တောက်ပခဲ့တဲ့ ကြယ်တစ်ပွင့် (သို့မဟုတ်) မာရာအန်ဂျလို
ငယ်ဘဝရဲ့ ခယောင်းလမ်း
မာဂရက် အန်နီဂျွန်ဆန်ကို ၁၉၂၈ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း၊ မစ်ဆောရီပြည်နယ်၊ စိန့်လူးဝစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ် သူ ဘေလီဂျွန်ဆန်မှာ တံခါးစောင့်အလုပ်ကို လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ရေတပ်စားဖိုမှူးတစ် ဦးလည်း ဖြစ်ပါတယ်။ အမေကတော့ ဘက် စတာဂျွန်ဆန်ဖြစ်ပြီး သူနာပြုတစ်ယောက်ဖြစ် ပါတယ်။ မာဂရက်ရဲ့အစ်ကို ဘေလီဂျူနီယာ က မာဂရက်ကို မာရာလို့ နာမည်ပြောင်းလဲ ပေးခဲ့ပါတယ်။ အဓိပ်္ပာယ်ကတော့ ငါ့ရဲ့ညီမ လေးဖြစ်ပါတယ်။ အန်ဂျလိုလေး သုံးနှစ် အရွယ်အရောက်မှာ မိဘတွေရဲ့ မပြေလည်မှု ဒုက်္ခတွေဟာ အိမ်ထောင်ရေးကို အဆုံးသတ် ဖို့ ဖန်လာခဲ့ပါတယ်။ ကွာရှင်းပြတ်စဲပြီးနောက် မှာတော့ သူ့ရဲ့အဖေက အန်ဂျလိုတို့ မောင် နှမကို သူ့တို့အဘွား အန်နီဟန်ဒါဆန်ရှိရာ အာ ကန်းဆက်ပြည်နယ်က စတန့်(စ်)ဆိုတဲ့ မြို့ ငယ်လေးဆီ ပို့လိုက်ပါတယ်။ အန်နီဟန်ဒါ ဆန်က စတိုးဆိုင်လေးတစ်ခု ဖွင့်ထားသူပါ။
နောင်လေးနှစ်အကြာမှာတော့ အန်ဂျလို ရဲ့ဖခင်ဟာ ကလေးတွေကို အဘွားဆီကနေ ပြန်ခေါ်ပြီး သူတို့မိခင်ရှိရာ စိန့်လူးဝစ်ကို ပြန် ပို့ ခဲ့ပါတယ်။ အန်ဂျလိုလေး ခုနစ်နှစ်အရွယ် ပေါ့။ တစ်နေ့မှာတော့ အန်ဂျလိုအတွက် ကံဆိုးမိုးမှောင်ကျလာခဲ့ရပါတယ်။ အဲဒါက
တော့ သူ့အမေရဲ့ နောက်အမျိုးသား (ပထွေး) ဖြစ်သူရဲ့ အဓမ်္မပြုကျင့်ခြင်းကို ခံလိုက်ရပါ တယ်။ ဒီအဖြစ်အပျက်ကို သူ့ရဲ့အစ်ကိုကို ဖွင့်ပြောရာကတစ်ဆင့် ကျန်တဲ့မိသားစုဝင် တွေလည်း သိရှိခဲ့ကြပါတယ်။ သူ့ကို မတရား ပြုကျင့်သူဟာ တရားရုံးမှာအမှုရင်ဆိုင်ခဲ့ရ
ပေမဲ့ ဥပဒေဟာ အန်ဂျလိုတို့ဘက်မှာ မရှိ ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားခံဟာ ထောင်တစ်ရက်ပဲ ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ အဲဒီလူထောင်ကထွက်လာပြီး လေးရက် မြောက်နေ့မှာ အန်ဂျလိုရဲ့ ဦးလေးတွေက တရားခံကို သတ်ပစ်လိုက်ပါတယ်။ သူပြောလို့ ဒီလူသေရတာပါဆိုတဲ့ အစွဲဝင်သွားတဲ့ အန်ဂျ လိုဟာ အသက် ၁၃ နှစ်ရောက်သည် အထိ လုံးဝကို စကားအပြောအဆိုနည်းပါးသွားခဲ့ရပါတယ်။ ဒီအတောအတွင်းမှာ အန်ဂျလိုဟာ စာအုပ်တွေကိုပဲ အဖော်ပြုရင်း စာဖတ်ခြင်းနဲ့ တေးဂီတနားထောင်ခြင်းတွေကို ချစ်မြတ် နိုးလာတတ်ခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ဆိုး ဖြစ်ပြီးတဲ့ နောက်မှာတော့ အန်ဂျလိုတို့ မောင နှမဟာ အဘွားရှိရာ ပြန်သွားခဲ့ပါတယ်။ အဲဒီ မှာပဲ သူ့ရဲ့ ဆရာမလည်းဖြစ်၊ သူတို့ မိသားစုရဲ့ မိတ်ဆွေလည်းဖြစ်တဲ့ Bertha Flowers က သူမကို ကမ်္ဘာကျော်စာရေးဆရာတွေရဲ့ စာအုပ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီ စာရေးဆရာတွေကတော့ Charles Dickens, William Shakespeare, Edgar Allan Poe, Douglas Johnson နဲ့ James Weldon Johnson တို့ဖြစ်ပြီး သူတို့ရေးသားတဲ့ စာအုပ် တွေကပဲ သူ့ရဲ့ဘဝကိုလွှမ်းမိုးခဲ့ပါတယ်။ အဲဒီအပြင် လူမည်းအမျိုးသမီး အနုပညာ ရှင်များ ဖြစ်ကြတဲ့ Frances Harper, Anne Spencer နဲ့ Jessie Fauset တို့ကိုလည်း ငယ်ဘဝကတည်းက သဘောကျနှစ်ခြိုက်ခဲ့ပါ တယ်။
အသက် ၁၄ နှစ်မှာ အစ်ကိုဖြစ်သူနဲ့ အတူ မိခင်ရှိရာ ကယ်လီဖိုးနီးယားကို တစ် ခါပြန်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒုတိယကမ်္ဘာစစ် အတွင်း ကယ်လီဖိုးနီးယား အလုပ်အသမား ကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အန်ဂျလို အသက် ၁၇ နှစ် ကျောင်းပြီးလို့ သုံးပတ် အကြာမှာတော့ သူ့ရဲ့ သားလေးကို မွေးဖွားခဲ့ ပါတယ်။ အန်ဂျလိုဟာ ဆိုးရွားတဲ့ အလုပ် ပေါင်းများစွာကို လုပ်ကိုင်ပြီး ရုန်းကန်ခဲ့ရပါ တယ်။ ဘယ်လောက်ထိဆိုးသလဲဆိုရင် ပြည့် တန်ဆာမအလုပ်အထိကို လုပ်ကိုင်ခဲ့ရပါ တယ်။ တချို့တွေက သူ့ရဲ့ ဆိုးရွားလှတဲ့ အတိတ်သမိုင်းကြောင်းကို ဖုံးဖိကွယ်ထားဖို့ ကြိုးစားခဲ့ကြပေမဲ့ အန်ဂျလိုကတော့ Gather Together in My Name လို့ အမည်ရတဲ့ သူ့ရဲ့ ကိုယ်ရေးအတ်္ထုပ်္ပတ္တိ စာအုပ်မှာ ထည့် သွင်းရေးသားခဲ့ပါတယ်။
ဘဝတစ်ခုရဲ့ နိဒါန်း
၁၉၅၁ ခုနှစ်မှာ အိမ်ထောင်ကျပါတယ်။ အဆိုပါနှစ်များဝန်းကျင်မှာ အကသင်တန်း တွေ တက်ခဲ့ပါတယ်။ ဝါသနာတူတွေစုပြီး အကအဖွဲ့လေးဖွဲ့ခဲ့ပေမဲ့ အောင်မြင်မှုမရရှိ ခဲ့ပါဘူး။ ၁၉၅၄ ခုနှစ်မှာ ပထမအိမ်ထောင် ရေး အဆုံးသတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဆန်ဖရန်စ်္စကိုက ကလပ်တွေမှာ ကပြခြင်းနဲ့ အသက်မွေးခဲ့ပါတယ်။ သူကိုယ်တိုင် သီဆို ဖျော်ဖြေပြီး အက ကခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အမည်ကိုလည်း မာရာအန်ဂျလိုလို့ ပြောင်း လဲသတ်မှတ်ခဲ့ပါတယ်။ ၁၉၅၄ - ၁၉၅၅ ခုနှစ် တွေမှာ ဥရောပကို လှည့်လည်ဖျော်ဖြေခဲ့ပြီး Porgy and Bess လို့အမည်ရတဲ့ ပြဇာတ်ကို လည်း ကပြခဲ့ကြပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးအယ်(လ်)ဘမ်ဖြစ်တဲ့ Miss Calypsoကို စတင်ဖြန့်ချိခဲ့ပါတယ်။ အဲဒီနှစ် မှာပဲ ထွက်ရှိခဲ့တဲ့ Calypso Heat Wave ရုပ်ရှင်တေးသီချင်းကိုလည်း သူကိုယ်တိုင် ရေးဖွဲ့ သီဆိုပေးခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် အရောက်မှာတော့ ဝတ်္ထုရေးဆရာJohn Oliver Killens နဲ့ တွေ့ဆုံခဲ့ရာကစလို့ သ့ူရဲ့ တိုက်တွန်းမှုကြောင့်ပဲ နယူးယော့(ခ်)ကို ပြောင်းရွှေ့ကာ စာပေတွေရေးသားဖို့ အာရုံ စိုက်လာခဲ့ပါတယ်။
အာဖရိကန်လူမျိုး၊ အမေရိကန် စာရေး ဆရာအသင်းဖြစ်တဲ့ Harlem Writers နဲ့ ချိတ်ဆက်ရာမှတစ်ဆင့် စာရေး ဆရာများဖြစ်ကြတဲ့ John Henrik Clarke, Rosa Guy, Paule Marshall, Julian Mayfield တို့နဲ့ တွေ့ဆုံသိကျွမ်းခဲ့ရပါတယ်။ နောက်တစ်ဖန် လူ့အခွင့်အရေးတက်ကြွ လှုပ် ရှားသူ မာတင်လူသာကင်းနဲ့လည်း တွေ့ဆုံ စကားပြောရာကစ သူကိုယ်တိုင်လည်း တက် ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
ကပြခဲ့တဲ့ ဘဝအထွေထွေ
တကယ်တော့ မာရာအန်ဂျလိုဟာ အက ဆရာမ၊ စာရေးဆရာမတင် မဟုတ်ပါဘူး။ ကဗျာဆရာမ၊ သမိုင်းရေးဆရာမ၊ သီချင်း ရေးဆရာမ၊ ပြဇာတ်ရေးဆရာမ၊ ရုပ်ရှင် နှင့်တေးထုတ်လုပ်သူ၊ အဆိုတော်၊ ဒါရိုက်တာ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူစတဲ့ ဘ၀ ပေါင်းများစွာကို ကျင်လည်ခဲ့သူဖြစ်ပြီး ကိုယ် တိုင်ရေး အတ်္ထုပ်္ပတ်္ထိစာအုပ်ပေါင်း ခုနစ်အုပ် ရေးသားခဲ့ပါတယ်။ အဲဒါတွေကတော့ -
(1) I Know Why the Caged Bird Sings (1969)
(2)Gather Together in My Name (1974)
(3) Singin' and Swingin' and Gettin' Merry Like Christmas (1976)
(4) The Heart of a Woman (1981)
(5) All God's Children Need Traveling Shoes (1986)
(6) A Song Flung Up to Heaven (2002)
(7) Mom & Me & Mom (2013) တို့ပဲ ဖြစ် ပါတယ်။
ဒါ့အပြင်ကဗျာများကိုလည်း ရေးသားခဲ့ တဲ့ သူဟာ ၁၉၇၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Just Give Me a Cool Drink of Water 'fore I Diiie ဆိုတဲ့ ကဗျာစာအုပ်နဲ့ ပူလစ် ဇာဆုကို ရရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် အမေရိကန် သမ်္မတ ဘီ(လ်)ကလင်တန်ရဲ့ သမ်္မတ ခံယူပွဲ မှာ သူ့ရဲ့ကဗျာဖြစ်တဲ့ On the pulse of mornig ကို ရွတ်ဆိုပေးဖို့ ဖိတ်ကြားခြင်း ခံခဲ့ ရပါတယ်။
လှပသောနိဂုံး
၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်မနက်မှာ တော့ မာရာအန်ဂျလိုဟာ ကျွန်တော်တို့ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါ တယ်။ အမေရိကန်သမ်္မတဟောင်း ဘီ(လ်)ကလင်တန်၊ သမ်္မတဘားရက်အိုဘားမား အပါအဝင် များစွာသော စာပေနယ်ပယ်၊ အနုပညာနယ်ပယ်၊ တေးဂီတနယ်ပယ် အသီး သီးမှ အနုပညာရှင်၊ အတတ်ပညာရှင်များ အပြင် တက်္ကသိုလ်အသီးသီးကလည်း ဝမ်း နည်းကြောင်း ပြသခဲ့ကြပါတယ်။ သူကွယ်လွန်ပြီး တစ်ပတ်အကြာမှာပဲ သူ့ရဲ့ပထမဆုံး ကိုယ်တိုင်ရေးအတ်္ထုပ်္ပတ်္ထိ စာအုပ်ဟာ Amazon မှာ အရောင်းရဆုံး စာအုပ်အဖြစ် နံပါတ် ၁ ချိတ်ခဲ့ပါတယ်။ အလွန်ကို ဆိုးရွားကြမ်းတဲ့ ငယ်ဘဝကနေ စာပေ၊ ဂီတ၊ အနုပညာစတဲ့ နယ်ပယ်ပေါင်း စုံမှာ ကြယ်တစ်ပွင့်အဖြစ် တောက်ပစွာ လင်း လက်ခဲ့တဲ့ မာရာအန်ဂျလိုဟာ ကွယ်လွန်ချိန်ထိ သမ်္မတနှစ်ဦးရဲ့ ချီးကျူးဂုဏ်ပြုဆုများအပါ အဝင် ဘွဲ့ဂုဏ်ထူးပေါင်း ၅၀ ကျော် ရရှိခဲ့ပါ တယ်။
မောင်တင်
Ref ; https://en.m.wikipedia.org/wiki/Maya_Angelou
http://www.achievement.org/autodoc/page/ang0bio-1
Academic weekly educational journal vol 5 no 46
Comments
Post a Comment