Posts

Showing posts from January, 2018

ကော်ဖီတစ်ခွက်ရဲ့ ရာဇဝင်

Image
  ကော်ဖီတစ်ခွက်ရဲ့ ရာဇဝင် ကော်ဖီဆိုင်အများစုက အေးအေးချမ်းချမ်းတွေပါပဲ။ ဒါပေမယ့် မြောက်ကယ်ရိုလင်းနားပြည်နယ်၊ ဝယ်မင်တန်မြို့က Bitty & Beau ကော်ဖီဆိုင်လေးကတော့ နွေးနွေးထွေးထွေးတယ်လို့ လူသိများကြ ပါတယ်။ ဒီလိုမျိုးနာမည်ကျော်တဲ့ အကြောင်းကတော့ ဆိုင်လေးရဲ့ အံ့သြဖွယ်ရာ ဝန်ဆောင်မှုကြောင့်ပါပဲ။           ကော်ဖီဆိုင်ရဲ့ ဝန်ထမ်းအကုန်လုံးလိုလိုဟာ Down Syndrome၊ Autism ၊ Cerebral Palsy စတဲ့ မွေးရာပါရောဂါသည် များဖြစ်ကြတဲ့ ဉာဏ်ရည်ချို့တဲ့ကြ သူ၊ ဖွံ့ဖြိုးမှုနှေးကွေးကြသူတွေ၊ မသန်စွမ်းကြသူ တွေဖြစ်ကြပါတယ်။ ဝန်ထမ်းအများစုအတွက် အဆိုပါအလုပ်ဟာ ဘဝမှာ ပထမဆုံးလုပ်ခွင့်ရတဲ့ အလုပ်ဖြစ်ကြသလို လုပ်ငန်းခွင်မှာလည်း ပျော်ရွင် ကြပါတယ်။           ကော်ဖီဆိုင်လေးရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဝယ်မင်တန်မြို့သူ အေမီရိုက် မှာ ကလေး လေးယောက်ရှိတဲ့အနက် Beau နဲ့ Bitty ဟာ မျိုးရိုးလိုက် ရောဂါတစ်ခုဖြစ်တဲ့ Down Syndrome ရောဂါသည်လေးတွေ ဖြစ်ကြပါတယ်။ အဲဒီ ကလေးနှစ်ယောက်ကို မွေးပြီးတဲ့အချိန်ကစလို့ ဒီလို မျိုး ကော်ဖီဆိုင်လေးဖွင့်ဖို့ စိတ်ကူးရခဲ့တယ်လို့ ဆ...

ခေတ်သစ်အနာထပိဏ်သူဌေးကြီး

Image
ခေတ်သစ်အနာထပိဏ်သူဌေးကြီး           ကျွန်တော်တို့ရဲ့ ဗုဒ ္ဓစာပေကို လေ့လာကြတဲ့အခါ အနာထပိဏ်သူဌေးကြီးဆိုတာ မပါမဖြစ် ပါပဲ။ အလှူအတန်းရက်ရောသူ အဖြစ်နဲ့ နာမည်ကျော်ကြားခဲ့တဲ့ သူပါ။ Academic Weekly စာဖတ်ပရိတ်သတ် အတွက် ဒီတစ်ပါတ်မှာရွေးချယ်ထားတဲ့အကြောင်းအရာကတော့ ခေတ်သစ်အနာထပိဏ်သူဌေးကြီး ဘီလ်ဂိတ်အကြောင်းပါပဲ။ ကိုယ်ရေးကိုယ်တာအကြောင်းကို ပြောပြမှာ မဟုတ်ပဲ သူတည်ထောင်ထားတဲ့ Bill and Melinda Gate foundation အကြောင်းပဲ ဖြစ်ပါတယ်။           ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ နှစ်ဦးတည်ထောင်ထားတဲ့ အဆိုပါ ဖောင်ဒေးရှင်းကြီးရဲ့ အလှူအတန်း ရက်ရောမှုကတော့ အံ့မခန်းပါပဲ။ ရုံးချုပ်တည်နေရာကတော့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ ရုံးခွဲများလည်းဖွင့်လှစ်ထားပြီး ဝန်ထမ်း ပေါင်း ၁၄၅၃ ယောက်နဲ့လည်ပတ်နေပါတယ်။ ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌကတော့ ဘီလ်ဂိတ်တို့ရဲ့ ဖခင် ဆာဝီလျံ ဂိတ် ဖြစ်ပါတယ်။ ဘီလ်ဂိတ်နဲ့ ဇနီးဖြစ်သူ မယ်လင်ဒါ ဂိတ်တို့နှစ်ဦးကတော့ တွဲဖက်ဥက္ကဌတွေဖြစ်ကြပါတယ်။           ဖ...

အဖိုးတန်သော အရင်းအနှီး

အဖိုးတန်သော အရင်းအနှီး မျိုးဆက်သစ်တို့ တိုးတက်ဖို့ မိဘတွေဟာ သူတို့ရဲ့သားသမီးတွေအပေါ် သူတို့ပြန်ရနိုင်တာထက်ပိုပြီး ပံ့ပိုးပေးကြပါတယ်။ အရာရာမှာ အလျားအနံရှိသလို မေတ္တာမှာလည်း အသွားအပြန်ရှိတယ်လို့ ဆိုပေမယ့် မိဘတွေကတော့ သားသမီးတွေဆီက ဘာကိုမှ မျှော်ကိုးလေ့မရှိကြပါဘူး။ ဒါပေမယ့် ကိုယ့်ကလေးငယ်ရွယ်စဉ်မှာ ပံ့ပိုးပေးမှု တစ်နည်းအား ဖြင့် မေတ္တာပေးနိုင်မှုအားနည်းခဲ့၊ ပျက်ကွက်ခဲ့တဲ့ မိဘများလည်း ရှိကြပါတယ်။ ကိုယ်ရေးကိုယ် တာကြောင့်သော်လည်းကောင်း၊ အနိုင်ကျင့်ခံရလို့သော်လည်းကောင်း၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို မပြုခဲ့ရင်သော်လည်းကောင်း စောင့်ရှောက်ပေးနိုင်မှု၊ ပံ့ပိုးပေးနိုင်မှုတွေ မလုပ်ခဲ့ရင် ကလေးတွေရဲ့ အနာဂတ်ဟာ ရင်လေးစရာပါ။           ငယ်ဘဝမှာ ပြုစုပျိုးထောင်ပေးခြင်း၊ ထိန်းကျောင်းတည့်မတ်ပေးခြင်း စတာတွေကို ခံခဲ့ရတဲ့ ကလေးတွေက ကြီးရင့်လာတဲ့အခါ လိုက်လျောညီထွေစွာ နေနိုင်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ တာဝန်က နောင်မျိုးဆက်သစ်များစွာအတွက် သင့်တော်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ လူနေမှုဘဝတွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဖော်ဆောင်ပေးသင့်၊ ရင်းနှီးမြှုပ်နှံပေ...