Donald Trump အကြောင်းတစေ့တစောင်း
#Donald #Trump အကြောင်းတစေ့တစောင်း
တစ်ပန်းသာခဲ့တဲ့ ငယ်ဘဝ
ဒေါ်နယ်ဂျွန်ထရမ့်ကို ၁၉၄၆ ခုနှစ်၊ ဂျွန်လ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယော့(ခ်)မြို့၊ ကွင်း(စ်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အဖ ဖရက်ဒရစ်(ခ်) နှင့် အမိ မေရီမက် တို့က မွေးဖွားခဲ့ပြီး မွေးချင်း ငါးယောက်အနက် လေးယောက်မြောက်သားဖြစ်ပါတယ်။ အဖေဖြစ်သူ ဖရက်ဒရစ်(ခ်)ဟာ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ခွန်အားနဲ့ ဉာဏ်ရည် ကောင်းမွန်တဲ့ ကလေး တစ်ယောက်ဖြစ်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ်မှာ မိဘတွေက နယူးယော့(ခ်) တပ်မတော် အကယ်ဒမီ ကျောင်းကိုပို့ခဲ့ပါတယ်။ ရည်ရွယ်ချက်က ကျောင်းရဲ့ စည်းကမ်းချက်တွေဟာ သူတို့သားလေးရဲ့ ခွန်အားကို အပြုသဘောဆောင်ထိန်းကျောင်းစေနိုင်ဖို့ပါတဲ့။ မိဘတွေမျှော်မှန်းထားတဲ့ အတိုင်းပါပဲ . . . ကျောင်းတွင်းရေးရာနဲ့ လူမှုဆက်ဆံရေးမှာ အောင်မြင်တဲ့ ထရမ့်ဟာ ကျောင်းဂုဏ်ဆောင် အားကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူကျောင်းပြီးတဲ့ ၁၉၆၄ ခုနှစ်မှာတော့ ကျောင်းသားခေါင်းဆောင်ပါ ဖြစ်ခဲ့ပါတယ်။ နွေရာသီတွေရောက်တဲ့အခါမှာတော့ ထရမ့်ဟာ ဖခင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေထဲကို လိုက်ပါပြီး လေ့လာရင်း ကူညီလုပ်ကိုင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဖော့(ဒ်)ဟမ်းတက္ကသိုလ် ကနေ ပန်ဆယ်ဗန်းနီးယား တက္ကသိုလ်၊ ဘဏ္ဍာရေး ကျောင်း ကိုပြောင်းခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာတော့ စီးပွားရေး ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ ထရမ့်အပေါ်မှာ သူ့ဖခင်ရဲ့ လွှမ်းမိုးမှုဟာ အလွန်ကြီးမားခဲ့တယ်လို့ လူအများကပြောကြပေမယ့် တကယ်တမ်းကျတော့ ထရမ့်ဆိုတဲ့ လူငယ်လေးတစ်ယောက် စိုက်ထူခဲ့တဲ့ မှတ်တိုင်တွေက သူ့ဖခင်ထက် သာလွန်ခဲ့တယ်ဆိုတာတော့ လက်ခံရမှာပါ။ ကျောင်းပြီးသွားတဲ့အခါ ထရမ့် ဟာ သူ့ဖခင်ရဲ့ လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Trump Organization လို့ အမည်ပြောင်းခဲ့ပါ တယ်။ ၁၉၇၁ ခုနှစ်အရောက်မှာတော့ ထရမ့်ဟာ မန်ဟက်တမ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ အဆိုပါ ဒေသမှာပဲ ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကာ စွဲမက်ဖွယ် ဗိသုကာ ဒီဇိုင်းတွေကြောင့် အမြတ် အစွန်းများစွာရရှိခဲ့တဲ့အပြင် အများရဲ့ အသိအမှတ်ပြုခြင်းကိုလည်း ရရှိခဲ့ပါတယ်။
ချဲ့ထွင်ခဲ့တဲ့ စီးပွားရေး
စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးုလုပ်ငန်းတွေ အကြောင်းတော့ ပြော လို့မကုန်ပါ။ အကျယ်မချဲ့တော့ပဲ အကျဉ်းခြုံးပဲ ဖော်ပြပေးပါရစေ။
၁၉၇၄ ခုနှစ်တွင် Penn Central's hotels (အမြတ်အစွန်းမရခဲ့ပေမယ့် အကောင်းဆုံးနေရာတစ်ခု ကို ရထားခဲ့ပါတယ်။
၁၉၇၅ ခုနှစ်တွင် Hyatt Hotel Corporation နဲ့ စီးပွားဖက်သဘောတူစာချုပ် ( နောက်ပိုင်းတွင် Grand Hyatt Hotel ဟုပြောင်းလဲခဲ့ပြီး စီးပွားရေးအောင်မြင်မှုများစွာရခဲ့ပါတယ်။)
၁၉၇၇ ခုနှစ် နယူးဂျာစီပြည်နယ်၊ အတ္တလန်တစ်မြို့တွင် ကာစီနိုလုပ်ငန်းများတွင်ကျယ်စွာဖွင့်လှစ်ခဲ့ပါတယ်။
၁၉၇၉ ခုနှစ်တွင် Fifth Avenue အတွက် မြေနေရာတစ်ခုကို ငှားရမ်းခွင့်ပေးခဲ့ပါတယ် ( နောင်အခါ Tiffany and Company ဟုခေါ်အောင်မြင်ခဲ့ပါတယ်၊
၁၉၈၂ ခုနှစ်တွင် Trump Tower ကိုဆောက်လုပ်ခဲ့ပါတယ်။
၁၉၈၅ ခုနှစ်တွင် မန်ဟက်တန်မြို့ အနောက်ဘက် ၇၆ ဧကကျယ်ဝန်းသော Television City ကိုဆောက်လုပ်ခဲ့ပါတယ်။
၁၉၈၆ ခုနှစ်တွင် အားလပ်ရက်အပန်းဖြေစခန်းများကိုဝယ်ယူကာ Trump ပလာဇာ Hotel နှင့် ကာစီနို ဝိုင်းများကိုဆောက်လုပ် ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၉၀ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ကာစီနိုလောင်းကစားဟိုတယ်ကြီးဖြစ်တဲ့ Taj Mahal ကိုဆောက်လုပ်ခဲ့ပါတယ်။
ဒါတွေဟာ မှတ်တမ်းတင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တချို့ဖြစ်ပါတယ်။
ရွေးကောက်ပွဲသမိုင်းသစ်ကိုရေးထိုးသူ
အံ့အားသင့်ဖွယ် အနိုင်ရရှိမှုလို့ဆိုရမှာပဲ။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့မှာ ထရမ့်ဟာ ရွေးကောက်ပွဲကို အနိုင်ရရှိ ပြီး အမေရိကန်ပြည်ထောင် စုရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပါတယ်။ အမေရိကန် သမိုင်းမှာတော့ တကယ့်ကိုပဲ အငြင်းပွား ဖွယ်အဖြစ်ဆုံးသော ရွေးကောက်ပွဲလို့ မှတ်တမ်းတင်ခဲ့ရပါတယ်။ အောင်ပွဲခံ မိန့်ခွန်းပြော ကြားတဲ့အခါမှာတော့ ဒေါ်နယ်ထရမ့်ဟာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံသားတိုင်းကို သက်သေထားပြီး ကျွန်တော်ကတိပြုပါတယ်။ ကျွန်တော်ဟာ အမေရိကန်ရဲ့ သမ္မတဖြစ်လာတော့မှာပါ။ ကျွန်တော် အစကပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ ချန်ပီယံမဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံကိုချစ်ကြတဲ့ ပိုမိုကောင်းမွန် တောက်ပတဲ့ အနာဂတ်ကို လိုချင်ကြတဲ့ ချီးကျူးဂုဏ်ပြုဖွယ် သန်းပေါင်းများ စွာသော အမျိုးသား၊ အမျိုးသမီးတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ ကျွန်တော်တို့ ချန်ပီယံဖြစ်လာခဲ့ပါပြီ။” လို့ သူ့ကိုထောက်ခံတဲ့ ပြည်သူလူထုကို ပြော ကြားခဲ့ပါတယ်။ တစ်ဖန် သူ့ကို မဲမပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်း “ ကျွန်တော့်ကို မဲမပေးခဲ့ကြတဲ့ ပြည်သူတွေဆီ ကလည်း လမ်းညွှန်မှုတွေ၊ အကူညီတွေ ရချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် အတူတကွ စည်းလုံးညီညွတ်စွာ အလုပ်လုပ်ကြပါစို့” လို့ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲကာလ ပြိုင်ဘက်ဖြစ်သူ ဟီလာရီကိုလည်း အလွန်ရိုးသားပြီး နိုင်ငံအတွက် ကြိုးစားလုပ်ဆောင်ခဲ့တဲ့သူလို့ မှတ်ချက်ပြုခဲ့ပါသေးတယ်။ သူရဲ့ အောင်ပွဲခံမိန့်ခွန်းကို ကတိစကားနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ “ ကျွန်တော်တို့ အမေရိကန်ပြည်သူတွေအတွက် ချက်ချင်းပဲ အလုပ်လုပ်ကြတော့မှာပါ။ သင်တို့ ဟာ သင်တို့ရဲ့ သမ္မတအတွက် ဂုဏ်ယူနေရအောင်စွမ်းဆောင်ပေးပါ့မယ်။ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ညနေခင်း ပါပဲ။ ကျွန်တော်ဒီနိုင်ငံကို ချစ်ပါတယ်” လို့ ဆိုပြီး အဆုံးသတ်ခဲ့ပါတယ်။
အင်အားကြီးသူတို့တွေ့ဆုံပွဲ
ရွေးကောက်ပွဲအပြီး ၂ ရက်အကြာမှာတော့ အမေရိကန်ရဲ့ လက်ရှိသမ္မတ အိုဘားမားဟာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းထဲမှာ ဒေါ်နယ်ထရမ့်ကို ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး မိနစ် ၉၀ ကြာ ဆွေးနွေးခဲ့ပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်းက တစ်ဦးနဲ့ တစ်ဦး ခါးသီးစွာ ချိုးနှိမ်ပြောဆိုခဲ့ကြတဲ့ သူတို့ နှစ်ဦးဟာ အခုတော့ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းပေးနိုင်ဖို့ တိုင်ပင်နေခဲ့ကြပါတယ်။ “ ရွေးကောက်ခံ သမ္မတကြီးကို ကျွန်တော် အလေးထားပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ သင်အောင်မြင်ဖို့အတွက် ကူညီလုပ်ဆောင်ပေးနေကြပါတယ်။ ဘာကြောင့်လည်း ဆို တော့ သင်အောင်မြင်တာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အောင်မြင်ခြင်းဖြစ်လို့ပါပဲ” လို့ သမ္မတ အိုဘားမား က မီဒီယာ တွေရှေ့မှာ ပြောဆိုခဲ့ပါတယ်။
မောင်တင်
Ref ; (1) http_www.biography.com_people_donald_trump_9511238.pdf
(2) donald_trump_biography_family_childhood_children_p.pdf
Academic Weekly Educational Journal Vol 5 No 45

Comments
Post a Comment