Posts

နှစ် ၂၀ ကြာပြီးနောက်

Image
ရဲဝန်ထမ်းတစ်ယောက်သည် လမ်းမကြီးတလျှောက် ရေးကြီးသုတ်ပြာ လျှောက်နေ၏။ သည်လိုပုံစံက သူအမြဲလျှောက်နေကျဟန်ဖြစ်သည်။ သူဘယ်လိုပုံပေါက်နေမလဲတောင် သူ့ကိုယ်သူ မတွေးမိ။ အချိန်ကား ညဆယ်နာရီခန့်။ ရာသီဥတုမှာ အေးနေပြီဖြစ်၏။ မိုးရေအနည်းငယ်ပါသော လေများကလည်း တဟူးဟူးတိုက်ခိုက်နေသည်။ သူလျှောက်လာခဲ့သည့် လမ်းတလျှောက်ရှိ ဆိုင်တံခါးအားလုံးရှေ့၌ ရပ်ကာ တံခါးများ အမှန်တကယ်ပိတ်ထားခြင်းရှိမရှိ စစ်ဆေးခဲ့၏။ လမ်းဘေးဝဲယာ ၊ အထက်အောက်တလျှောက်ကိုလည်း ကျီးကန်းတောင်းမှောက်ကြည့်ခဲ့သည်။ သူက ကြည့်ကောင်းတဲ့မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည့် ရဲဝန်ထမ်းတစ်ယောက်ဖြစ်ပြီး လုံခြုံရေးကို စောင့်ကြပ်နေသူ ဖြစ်၏။ မြို့၏ သည်ဘက်ပိုင်းက လူတွေက စောစောအိပ်ယာဝင်သွားပြီ။ မျှော်ကြည့်လိုက်ရင်တော့ စားသောက်ဆိုင်လေးတစ်ခု သို့မဟုတ် ဆိုင်လေးတစ်ဆိုင်၏ မီးရောင်လေးကိုမြင်နိုင်၏။ သို့်သော် အခြားနေရာများကတော့ လွန်ခဲ့သောတစ်နာရီခန့်ကတည်းက ပိတ်သွားကြပြီဖြစ်သည်။ ချက်ချင်းဆိုသလို ရဲဝန်ထမ်းသည် အရှိန်လျှော့ကာ လျှောက်လိုက်သည်။ အမှောင်ရိပ်ကျနေသည့် ဆိုင်လေးတစ်ဆိုင်၏ တံခါးပေါက်နားတွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်ကိုတွေ့ရ၏။ ရဲဝန်ထမ်းက ထိုလူထံသို့ ဦးတည်လျှောက်သွားသောအခါ လ...

တံတားပေါ်က အဘိုးအို

Image
    စတီးကိုင်းမျက်မှန်တစ်လက်ကို တပ်ဆင်လျက် အလွန် ညစ်ပေနေသော အဝတ်တို့ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် သည် လမ်းဘေးတစ်နေရာတွင် ထိုင်နေ၏။ ယာယီပြုလုပ်ထားသော မြစ်ဖြတ် ဆိပ်ခံဗောကြီး တစ်ခုပေါ်တွင် ယောကျာ်း၊မိန်းမ ကလေးသူငယ် ပေါင်းစုံသည် လှည်းများ၊ ကုန်တင်ကားများဖြင့် တရွေ့ရွေ့ ဖြတ်သန်းသွားလာလျက်ရှိသည်။ လားလှည်းများသည်လည်း တံတားအစွန်းမှ မတ်စောက်သော ကုန်းတက်ကို ဒယီးဒယိုင် ကျားကန် တက်လျက်ရှိသလို စစ်သားများကလည်း လှည်းဘီးများကို တွန်းတင်ပေးလျက်ရှိ၏။ ရွာသားများက မြေပြင်ပေါ်ရပ်နားထားသည့် ကုန်ကားကြီးများ၏ ဆန့်ကျင်ဘက်ဆီသို့ ခြေကျင်းဝတ်ထိမြှုပ်အောင် ဖုန်ထူထပ်သော လမ်းမပေါ်တွင် ဖြေးညင်းစွာ လျှောက်နေလျက်ရှိသည်။ သို့သော် အဘိုးအိုသည်ကား မူလထိုင်နေသည့် နေရာမှ တစ်ဖဝါးမျှ မရွှေ့ချေ။ သူ့ကြည့်ရသည်မှာ မသွားနိုင်လောက်အောင် ပင်ပန်းနေပုံရ၏။     ကျွန်တော့်တာဝန်က တံတားကိုဖြတ်ကူးပြီး ရန်သူများကျူးကျော်လာသည့် တစ်ဘက်ကမ်းက နေရာများကို ရှာဖွေရှင်းလင်းရန်ဖြစ်၏။ တာဝန်များပြီးဆုံးသည်ကြောင့် အပြန်ခရီးတွင် တံတားပေါ် တစ်ခါ ဖြတ်ရခြင်း ဖြစ်သည်။ လှည်းများနှင့် လူများ နည်းပါးသွားချိန်အထိ အဘိုးအိုမှာ မူ...

သောကစေရာ တစ်နေ့တာ

Image
    ကျွန်တော်တို့ အိပ်ယာထဲ၌ရှိနေစဉ် ပြတင်းပေါက်ပိတ်ရန် ဝင်လာသော သားငယ်၏နေမကောင်း ဖြစ်နေသည့် ပုံကို တွေ့လိုက်ရသည်။ ဖြူ ဖတ်ဖြူ ရော်မျက်နှာထားနှင့် တုန်ရီနှေးကွေးစွာ လမ်းလျှောက်လာသော သူ့ကိုကြည့်ရသည်မှာ မသက်သာလှ။ "ဘာဖြစ်လို့လဲ ရှ(ဇ်)" ဟု ကျွန်တော်မေးတော့ "ကျွန်တော် ခေါင်းကိုက်နေတယ်" ဟု ပြန်ဖြေ၏။ "အိပ်ယာထဲသွားနားနေတာ ကောင်းလိမ့်မယ်" "ရတယ် ဒီအတိုင်းအဆင်ပြေပါတယ်" "အိပ်ယာထဲသွားပါ သား၊အဖေအဝတ်စားလဲပြီးလိုက်လာခဲ့မယ်"      ဒါပေမယ့် ကျွန်တော်အောက်ထပ်ကိုရောက်တော့ အနွေးထည်ဝတ်ပြီး မီးဖိုနားမှာထိုင်နေသည့် သူ့ကို တွေ့ရ၏။ ၉နှစ်အရွယ် သားငယ်၏ အရွယ်နှင့်မလိုက်အောင် နာမကျန်း ဖြစ်နေသည့် ဟန်ပန်ကို မြင်ရသည်မှာ စိတ်မသက်မသာဖြစ်ရသည်။ သူ့နဖူးပေါ် လက်တင် စမ်းကြည့်သည့်အခါ ဖျားနေကြောင်းကို သိရ၏။ "အိပ်ယာထဲသွားတော့သား၊ မင်းဖျားနေပြီ" ဟုကျွန်တော်ထပ်ပြောတော့ "သားအဆင်ပြေပါတယ်အဖေ"ဟုဆိုသည်။     ဆရာဝန်ရောက်လာပြီး သား၏ကိုယ်အပူချိန်ကို တိုင်းသည့်အခါ ၁၀၂ ဒီဂရီရှိသည်ဟု ပြောသည်။ အောက်ထပ်ကိုရောက်တော့ ဆရာဝန်က သောက်ဆေးသုံးမျိုး ပေး၏။ ဆေးတွေက အရောင်စုံရှိပြီး မည်သ...

လျှို့ဝှက် ဆန်တာကလော့

Image
    ဒီဇင်ဘာလဟာ အင်ဒီရန်းနားပြည်နယ်၊ အီဗန်ဆဗီးမြို့မှာ ရှိတဲ့ ခရစ်တော်ထမြောက်ခြင်း အထိမ်းမှတ် ပင်လယ်ဖျံများ အမည်ရ ပြန်လည်သန်စွမ်းရေး ဌာနအတွက်တော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးကျူးခြင်း၊ ခရစ်စမတ်ကာလ ဆင်နွှဲခြင်းစတဲ့ လုပ်ငန်းများကို လုပ်ဆောင်လေ့ရှိတဲ့ ကာလ ဖြစ်သလို၊ သူတို့ရဲ့ မိတ်ဆွေဟောင်းကြီးဆီက စိတ်လှုပ်ရှားဖွယ် ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ်။ ယခင်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ဌာနရဲ့ ဒုတိယဥက္ကဌ ဖြစ်သူ တယ်ရီဟေးနီ တစ်ယောက် များပြားလှတဲ့ အလုပ်တွေကို လက်မလည်အောင် လုပ်နေရင်းက အဆိုပါ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောဆိုခဲ့ ရတာဖြစ်ပါတယ်။     “ဒီကာလက ဘာလဲဆိုတာ မင်းသိရဲ့လား” လို့ ဖုန်းခေါ်ဆိုသူ အမျိုးသားက ကျီစယ်သလို မေးပါတယ်။ “သိပါတယ်ဆရာ၊ ဒီအချိန်က မစ္စတာပိ(ထ်) ရဲ့ ကာလပါပဲ” လို့ ဟေးနီက ပြန်ဖြေခဲ့ပါတယ်။ ဒီကာလဟာ လျှို့ဝက်ဆန်းကြယ်တဲ့ ရတနာရှာဖွေရေး နှစ်ပတ်လည်ကာလပါပဲ။ နှစ်စဉ်၊ နှစ်တိုင်းလိုလို ဒီအချိန်ကာလကို ရောက်တိုင်း ပြန်လည်သန်စွမ်းရေးဌာနကို မစ္စတာပိ(ထ်)လို့ သူ့ကိုယ်သူ မိတ်ဆက် ထားသူ ပုဂ္ဂိုလ်တစ်ဦးက ဖုန်းခေါ်ဆိုမြဲဖြစ်ပါတယ်။ သူပြောပြတဲ့ အကြောင်းအရာဟာ သဲလွန်စတွေ၊ ပဟေဋ္ဌ...

ကယ်ဗင်

Image
    ကယ်ဗင်သည် စာကျက်ရတာ ပျင်းလာသောကြောင့် သူ၏ လေ့ကျင့်ခန်းစာအုပ်ထဲမှ စာရွက် အလွတ်တစ်ရွက်ကိုဖြဲပြီး ပုံဆွဲဖို့လုပ်နေ၏။ ပထမဦးစွာ စက်ဝိုင်းတစ်ခုကို စဆွဲသည်။ ထို့နောက် မျက်လုံး နေရာ၊ နှာခေါင်းနေရာနှင့် ပါးစပ်နေရာတို့တွင် စက်ဝိုင်းသေးသေးတွေကို ဆက်ဆွဲသည်။ သူဆွဲသည့် မျက်နှာ ပုံလေးက နုံနုံချာချာ သနားစဖွယ်လေး ဖြစ်လို့နေသည်။ မျက်နှာတွင် လိုအပ်နေသည့် နားရွက်နှစ်ခု ကိုတပ်သည်။ ဆံပင်တွေကိုတော့ ထိုးထိုးထောင်ထောင် အချွန်အတက်တွေ ဆွဲလိုက်၏။ ထည့်နေကျအတိုင်း ပါးစပ်နေရာတွင် သွားများကို ကြောက်စရာကောင်းအောင်ဆွဲသည်။ နှှုတ်ခမ်းမွှေးများနှင့် မုတ်ဆိတ်ရှည်များအပြင် မေးစေ့နေရာတွင် မှဲ့တစ်လုံးဆွဲပြီး အမွှေးရှည်နှစ်ချောင်းပင် တပ်လိုက်သေး၏။ မျက်မှန်အမဲ တစ်လက်ကိုလည်း တပ်ပေးလိုက်သည်။ ကယ်ဗင် တစ်ယောက် ဆွဲချင်တာလေး ဆွဲလိုက်ရသဖြင့် ကျေနပ်စွာပြုံးမိသည်။ ပြုံးလို့ပင်မဝသေး အမေဖြစ်သူက သူ့ခေါင်းကို လက်ဆစ်နှင့် ဂေါက်ခနဲမြည်အောင် ခေါက်လိုက်သဖြင့် နာလွန်းသောကြောင့် “အား” ဟုပင် ရေရွတ်လိုက်သည်။     “အရူးထတာတွေ ရပ်တန်းကရပ်တော့ ကယ်ဗင်၊ မနက်ဖြန် သိပ္ပံစာမေးပွဲအတွက် စာတွေ ပြန်နွှေးတော့” ဟု အမေက သဲသဲမဲမဲ...

ဘောနပ်စ်

Image
    ချန်ဂီလေဆိပ်ဆီဦးတည်မောင်းနှင်နေသော တက္ကစီတစ်စီးပေါ်တွင် ချောင်းမိုင်တစ်ယောက် သူ့ဘေး၌ချထားသည့် ပါဆယ်ထုပ်တွေကို တင်းတင်းဆုပ်ကိုင်ရင်းလိုက်ပါလို့လာသည်။ သူဝယ်လာသော ပစ္စည်းများအကြောင်းတွေးရင်း ရယ်မိသည်။ ရာအိုဟန်ကုန်တိုက်က လျှော့ဈေးနဲ့ရောင်းတာတွေက သူ့ကို စိတ်မပျက်စေခဲ့။"အရည်သွေးကောင်းတဲ့ပစ္စည်းများပါ။ နှစ်ခုကို တစ်ခုဈေးနှင့် ရနိုင်မည်" လို့လည်း ကြော်ငြာ ထားသည်။ စိတ်ထဲမှာတော့ တွေးပျော်လျက်ရှိသည်။ သူငှားလာတဲ့ တက္ကစီကားနံပါတ်ကလည်း ၁၆၈၈ ဆိုတော့ သူတို့တရုတ် အယူအရဆို အတိတ်နမိတ်ကောင်း သည်မဟုတ်လား။     "မြန်မြန်လေးမောင်းပေးပါလားဗျာ" လို့ တက္ကစီဆရာကိုပြောရင်း လမ်းမအား ကောင်းကောင်းမြင်နိုင်မည့်ဘက်ခြမ်းကို ရွှေ့ထိုင်လိုက်သည်။ တက္ကစီဆရာက   "မြန်မြန်မောင်းပါ မြန်မြန်မောင်းပါနဲ့ ခင်ဗျားတို့ ခရီးသည်တွေက အကုန်ဒီအတိုင်းချည်းပဲ။ ကျွန်တော်လည်းအရှိန်တင်မောင်းနေတာ ခင်ဗျားမမြင်ဘူးလား။ နောက်တစ်ခါ မြန်မြန်ရောက်ချင်ရင် စောစောလာ" လို့ သူ့ကို ရိုင်းစိုင်းစွာခွန်းတုန့်ပြန်သည်။ စင်္ကာပူ အစိုးရရဲ့ မူဝါဒများလား သူတွေးမိသည်။ သည့်ထက်တော့ မြန်မြန်မောင်းဖို့ကောင်းသည်ဟုလည်း ထင်မိသ...

လွတ်မြောက်ခြင်းပုံပြင်

Image
        နှလုံးရောဂါသည် မစ္စမောလာ့ ကို သူမရဲ့ ယောကျာ်းသေဆုံးသွားပြီဆိုတဲ့ အကြောင်းကိုအသိပေးဖို့ အင်မတန် သတိထားပြီးပြောဆိုခဲ့ရပါတယ်။ အဲဒီသတင်းဆိုးကို သယ်ဆောင်လာသူကတော့ တခြားသူမဟုတ်ပါဘူး။ သူမရဲ့ ညီမဖြစ်သူ ဂျိုးဆက်ဖင်း ကိုယ်တိုင်ပါပဲ။ မစ္စတာမောလာ့ရဲ့ သူငယ်ချင်းဖြစ်သူ ရစ်ချက်လည်း သူမအနားမှာရှိပါတယ်။ ရစ်ချက်ဟာ သတင်းစာတိုက်တစ်ခုမှာ အလုပ်လုပ်နေသူ တစ်ဦးဖြစ်ပြီး ရထားတိမ်းမှောက်တဲ့ မတော်တဆမှု ရဲ့ သေဆုံးစာရင်းမှာ မစ္စတာမောလာ့နာမည်ကို တွေ့ရလို့ လာရောက်ပြောပြသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ကြေးနန်းကို သေချာဖတ်လိုက်တာမဟုတ်ပဲ အလျင်စလို သတင်းပေးလိုက်တာဖြစ်ပါတယ်။     ယောကျာ်းဖြစ်သူရဲ့နာရေးသတင်းကို ကြားရချိန်မှာ မစ္စမောလာ့ကတော့ တခြားအမျိုးသမီးတွေလို သတိလစ် မေ့မျောသွားလောက်အောင် ဝမ်းနည်းပက်လက် မခံစားရပါဘူး။ သူ့ညီမရဲ့ လက်မောင်းပေါ် မှာ ရုတ်တရက် ခနတဖြုတ်သာ ငိုကြွေးခဲ့ပါတယ်။ ပူဆွေးသောကတွေကနေ သက်သာရာရချိန်မှာတော့ သူမ အခန်းရှိရာကို တစ်ယောက်တည်း ထွက်သွားပါတော့တယ်။     ပက်လက်ကုလားထိုင်လေးနဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့ သူမရဲ့ ကိုယ်ပိုင်အခန်းထဲ ကိုရောက်တဲ့...