Posts

Showing posts from April, 2018

ကိတ်ဝင်းစလက်၏ အနုပညာခရီး

Image
ကိတ်ဝင်းစလက်လို့ဆိုလိုက်လျှင် မသိသောသူ အတော်ပင်ရှားပေလိမ့်မည်။ ကမ္ဘာကျော် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်သော တိုက်တန်းနစ် ရုပ်ရှင်မှစ၍ ရုပ်ရှင်ကြည့်ပရိတ်သတ်များရဲ့ ရင်ထဲကို ဝင်ရောက်နေခဲ့တာလို့ ပြောရမှာပါ။ အသက် ၇ နှစ် သမီးဘဝကတည်းက စတိတ်စင်မြင့်တွေပေါ်မှာ၊ တီဗီဖန်သားပြင်ပေါ်မှာ စတင်သရုပ်ဆောင်ခဲ့တဲ့ ကိတ်ဝင်းစလက်ကို ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ အင်္ဂလန်နိုင်ငံ၊ ရီဒင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းကတော့ ကိတ်အဲလိဇဘက်ဝင်းစလက် ဖြစ်ပြီး ရုပ်ရှင်မန်နေဂျာနှစ်ဦးရဲ့ မြေးဖြစ်သလို၊ သရုပ်ဆောင်နှစ်ဦးရဲ့ သမီးလည်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Shrinks အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့သလို နောင် ၃ နှစ်အကြာမှာတော့ သရုပ်ဆောင်အလုပ်ကို ဇောက်ချလုပ်ကိုင်ဖို့ ကျောင်းထွက်လိုက်ပါတယ်။ ဒီလိုနဲ့ ကိတ်ဝင်းစလက်ဟာ အဒရိန်မိုး၊ ပီတာပန်စတဲ့ ထုတ်လုပ်ရေးများနဲ့ လက်တွဲကာ ဗြိတသျှ စင်မြင့်ပေါ်ကိုတက်လှမ်းခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး ရုပ်ရှင်ကတော့ Heavenly Creatures (၁၉၉၄) ဖြစ်ပါတယ်။  အဆိုပါရုပ်ရှင်မှာတော့ ကိတ်ဝင်းစလက်ဟာ တီဘီရောဂါပိုး ကူးစက်ခံနေရတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ရော ဂါပိုးပျံ့နှံ့တာကို ကာကွယ်ဖို့...

စာဖတ်ကြရာဝယ်

Image
          စာအုပ်တစ်အုပ်ကို ပြီးဆုံးအောင်ဖတ်လိုက်ဖို့ကလွယ်ပါတယ်။ နားလည်ဖို့ကျတော့ ခက်ပါသတဲ့။ မူရင်းဆောင်းပါးရှင်ဟာ လွန်ခဲ့သောနှစ်အနည်းငယ်က စာအုပ်တစ်အုပ်ကို ဘယ်လိုဖတ်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး အာရုံစိုက် လေ့လာခဲ့ပါတယ်။ ဒါပေမယ့် အဓိကသော့ချက်က အများကြီးဖတ်ဖို့ထက် ကောင်းကောင်းမွန်မွန် ဖတ်တတ်ဖို့ပါပဲ။ လူအများစုအတွက်တော့ သုတစာအုပ်တွေကို ဖတ်ရှုခြင်းရဲ့ ရည်ရွယ်ချက်ဟာ ကိုယ်မသိ သေးတဲ့ အကြောင်းအရာတွေကို လေ့လာဖို့၊ အရေးကြီးတဲ့ ပြသနာတွေကို နားလည်စေဖို့၊ ဒါမှမဟုတ် ကမ္ဘာကြီးကို ရှုထောင့်အသစ်ကနေ ကြည့်မြင်ဖို့ စသည်တို့ပဲ ဖြစ်ပါတယ်။ စာအုပ်တွေကို ဖတ်နိုင်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ ဒါပေမယ့် ဖတ်ပြီးသားအရာတွေကို ကောင်းမွန်စွာ အသုံးချတတ်ဖို့ဟာလည်း တကယ်ကို လိုအပ်ပါတယ်။           ကောင်းမွန်တဲ့ စာဖတ်နည်းစနစ် သုံးခုအကြောင်းကို အခုလို မျှဝေပေးထားပါတယ်။ (၁) ရှာရလွယ်ကူတဲ့ မှတ်စုတွေကိုပြုစုပါ           ဖတ်ပြီးသားစာအုပ်တွေကို မှတ်စုထုတ်ခြင်းဟာ ပြန်လည်ကြည့်ရှုတဲ့အခါမှာ အလွယ်တကူ အသုံးဝင်ပ...

အော်စကာဆု ဆိုသည်မှာ

Image
ဓါးတစ်လက်နဲ့ စစ်သည်တော် ယနေ့ကမ္ဘာမှာ ပေးအပ်ချီးမြှင့်လေ့ရှိကြတဲ့ ဆုများစွာထဲက အော်စကာလို့ခေါ်တဲ့ ရုပ်ရှင်ထူးချွန်ဆု ကို ၁၉၂၉ ခုနှစ် ကတည်းက စတင်ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။ အော်စကာဆုဟာ ကမ္ဘာ့ ရုပ်ရှင် အနုပညာ ရှင်၊ အတတ်ပညာရှင်များရဲ့ အိပ်မက်တစ်ခုလို့ ဆိုရမှာဖြစ်သလို အကျော်ကြားဆုံး ဆုတစ်ခုလည်း ဖြစ်ပါ တယ်။ ၁၉၂၇ ခုနှစ်၊ လော့စ်အိန်ဂျလီမြို့က ဘေ့မိုးဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ စတင်ဖွဲ့စည်းစ ရုပ်ရှင်အဖွဲ့အစည်းကဦးဆောင်ပြီး ညစာစားပွဲတစ်ခုကို ကျင်းပခဲ့ကြပါတယ်။ အဆိုပါညစာစားပွဲမှာပဲ ရုပ်ရှင်ဓါတ်ပုံနဲ့ ရုပ်ရှင်အတတ်ပညာဆိုင်ရာ အကယ်ဒမီဆု များကိုပေးအပ်သွားနိုင်ဖို့ တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။ များစွာသော ခေါင်းစဉ်များကို ဆွေးနွေးလို့ အပြီးမှာ တော့ အဆိုပါ အစည်းဝေးက တစ်ဆင့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ထူးချွန်ကြသူများ ကို ဂုဏ်ပြုဆုများချီးမြှင့်ဖို့ပဲဖြစ်ပါတယ်။           ရုပ်ရှင်ထူးချွန်ဆု တစ်နည်းအားဖြင့် အကယ်ဒမီဆုများကို နှစ်စဉ်ပေးအပ်နိုင်ဖို့ စီစဉ်ကြတဲ့ အခါမှာ ဘယ်လိုဆုတံဆိပ်မျိုးကို ပေးအပ်မယ်ဆိုတာကိုလည်း စဉ်းစားခဲ့ကြပါ...