မဂ္ဂင် ၈ ပါး

မဂ္ဂင်(၈)ပါး အကျင့်တရား

(မဂ္ဂင်(၈)ပါးအကျင့်တရား)
၁။သမ္မာဒိဌိ(အမှန်သိခြင်း)။
အနိစ္စ၊ဒုက္ခ၊အနတ္တ
လက္ခဏာရေး(၃)ပါး
ကိုတကယ်သိနေခြင်း၊ ထို့ပြင်-
(က) ဒုက္ခောဉာဏံ။ ဆင်းရဲခြင်းတို့ကို မှန်စွာသိခြင်း။
(ခ) ဒုက္ခသမုဒယောဉာဏံ။ ဆင်းရဲခြင်းဖြစ်ရခြင်းတရားကိုသိခြင်း။
(ဂ) ဒုက္ခနိရောဓဉာဏံ။ ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသိခြင်း။
(ဃ) ဒုက္ခနိရောဓဂါမိနိပဋိပါဒယဉာဏံ။ ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းရာအကျင့်ကိုသိခြင်း။

၂။ သမ္မာသင်္ကပ(အမှန်ကြံစည်ခြင်း)။ ရုပ်နာမ်တို့ သူ့သဘောသူဆောင်နေခြင်းကို ရှုမြင်ခြင်း-
(က) နေက္ခမ္မသင်္ကပ္ပေါ။ လောကီအာရုံကာမဂုဏ်၌ခုံမင်တွယ်
တာခြင်းမှလွတ်ကင်း
လိုသောကြံစည်မှု(ကာမဝိတက်)။
(ခ)အဗျာပါဒသင်္ကပ္ပေါ။ နှလုံးမသာခြင်း၊အမျက်ထွက်ခြင်း
မှကင်းသောကြံစည်မှု(ဗျာပါဒဝိတက်)။
(ဂ) ဝိဟီသာသင်္ကပ္ပေါ။ နှိပ်စက်ညှင်းဆဲခြင်း၊
အနိုင်ရလိုခြင်းတို့မှကင်းသောကြံစည်ခြင်း (ဝိဟိ ံသဝိတက်)။

၃။ သမ္မာဝါစာ(အမှန်ပြောခြင်း)။ မုသာဝါဒ - မုသားမပြောခြင်း၊ ပိသုဏဝါစာ - ကုန်းမတိုက်ခြင်း၊ ဖရုဿဝါစာ - သူတစ်ပါးနားမခံသာအောင် ကြမ်းတမ်းစွာမပြောဆိုခြင်း၊ သမ္ဖပ္ပလာပဝါစာ - အနှစ်မပါလုပ်ကြံ၍မပြောဆိုခြင်း၊
ဝစီစရိုက်(၄)ပါးရှောင်ကြဉ်ခြင်း။

၄။ သမ္မာကမန္တ(အမှန်လုပ်ခြင်း)။ ပါဏာတိပါတ - သူ့အသက်ကိုမသတ်ခြင်း၊ အဒိန္နဒါန-သူ့ဥစ္စာကိုမခိုးခြင်း၊ ကာမေသုမိစ္ဆာစာရ - သူ့အိမ်ယာကိုမပြစ်မှားခြင်း၊ ကာယဒုစရိုက်(၃)ပါးကိုရှောင်ကြဉ်ခြင်း။

၅။သမ္မာအာဇီဝ(အမှန်အသက်မွေးခြင်း)။မိစ္ဆာအာဇီဝမှားယွင်းသောအသက်မွေးခြင်းကို ပယ်စွန့်၍အသက်မွေးခြင်း၊ကာယဒုစရိုက်(၃)ပါး၊ဝစီဒုစရိုက်(၄)ပါး၊ ပေါင်း(၇)ပါးရှောင်၍အသက်မွေးခြင်း။

၆။ သမ္မာဝါယာမ(အမှန်အားထုတ်ခြင်း)။ နိဗ္ဗာန်ရောက်ကြောင်းတရားကိုသာ အားထုတ်ခြင်း-
(က)မဖြစ်ပေါ်သေးတဲ့အကုသိုလ်တရားများမဖြစ်ပေါ်စေရန်
မိမိကိုယ်၊စိတ်၊ နှလုံးသုံးပါးစလုံးကိုစောင့်ထိန်းခြင်း။
(ခ) ဖြစ်ပြီးသောအကုသိုလ်တရားများပယ်ဖျောက်ပစ်ရန်
မိမိစိတ်ကို ဆောက်တည်ခြင်း။
(ဂ)မဖြစ်ပေါ်သေးတဲ့ ကောင်းမှုကုသိုလ်တရားတို့ ဖြစ်ပေါ်
လာစေရန်မိမိကိုယ်၊စိတ်၊နှလုံးသုံးပါးစလုံးအားထုတ်ခြင်း။
(ဃ) ဖြစ်ပြီးသော ကောင်းမှုကုသိုလ်တို့ကို စည်ပင်ပြန့်ပွားစေရန် မိမိစိတ်ကို တည်ဆောက်ခြင်း။

၇။သမ္မာသတိ(အမှန်အောက်မေ့ခြင်း)။ရပ်သော်လည်းကောင်း၊
သွားသော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ လျောင်းသော်လည်းကောင်း ဣရိယာပုဒ်(၄)ပါး၌ သတိရှိနေခြင်း။ ထို့ပြင်-
(က) အဘိဇ္ဈာ - မနာလိုဝန်တိုခြင်း။
(ခ) ဒေမနဿ- နှလုံးမသာခြင်း၊ ဒေါသဖြစ်ခြင်းတရားများ
ပယ်ဖျောက်စိတ်ကိုသန့်
ရှင်းစင်ကြယ်အောင်ထားပြီး လုံ့လပြု၍ သတိသမ္ပဇဉ်ဉာဏ်ဖြင့် သတိကိုဖြစ်စေ
လျှက် မိမိ၏ ခန္ဓာ၌-
(၁) ရုပ်ကိုလည်းကောင်း၊
(၂) ဝေဒနာကိုလည်းကောင်း၊
(၃) စိတ်တို့ကိုလည်းကောင်း၊
(၄) ဓမ္မတရားတို့ကိုလည်းကောင်း၊ ဖြစ်ပျက်ခြင်းကို အကြိမ်ကြိမ် အဖန်ဖန် ရှုမှတ်ပွားများ၍ခန္ဓာထဲ၌ သတိကပ်ထားခြင်း။

၈။ သမ္မာသမာဓိ(အမှန်တည်ငြိမ်ခြင်း)။ ရုပ်နာမ်တို့ကို အမြဲရှုမြင်ဆင်ခြင်နေ၍ စိတ်တည်ငြိမ်နေခြင်း၊ ခန္ဓာကိုယ်၌ စိတ်တည်ငြိမ်နေခြင်း-
(က) ကာမဂုဏ်အာရုံတို့မှ ကင်း၍နေခြင်း။
(ခ) အကုသိုလ်တရားတို့မှ ကင်း၍နေခြင်း။
(ဂ) ဝိတက်၊ ဝိစာရနှင့် နီဝရဏ တရားငါးပါးတို့မှ ကင်း၍နေခြင်း၊ ထိုအခါ ပထမဈာန်သို့ရောက်၏။
(ဃ) ဝိတက်၊ ဝိစာရငြိမ်းခြင်းကြောင့် ပီတိ၊ သုခ -ဝမ်းမြောက်ခြင်း၊ချမ်းသာခြင်းရှိသော ဒုတိယဈာန်သို့ရောက်၏။
(င)ပီတိဝမ်းမြောက်ခြင်းကင်း၍ရုပ်၊နာမ်၊စိတ်၊ဓမ္မသဘော
တရားတစ်ခုခုကိုဖြစ်ပျက်
ရှုမှတ်ဆင်ခြင်လျက်ချမ်းသာခြင်းသုခကိုသာခံစားလျက်ရှိနေခြင်းတတိယဈာန်
သို့ရောက်၏။
(စ) သုခ - ချမ်းသာခြင်းကိုပယ်၍ သောမနဿ - ဝမ်းမြောက်ခြင်း၊ ဒေါမနဿ-စိတ်ဆင်းရဲခြင်းတို့ကိုလှစ်လျှူရှု ဥပေက္ခာပြုခြင်းကြောင့် သတိစင်ကြယ်ခြင်းရှိ၍ စတုတ္ထဈာန်သို့ရောက်၏။ဤတည်ငြိမ်ခင်းကိုခေါ်သည်။သမ္မာဒိဌိ၊ သမ္မာသင်္ကပသည် ပညာမဂ္ဂင်နှစ်ပါး၊ သမ္မာဝါစာ၊ သမ္မာကမ္ပ န္တ၊ သမ္မာအာဇီ၀ သည် သီလ မဂ္ဂင်(၈)ပါးအကျင့်တရားမရှိ၍သံသရာဝဋ်ဆင်းရဲမှမလွတ်နိုင်၊လွတ်မြောက်သောနည်းလမ်းမရှိပါ။ ဤ မဂ္ဂင်(၈)ပါးကို ချန်လှပ်၍ နိဗ္ဗာန်ရောက်ကြောင်းတရားကို ဓမ္မာက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်၊ ပိဋိကတ်သုံးပုံ၊ နိကယ်ငါးရပ်၊ အင်္ဂါကိုးတန်တု့ိ၌ မရှိပါ။မြတ်ဗုဒ္ဓရှင်တော်မြတ်
ဘုရားသည် သစ္စာလေးပါးကို မိမိသိသကဲ့သို့
ဝေနေယျသတ္တဝါများသိရှိစေရန်ဟောကြားဆုံးမနည်းပြတော်မူ
ခဲ့ပေသည်။ မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်များမှာ အစိန္တေယျ၊ အပ္ပမေယျ မကြံစည်အပ်၊မနှိုင်းယှဉ်အပ်လောက်အောင် မြင့်မြတ်လှပါပေသည်။နိဗ္ဗာန်ကို
မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသောခရီးလမ်းကား
သတိပဋ္ဌာန်လေးပါး တို့ပင်တည်း။ဤမဂ္ဂင်ရှစ်ပါး တရားတော်အကျဉ်း ဖော်ပြချက်အား ဗုဒ္ဓဘာသာအား ယုံကြည်ကိုးကွယ်ခြင်းမှတ်စုမှထုတ်နုတ်တင်ပြပါသည်။
(၃၁)ဘုံ၌ရှိကြကုန်သော ဝေနေယျသတ္တဝါအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
သာဓု….သာဓု…သာဓု။
Ashin Mu

Comments

Popular posts from this blog

ကိတ်ဝင်းစလက်၏ အနုပညာခရီး

အာနာပါနကမ္မဌာန်းရှုမှတ်နည်း