပါ. . . . . . ဒီတော့. . . . ဘယ်သူအနိုင်ရသွားသလဲဆိုတာ သိလောက်ပါပြီ. . . အဓိကပြောချင်တာကတော့ ရုပ်ဆင်းအင်္ဂါလှပ ချင်ရင် အမှိုက်လှည်းတာတို့ ပတ်ဝန်းကျင် သန့်ရှင်းအောင် အများသူငါ စိတ်ချမ်းမြေ့အောင် လုပ်အားပေး လုပ်ဆောင်တာတို့ကို လုပ်ကြရပါမယ်. . .ဒီအကျိုးထူးတင်မဟုတ်ပါဘူး...

မွေးမေမေသို့ (အမေများနေ့ဂုဏ်ပြုကဗျာ)

မွေးမေမေသို့ ကလလရေကြည် သန္ဓေတည်ကတည်းက ရက်လရယ်လွန်ကာမြောက် ဖွားမြင်ချိန်ရောက်သည်ထိ မွေးဖွားခြင်း စစ်တလင်းမှာ နာကျင်ခံခက် သေမတတ်လည်း ရင်သွေးငယ်အတွက် မာန်က...

Readers' Digest February 2016.pdf

http://176.31.236.205/putstorage/DownloadFileHash/258B1C033A5A4A5QQWE1008979EWQS/Reader's%20Digest%20USA%20-%20Feb%202016@drmyothethan.pdf