Posts

Showing posts from January, 2017

Tom Hanks (သို့) တောက်ပဆုံးသောကြယ်တစ်ပွင့်

Image
ဘဝအစ           သောမက်(စ်)ဂျက်ဖရီဟန့်(စ်)ကို ၁၉၅၆ ခုနှစ်၊ ဂျူလိုင်လ (၉)ရက်နေ့ တွင် ကယ်လီဖိုးနီးယား ပြည်နယ်၊ ကွန်းကော့မြို့တွင် မွေးဖွားခဲ့ပါတယ်။ ဖခင်မှာ Amos Mefford Hanks ဖြစ်ပြီး စားဖိုးမှူး တစ်ယောက်ဖြစ်သည့် အပြင် စားသောက်ဆိုင် မန်နေဂျာတစ်ယောက်လည်း ဖြစ်ပါတယ်။ မိခင်မှာ Janet (Turner) Hanks ဖြစ်ပြီး ဆေးရုံအလုပ်သမား တစ်ယောြက်ဖစ်ပါတယ်။ (၅) နှစ်သားအရွယ်ကတည်းက မိဘတွေကွာရှင်း ပြတ်စဲတာကို ကြုံခဲ့ရသူပါ။ မိသားစုပြိုကွဲသွားပြီးတဲ့နောက်မှာတော့ သူ့အဖေဟာ သူ့မွေးချင်းတွေဖြစ်တဲ့ ဆန်ဒရာ၊ လာရီ နဲ့ ဂျင် တို့ကို ခေါ်ပြီး နီဗားဒါးပြည်နယ်၊ ရီနိုမြို့ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။   နယ်လှည့်စားဖိုမှူးဖြစ်တဲ့ ဖခင်ရဲ့ အလုပ်အကိုင်ကြောင့် တွမ်ဟာ ကလေးဘ၀ ကတည်းက ကျောင်းခနခနပြောင်းရွှေ့တက်သူဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့ မိသားစုလေးဟာ ၁၉၇၄ ခုနှစ်၊ Skyline အထက်တန်းကျောင်း မှ တွမ်ကျောင်းပြီးသည်အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်(က်)လန်း မြို့မှာ အခြေချနေထိုင်ခဲ့ကြပါတယ်။ ဝါသနာကြီးခဲ့သူ တွမ်ဟာ ကျောင်းနေစဉ်ကတည်းက ကျောင်းကပွဲတွေမှာ အတန်းဖော်တွေနဲ့အတူ ကပြ တင်ဆက်ရတာတွေကို စိ...

လီယိုတော်(လ်)စတွိုင်း (Leo Tolstoy)

Image
လီယိုတော်(လ်)စတွိုင်း၏ ဘဝပုံရိပ် ငယ်ဘဝ             လီယိုတော်(လ်)စတွိုင်းကို ၁၈၂၈ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့တွင် ရုရှားနိုင်ငံ၊ ရက်(စ်)နရ ပိုလီယာနာမြို့တွင် မွေးဖွားခဲ့ပါတယ်။   ၁၈၃၀ မှာ အမေကွယ်လွန်ခဲ့ပြီး၊ ၁၈၃၇ မှာ အဖေကွယ် လွန်ခဲ့သောကြောင့် လီယိုဟာ ကလေးဘဝကတည်းက မိဘမေတ္တာ ငတ်ခဲ့သူပါ။ မိဘတွေဆုံးပါးသွားတဲ့အခါ အဒေါ်ဖြစ်သူက စောင့်ရှောက်ခွင့်ရခဲ့ပြီး၊ တစ်ခါထပ်မံ ပထမ အဒေါ်ဆုံးပါးတဲ့အခါ ဒုတိယအဒေါ်ဆီ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ ငယ်ဘဝမှာ အကြီးအကျယ် ဆုံးရှုံးမှုတွေ ကြုံခဲ့ပေမယ့် နောင်သူရေးသားခဲ့တဲ့ သူ့စာအုပ်တွေမှာ ကလေးဘဝရဲ့ မှတ်ဉာဏ်တွေကို တွေ့ခဲ့ရပါတယ်။             ပညာရေးနဲ့ဘဝ             အခြေခံပညာကို အိမ်မှာပဲ သင်ယူခဲ့ရသူပါ။ ၁၈၄၃ ခုနှစ်မှာ Kazan တက္ကသိုလ်မှာ ဘာသာစကားပညာရပ်ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကောင်းမွန်စွာမသင်ကြားနိုင်ဘဲ အဆင့်တွေ နိမ့်ကျခဲ့ပါတယ်။ အဲဒါကြောင့် လွယ်ကူမယ်ထင်တဲ့ ဥပဒေကို ပြောင်းသင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံ...