ရုပ်လှချင်ရင်
. . . . . ရုပ်လှချင်ရင်. . . . . .
ဟိုးရှေးအခါက သီဟိုဠ်ကျွန်းမှာ အလွန်မတန်မှ ချောမောလှပတဲ့ လုလင်ပျို တစ်ယောက်ရှိသတဲ့. . သူ့လိုပဲ ရုပ်အဆင်းချောမောပြေပြစ်တဲ့ ရဟန်းငယ် တစ်ပါးလည်း ရှိပါတယ်. . .တစ်နေ့တော့ နှစ်ဘက်က ဒကာဒကာမ တွေ လူတွေက သူတို့ မင်းသားလေးက လှတယ် သူတို့ရဟန်းငယ်လေးက လှတယ် ဆိုပြီး. .အချင်းများကြပါတယ်. . .ဟိုလူသာတယ် ဒီလူသာတယ်ပေါ့လေ. .အဲဒါနဲ့တစ်နေ့ ဒိုင်တွေဖွဲ့ပြီးပြိုင်ကြတာပေါ့လေ. . ဘယ်သူအနိုင်ရသွားသလဲမပြောခင် သူတို့နှစ်ဦးရဲ့ အတိတ်ဘ၀ လေးကိုပြောပါရစေ. .အရင်အတိတ်ဘဝတစ်ခုမှာ အခုဘဝက ရဟန်းလေးက ကျောင်းတစ်ကျောင်းမှာ . .ရဟန်းကြီးဖြစ်ပြီး လုလင်ငယ်ကတော့ ကျောင်းက ကပ္ပိယကြီးဖြစ်ခဲ့ကြပါတယ်. . ရဟန်းကြီးက ကျောင်းဝန်းထဲမှာ အမှိုက်တွေလှည်းရင် ကပ္ပိယကြီးက အမှိုက်ကျုံုးပေး ခဲ့ပါတယ် အဲဒီ ကုသိုလ်တွေကြောင့် ယခုဘဝမှာ ရုပ်ဆင်းအင်္ဂါလှပ နေကြရတာပါ. . . . . . ဒီတော့. . . . ဘယ်သူအနိုင်ရသွားသလဲဆိုတာ သိလောက်ပါပြီ. . . အဓိကပြောချင်တာကတော့ ရုပ်ဆင်းအင်္ဂါလှပ ချင်ရင် အမှိုက်လှည်းတာတို့ ပတ်ဝန်းကျင် သန့်ရှင်းအောင် အများသူငါ စိတ်ချမ်းမြေ့အောင် လုပ်အားပေး လုပ်ဆောင်တာတို့ကို လုပ်ကြရပါမယ်. . .ဒီအကျိုးထူးတင်မဟုတ်ပါဘူး. . .ပါရမီပါ ဖြည့်ကျင့်ပြီးသား ရောက်ပါတယ်. . .ဒါကတော့ ဆရာတော်ရဝေနွယ် (အင်းမ)ရဲ့ ဆောင်းပါးတစ်ပုဒ်ကိုနားလည်မိသလို ပြန်ပြောပြတာပါ.တံမြက်စည်းလှဲတိုင်း အမှိုက်ကျုံးတိုင်းသတိတရ ပြုံးမိပါတယ်.ငါက တံမြက်စည်းလည်း လှည်းတယ် အမှိုက်လည်းကံျုးတယ်ဆိုတော့ အင်း. .တစ်ယောက်တည်း ပြိုင်နေပါ့လား. . လို့တွေးမိပါတယ် .ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ ကြပါစေ. . .

Comments
Post a Comment