Posts

Showing posts from November, 2016

Donald Trump အကြောင်းတစေ့တစောင်း

Image
# Donald # Trump အကြောင်းတစေ့တစောင်း တစ်ပန်းသာခဲ့တဲ့ ငယ်ဘဝ ဒေါ်နယ်ဂျွန်ထရမ့်ကို ၁၉၄၆ ခုနှစ်၊ ဂျွန်လ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယော့(ခ်)မြို့၊ ကွင်း(စ်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အဖ ဖရက်ဒရစ်(ခ်) နှင့် အမိ မေရီမက် တို့က မွေးဖွားခဲ့ပြီး မွေးချင်း ငါးယောက်အနက် လေးယောက်မြောက်သားဖြစ်ပါတယ်။ အဖေဖြစ်သူ ဖရက်ဒရစ်(ခ်)ဟာ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ခွန်အားနဲ့ ဉာဏ်ရည် ကောင်းမွန်တဲ့ ကလေး တစ်ယောက်ဖြစ်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ်မှာ မိဘတွေက နယူးယော့(ခ်) တပ်မတော် အကယ်ဒမီ ကျောင်းကိုပို့ခဲ့ပါတယ်။ ရည်ရွယ်ချက်က ကျောင်းရဲ့ စည်းကမ်းချက်တွေဟာ သူတို့သားလေးရဲ့ ခွန်အားကို အပြုသဘောဆောင်ထိန်းကျောင်းစေနိုင်ဖို့ပါတဲ့။ မိဘတွေမျှော်မှန်းထားတဲ့ အတိုင်းပါပဲ . . . ကျောင်းတွင်းရေးရာနဲ့ လူမှုဆက်ဆံရေးမှာ အောင်မြင်တဲ့ ထရမ့်ဟာ ကျောင်းဂုဏ်ဆောင် အားကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူကျောင်းပြီးတဲ့ ၁၉၆၄ ခုနှစ်မှာတော့ ကျောင်းသားခေါင်းဆောင်ပါ ဖြစ်ခဲ့ပါတယ်။ နွေရာသီတွေရောက်တဲ့အခါမှာတော့ ထရမ့်ဟာ ဖခင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေထဲကို လိုက်ပါပြီး လေ့လာရင်း ကူညီလုပ်ကိုင...

ဂီတလမ်းကို ဖောက်ခဲ့သူတစ်ယောက် (သို့) သမိုင်းတွင်သည့် နိုဘယ်(လ်)ဆုရှင် Bob Dylan

Image
ငယ်ဘဝ တေးရေးဆရာ၊ အဆိုတော်၊ အနုပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဘော့ဒိုင်လန်ကို ၁၉၄၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း မင်နယ်ဆိုတာ ပြည်နယ်၊ ဒလု မြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကတော့ ရော့ဘတ်အလန် ဇင်မာမန်း ဖြစ်ပါတယ်။ ရော့(ခ်) ဂီတကြယ်ပွင့် အဲဗစ်ပလပ်စလေ၊ ဂျယ်ရီ လီး လူးဝစ်(စ်) တို့အပြင် သူ့ရဲ့ ငယ်ဘ၀ စန္ဒယား ဆရာရစ်ချက်တို့ရဲ့ လွှမ်းမိုးမှုကြောင့် ရော့(ခ်)ဂီတအပေါ်ရူးသွပ်လာခဲ့သူဖြစ်ပါတယ်။ အဲဒီအချက်ကပဲ ဝါသနာတူတွေစုပြီး တီးဝိုင်းလေးဖွဲ့ဖို့တွန်းအားပေးခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်၊ မင်နယ်ဆိုတာတက္ကသိုလ် မှာ ပညာသင်ကြား နေစဉ်အတွင်းမှာတော့ ရိုးရာတေးသီချင်းတွေနဲ့ အမေရိကန်ကျေးလက်တေး သီချင်းတွေကို သီဆိုခဲ့ပါတယ်။ ဂီလောက တစ်ပိုင်းတစ ၁၉၆၀ခုနှစ်အရောက်မှာတော့ ဘော့ဒိုင်လန်ဟာ ပညာရေးတစ်ပိုင်းတစနဲ့ပဲ မင်နယ်ဆိုတာ ကောလိပ်ကနေ ထွက်ပြီး နယူးယောက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ ရှေ့ဆောင်လမ်းပြ လို့သတ်မှတ်ထားသူဖြစ်တဲ့ ဝူဒီ ဂူသရီး ဟာ အာရုံကြောရောဂါနဲ့ ဆေးရုံတက် နေတာဖြစ်တဲ့ အတွက် ဘော့ဟာ ဆေးရုံကို ပုံမှန်သွားတွေ့ရင်းကနေ ကျေးလက် တေးဂီတ အဖွဲ့တွေနဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့ပါတယ်...