ဗုဒ္ဓဝင်မှတ်တမ်း အကျဉ်းချုပ်
၁။ လူအမည်-သိဒ္ဓတ္ထ။ ၂။ ဘုရားဘွဲ့တော်-အရှင်ဂေါတမ။ ၃။ ခမည်းတော်(ဖခင် )-သုဒ္ဓေါဒနမင်း။ ၄။ မယ်တော်-မာယာဒေဝီ။ ၅။ ကြင်ယာတော်-ယသောဓရာ။ ၆။ ရင်သွေးတော်(သားတော်)-ရာဟုလာ ၇။ ယောက်ဖတော်-ဒေဝဒတ်။ ၈။ မိထွေးတော်-ဂေါတမီ။ ၉။ နေပြည်တော်-ကပိလဝတ်ပြည်။ ၁၀။ မွေးဖွားရာဌာန-လုမ္ဗိနီအင်ကြင်း ဥယျာဉ်။ ၁၁။ ဖွားဖက်တော်(၇)ဦး- ယ သောဓရာ ၊အရှင် အာနန္ဒာ၊ ကာဠုဒါယီ ၊ဆန္နအမတ် ၊ကဏ္ဍကမြင်း ဗောဓိပင်၊ရွှေအိုးကြီးလေးလုံး။ ၁၂။ နန်းစံနှစ်-ဆယ့်သုံးနှစ်။ ၁၃။ နိမိတ်ကြီးလေးပါး- သူအို သူနာ သူသေ ရဟန်း။ ၁၄။ ဗျာဒိတ်ခံယူသောဘဝ-သုမေဓာရှင်ရသေ့ဘဝ။ ၁၅။ ဗျာဒိတ်ခံယူသောနေ့-ကဆုန်လပြည့်နေ့။ ၁၆။ ဗျာဒိတ်ပေးသောဘုရား-ဒီပင်္ကရာ မြတ်စွာဘုရား။ ၁၇။ ပါရမီဖြည့်ဖက်-သုမိတ္တာအမျိုးသမီး။ ၁၈။ ပါရမီဖြည့်ခြင်း၏ ရည ်ရွယ်ချက်-သတ္တဝါများ၏ အကျိုးစီးပွားဆောင် ရွက်ရန်။ သံသရာမှ ထွက်မြှောက် ရန် ၁၉။ ပါရမီဖြည့်ရာကာလ-လေးသင်္ချေနှင် ကမ္ဘ္ဘ္ဘာတစ်သိန်း။ ၂၀။ ဒုက္ကရစရိယာကျင့်သောနှစ်-ခြောက်နှစ်။ ၂၁။ ဒုက္ကရစရိယာကျင့်သောနေရာ-ဥရုဝေဠတော။ ၂၂။ ဘုရားဖြစ်ချိန် သက်တော်-သုံးဆယ့်ငါးနှစ်ရွယ်။ ၂၃။ ဘုရားပွင့်ရာ သက်တမ်း-နှစ်တ ်ရာသက်တမ်း။ ၂၄။ အလုပ်အကျွေး-ပဉ္စဝဂ္ဂီငါးဦး(ဒုက္ကရစရိယာကျင့်ခိုက်) အရှင် အ...